Deloitte ဆိုတာ . . .
Deloitte ဆိုတာ ကမ္ဘာမှာအကြီးဆုံး Professional Service Firm လေးခု (Big Four Firm) ထဲက တစ်ခုဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Big Four တွေကတော့ PwC ၊ KPMG ၊ E&Y နဲ့ Deloitte တို့ ဖြစ်ပါတယ်။ စတင်ခဲ့တာက ၁၈၄၀ ပြည့်နှစ်အကျော်ကဆိုတော့ သက်တမ်းက နှစ်ပေါင်းတစ်ရာကျော်သွားပါပြီ။ Deloitte ရဲ့ နာမည်အပြည့်အစုံကတော့ Deloitte Touche Tohmatsu Limited ဖြစ်ပြီး Headquarter က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိပါတယ်။ Deloitte ရဲ့ Founder က William Welch Deloitte ဖြစ်ပြီး လန်ဒန်မြို့၊ Basinghall လမ်းမှာ ရုံးခန်းစတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် Deloitte က နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှာ ရှိပါတယ်။ ဝန်ထမ်းအင်အား ၂၂၅,၄၀၀ ကျော် ရှိပါတယ်။ စလုပ်ခဲ့တာကတော့ Accounting ၊ Audit ၊ Management နဲ့ Professional Statistics အပိုင်းပါ။ နောက်ပိုင်းမှာတော့ Full Service Firm အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမြတ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅.၂ ဘီလီယံ ရခဲ့ပါတယ်။
Deloitte ကပေးနေတဲ့ Service တွေ . . .
ဝန်ဆောင်မှုပေးတဲ့အပိုင်းဆိုရင် ပုံမှန် Traditional ကတော့ Tax ၊ Audit နင့် Financial Service တို့ပါ။ နောက်တစ်ပိုင်းကတော့ Consulting Service ပါ။ အဲဒီအောက်မှာ အပိုင်းသုံးပိုင်းပါပါတယ်။ ပထမအပိုင်းက Strategy and Operation ပါ။ လုပ်ငန်းတွေရဲ့ နည်းဗျူဟာ၊ မဟာဗျူဟာ၊ လုပ်ငန်းတိုးချဲ့မယ့်အပိုင်းတွေ၊ လုပ်ငန်းတွေမှာ အမြတ်ငွေတွေပိုရဖို့ စတဲ့ ကုမ္ပဏီတွေရဲ့ Business ဆိုင်ရာတွေကို အကြံပေးပါတယ်။ နောက်တစ်ခုကတော့ ICT ပါ။ Technology ပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲတာတွေ (Modernization)၊ ဖန်တီးမှုပိုင်းဆိုင်ရာတွေ (Innovation) လုပ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ Human Capital ပါ။ HR Recruitment ကနေပြီးတော့ Performance Management တွေအထိ ပါဝင်ပါတယ်။ နောက်ပြီး Organization တွေ ဖွဲ့စည်းတဲ့အခါ Change Management တွေလုပ်ပေးတယ်။ Consulting မှာ အကြံပေးရုံတင်မဟုတ်ဘဲ ဝင်လုပ်ပေးတဲ့အပိုင်းပါ ဆောင်ရွက်ပေးပါတယ်။ နောက်ထပ် Service တစ်ခုကတော့ Financial Advisory Service ပါ။ ငွေရေးကြေး ရေးရင်းနှီးမြှုပ်နှံမှုတွေ၊ Stock ပိုင်းဆိုင်ရာတွေ၊ Valuation လို့ခေါ်တဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးသတ်မှတ်မှုတွေ လုပ်ပေးပါတယ်။ ကုမ္ပဏီတွေက Stock Exchange တွေမှာ တင်ချင်တယ်ဆိုရင်လည်း Corporate Finance ဆိုတဲ့ နောက်ထပ်ယူနစ်တစ်ခုနဲ့ ပေါင်းပြီးတော့ လုပ်ပေးတာတွေရှိတယ်။ အဲဒါတွေအပြင် Industry အလိုက် Specialize လုပ်တာရှိပါသေးတယ်။
World Client တွေ . . .
Deloitte USA ရဲ့ Client တွေဆိုရင် Fortune 100 လို၊ Asia Development Bank လို အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ များပါတယ်။ SME လို Client ကတော့ နည်းပါတယ်။
Deloitte က Professional တွေ . . .
