ဆိုင်တည်နေရာ မဟာဗန္ဓုလလမ်း၊ ၁၁ လမ်းထာင့်၊ e-City ဖုန်းဆိုင်ရဲ့ ဒုတိယထပ်မှာရှိပြီးတော့ ဖုန်းနံပါတ်အနေနဲ့ ၀၉ ၃၁၄၈၃၃၈၇ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန် ဆိုင်ဖွင့်ချိန်အနေနဲ့ နံနက် ၈း၃၀ ကနေ ည ၉ နာရီအထိ Daily Open ပိတ်ရက်မရှိ ဖွင့်ထားတယ်လို့သိရပါတယ်။ ဆိုင်ဖွင့်ဖြစ်ခဲ့ပုံနဲ့ ဆိုင်ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက် ဆိုင်ဖွင့်ဖြစ်ခဲ့ပုံနဲ့ပတ်သက်လို့ ဆိုင်တာဝန်ခံကိုနေလင်းအောင် က ' ဒီဆိုင်ရဲ့Founder က Australia ကပါ။ ဒီမှာခင်း ကျင်းထားတဲ့ Furniture တွေ၊ Counter တွေ၊ ဆိုင်ရဲ့အခင်း အကျင်းအားလုံးက သူ့ဒီဇိုင်းတွေပါ။ ဒီ Coffee Club က ဒီဖုန်းဆိုင်ရဲ့ ဖုန်း Service နေရာလေးပါ။ ဖုန်းဆိုင်ကိုလာတဲ့ Customer တွေလည်း သောက်လို့ရမယ်၊ တချို့Fore- ingner တွေလည်း လာပြီးသောက်လို့ရအောင် ရည်ရွယ်ပြီး ဖွင့်ဖြစ်သွားတာလို့ သိရပါတယ်။ သုံးဆောင်နိုင်တဲ့အစားအစာ သုံးဆောင်နိုင်တဲ့ အစားအစာအနေနဲ့ မုန့်ထဲမှာဆိုရင် ဟမ်ဘာဂါ၊ ကွတ်ကီး၊ ချောကလက်ကိတ်အပြင် မုန့်အမျိုးမျိုးကို သုံးဆောင်နိုင်ပြီးတော့၊ သောက်စရာတွေအနေနဲ့ Smoothie၊ Freshjuice ၊ နဲ့ Soft Drink တို့ကို သုံးဆောင်နိုင်တယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုပိုင်း ဝန်ဆောင်မှုပိုင်းအနေနဲ့ ကျွန်တော်တို့ရဲ့Customers တွေကို Wi-Fi Free လုပ်ထားပေးပါတယ်။ Every Weekend တိုင်းမှာလည်း Promotion အနေနဲ့ Coffee နဲ့ Cokkie Free လုပ်ထားပေးတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းသတ်မှတ်ချက် ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ အနိမ့်ဆုံးဈေးအနေနဲ့ Espresso မှာဆိုရင် ၁ç၄၀၀ အထိရှိပြီး၊ Food ထဲမှာ ဆိုရင် တစ်ထောင်၊ ဒါမှမဟုတ် လေးရာအပြင် ဈေးနှုန်းအမျိုးမျိုး ရှိပါတယ်။ ထူးခြားချက် ထူးခြားချက်အနေနဲ့ ဆိုင်ရဲ့အပြင်အဆင်ကို International Standard အညီလုပ်ထားပေးတာတွေ၊ စားစရာ သောက်စရာတွေကိုလည်း သန့်ရှင်းသပ်ရပ်စွာထားပြီး လာရောက်ကြတဲ့ Customers တွေအတွက် လိုအပ် ချက်မရှိ ပြီးပြည့်စုံ အောင် ဝန်ဆောင်မှုပေးတာတွေကတော့ ဒီဆိုင်ရဲ့ထူးခြားချက် တွေပါ။ အနာဂတ်အစီစဉ် Coffee Club ဆိုင်တွေကို နေရာအနှံ့ ဖွင့်လှစ်သွားဖို့ရှိပါ တယ်။ ကျွန်တော်တို့ရဲ့ e-City ဆိုင်တွေကလည်း နေရာ အနှံ့မှာရှိတော့ တွဲပြီးဖွင့်လှစ်သွားဖို့လည်း အစီအစဉ်ရှိတယ် ဆိုတာကို ပြောပြပါတယ်။