Deloitee ရဲ့ အစဉ်အလာကတော့ တက္ကသိုလ်ကျောင်းကောင်းတွေကိုသွားပြီး စာတော်တဲ့ကျောင်းသားတွေကို Recruit တာများတယ်။ Accounting ၊ Finance စာတွေ ဖတ်ထားတဲ့သူတွေ၊ Engineering ပိုင်းက Consulting ကိုစိတ်ဝင်စားတဲ့သူတွေလည်းများတယ်။ MBA ဆင်းတွေလည်း ပါပါတယ်။ Big Four တွေရဲ့ သဘာဝအရ Career က In House Training တွေနဲ့ Step by Step တက်သွားတာများပါတယ်။ အပြင်က လာပြီးတော့ Experience နဲ့ ဝင်လာတဲ့သူက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။
Deloitte Global ရဲ့ Successful Stories တွေ . . .
Successful Stories တွေကတော့ အများကြီးရှိပါတယ်။ ဒီထဲကမှ Highlight လုပ်ချင်တဲ့အကြောင်းအရာက ၂၀၀၈ ခုနှစ်မှာ Financial Crisis ဖြစ်တဲ့၊ အိမ်ဈေးနှုန်းတွေ ပြုတ်ကျတဲ့အခါ အမေရိကန်အစိုးရရဲ့ Federal Insurance Deposit Coperation က Deloitte ကို ငှားပါတယ်။ Federal Insurance Deposit Coperation က ဘဏ်တွေကို Control လုပ်၊ Monitor လုပ်ပေးတဲ့အဖွဲ့အစည်းပါ။ အဲဒီအခါ Deloitte က ဘဏ်ပေါင်းနှစ်ရာကျော်ရဲ့ Historical Data တွေကို ပြန်လည်စိစစ်ပြီးတော့ အမေရိကန်အစိုးရကို ဘာကြောင့် Financial Crisis ဖြစ်တယ်၊ နောက်မဖြစ်အောင် ဘယ်လို Regulation တွေလုပ်ရမယ်၊ ကုမ္ပဏီတွေအပိုင်းက ဘာတွေလုပ်ရမယ်ဆိုတာကို ဖော်ထုတ်ရတယ်။ ဒီ Project က နှစ်နှစ်ကျော် ကြာပါတယ်။ ဒီဖော်ထုတ်နိုင်တဲ့ အချက်တွေကနေ အမေရိကန်အစိုးရက Rule အသစ်တွေ ချနိုင်တယ်။ Financial Crisis ကို Protect လုပ်နိုင်သွားတယ်။
တခြား Story တွေဆိုရင် အာဖဂန်နစ္စတန်မှာ ဝန်ကြီးဌာနဆိုင်ရာ Transition တွေကို Deloitte က လုပ်ပေးခဲ့တယ်။ နောက်ပြီး ၂၀၀၈ ခုနှစ်လောက်က ဆိုလို့ရှိရင် Adobe အတွက် လုပ်ခဲ့တယ်။ သူတို့ Business က Competition များနေတဲ့အချိန်မှာ ဘယ်လို Transform လုပ်မလဲ၊ ဘယ်လို Strategy တွေ ပြောင်းမလဲဆိုတာကို လုပ်ပေးခဲ့တယ်။
Organization Structure . . .
Deloitte မှာ ဒေသကြီးသုံးခုရှိပါတယ်။ Deloitte Gobal အောက်မှာ Deloitte US ၊ Deloitte Asia Pacific နဲ့ Deloitte Europe and Middle East တို့ဖြစ်ပါတယ်။ Deloitte Gobal ရဲ့ CEO ဖြစ်တဲ့ Punit Renjen ကတော့ အမေရိကားမှာပဲ ရုံးထိုင်ပါတယ်။ သူ့အောက်က ဒေသကြီးတွေသုံးခုအောက်မှာလည်း CEO တွေ အသီးသီးရှိပါတယ်။ အဲဒီအောက်မှာမှ Country Representative တွေရှိပါတယ်။ Asia Pacific မှာ မတူတာကတော့ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေထဲက ရှစ်နိုင်ငံပေါင်းကို Deloitte Southeast Asia အနေနဲ့ စာရင်းဝင်ထားပြီး Market တစ်ခုအနေနဲ့ ရပ်တည်ပါတယ်။ အဲဒီတော့ Deloitte Myanmar က Deloitte Southeast Asia ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိပါတယ်။ နိုင်ငံအလိုက် Country Managing Partner တွေရှိပါတယ်။ အဲဒီအောက်မှာ Finance Leader ၊ Consultant Leader စသဖြင့် သူ့ Function အလိုက် Leader တွေရှိပါတယ်။ Deloitte အဖွဲ့အစည်းက Partnership ဖြစ်တဲ့အတွက် Cooperation တွေနဲ့ မတူပါဘူး။ Business Analyst ၊ Management Anaylst ၊ Consultant ၊ Senior Consultant ၊ Manager ၊ Senior Manager ၊ Director ဆိုပြီး ခုနစ်ဆင့်လောက်ဖြတ်ပြီးရင် Partner ဖြစ်ပါတယ်။ Partner ဖြစ်ပြီဆိုရင် Firm ရဲ့ Equity ပိုင်ဆိုင်မှုတွေပါ ပါဝင်ပါတယ်။ ဒီအဖွဲ့အစည်းကြီးကို Partner တွေက ပိုင်တယ်ဆိုတဲ့ပုံစံနဲ့ သွားပါတယ်။
Deloitte အနေနဲ့ မြန်မာနိုင်ငံဝင်ရောက်ဖြစ်ပုံနဲ့ လက်ရှိပေးနေတဲ့ Service များ . . .
မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရတက်လာပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ပေးဝင်တဲ့အခါ Service ရဲ့ Client တွေလည်း လာကြတယ်။ အဲဒီအတွက် Deloitte လည်း မြန်မာနိုင်ငံကို ရောက်လာတယ်။ လာတဲ့အခါမှာ Local Firm နဲ့ ပူးပေါင်းဖို့လိုတဲ့အတွက် Myanmar Vigour ကို ရွေးခဲ့ပြီး အခုဆိုရင် Fully Partner တွေ ဖြစ်သွားပါပြီ။
စဝင်တဲ့အချိန်ကတည်းက ပုံမှန် Function တွေဖြစ်တဲ့ Tax ၊ Audit တို့အပါအဝင် Consulting ပါပေးရင်တော့ Market ဖြစ်နိုင်တယ်ဆိုပြီး Consulting ကိုပါ တစ်ခါတည်းပေးခဲ့တယ်။ စဖွင့်တဲ့နေ့ကတည်းက Service အကုန်ပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ မေလမှာ စတင်ဖွင့်လှစ်ခဲ့တယ်။ Deloitte US နဲ့ ပေါင်းပြီးတော့ Emerging Market တွေမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ World Bank တို့၊ AGD Bank တို့အတွက် Service တွေလည်း ပေးနေပါတယ်။
Deloitte Myanmar ရဲ့ အဓိကတာဝန်ယူထားသူများ . . .
Deloitte Myamar မှာ Country Managing Partner ဦးစိုးဝင်း၊ Financial Advisory Services ရဲ့ Partner ဦးအေးချိုနဲ့ Deloitte Consulting Southeast Asia ရဲ့ Country Partner ဦးချစ်ထွန်းဖေတို့က အဓိကတာဝန်ယူထားသူတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အဓိက International Client တွေ . . .
PG Telecom ၊ Toyota တို့က Global Client တွေပါ။ မြန်မာနိုင်ငံက Conglomerates တွေဆိုရင် Max Group အတွက် Audit ပိုင်းလုပ်ပေးပါတယ်။ Consulting လုပ်ပေးတာဆိုရင် Yatanarpon Teleport ပါပါတယ်။ အစိုးရပိုင်းပရောဂျက်တွေဆိုရင် USAID က Ministry of Livestock and Fishery နဲ့ ပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ Agriculture Development Plan လုပ်ပေးတာရှိတယ်။ YESD ကိုလည်း YESC ဆိုပြီး Corporatization လုပ်ပါတယ်။ လက်ရှိ Ministry of Electric Power ရဲ့ Public-Private Partnership လုပ်ငန်းတွေမှာလည်း Framework တစ်ခု ချပေးတာရှိတယ်။ အဓိကကတော့ ၅၀ ရာခိုင်နှုန်းက အစိုးရနဲ့ ပတ်သက်တဲ့ Project တွေဖြစ်ပါတယ်။ နောက်ထပ် ၃၀-၄၀ ရာခိုင်နှုန်းကတော့ International Client တွေရဲ့ အလုပ်တွေဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းလောက်ပဲ Local Project တွေရှိပါတယ်။
မြန်မာနိုင်ငံက Project တွေထဲက Highlight လုပ်ချင်တဲ့ Successful Project ဆိုရင် . . .
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြောင်းလဲဖို့အတွက် နံပါတ်တစ်အနေနဲ့ ဘာအခက်အခဲတွေရှိနေလဲ။ ဘာ Opportunity တွေရှိနေလဲ။ အစိုးရဘက်က ဘယ်လိုပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လိုအပ်သလဲ။ ပုဂ္ဂလိကကဏ္ဍကနေ ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်အောင် ဘယ်လိုလုပ်ရမလဲ စတဲ့အချက်တွေကို လေးလခွဲလောက် အချိန်ယူပြီး လေ့လာခဲ့တယ်။ အစိုးရဌာနပိုင်းတွေကတော့ မွေးမြူရေးနဲ့ရေလုပ်ငန်း၊ Rural Development ၊ National Planning တို့ပါပါတယ်။ တောင်သူလယ်သမား အဖွဲ့ချုပ်တို့နဲ့ ထိတွေ့ပြီး လက်တွေ့ဖြစ်နေတဲ့ ပြဿနာတွေကို ကွင်းဆင်းလေ့လာပြီး ဘယ်လို Reform လုပ်ရမလဲဆိုတာကို အစိုးရကို အကြံပေးခဲ့ပါတယ်။ ဒီ Project က မြန်မာနိုင်ငံ Opportunity အတွက် ထိရောက်တဲ့ ရလဒ်တွေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
Deloitte အနေနဲ့ မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ Marketing Strategy . . .
မြန်မာနိုင်ငံမှာ စတဲ့အချိန်မှာ သုံးယောက်ပဲရှိပါတယ်။ မြန်မာနိုင်ငံမှာ Focus လုပ်တာကတော့ Strategy and Operation ပါ။ Market Alignment နဲ့ Market Strategy ကို အဓိကလုပ်ရပါတယ်။ နောက်ပြီး ကျွန်တော်တို့ ဘာ Project ပဲလုပ်လုပ်၊ Consultant တွေခေါ်ရတယ်။ ဒီ Cost တွေက တအားတက်တဲ့အတွက် Sustainable မဖြစ်ပါဘူး။ ဒါကြောင့် Local Development ဖြစ်ဖို့ Talent Management လုပ်ရပါတယ်။ ဒါကြောင့် နံပါတ်နှစ်က Cost Structure ကို Sustainable ဖြစ်ဖို့ Maintain လုပ်ရတာပါ။ နံပါတ်သုံးကတော့ Deloitte ကို Branding နဲ့ Positioning လုပ်ရတာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ အသုံးချလို့ရမယ့် White Paper တို့၊ Seminar တို့ လုပ်ပါတယ်။
မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ Challenge တွေ . . .
Myanmar Accounting Council ကနေထုတ်လိုက်တဲ့ ဥပဒေတွေက Big Four Firm တွေကို ကန့်သတ်လာတာတွေ ရှိပါတယ်။ ဥပဒေမှာ Management Consulting လုပ်မယ်ဆိုရင် အစိုးရက သတ်မှတ်ထားတဲ့အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်လိုတယ်။ ပြည်တွင်းနဲ့ မပေါင်းရဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးတွေ လုပ်လာတယ်။ Audit ပိုင်းမှာဆိုရင်လည်း လက်မှတ်ထိုးလို့မရဘူး။ Deloitte ကို ကိုယ်စားပြုပြီးတော့လည်း Local Audit က လက်မှတ်ထိုးလို့မရဘူး။ ဒီဥပဒေပိုင်းက တော်တော် Challenge ဖြစ်ပါတယ်။
Deloitte Myanmar ရဲ့ အနာဂတ်အစီအစဉ် . . .
နံပါတ်တစ် စိတ်ဝင်စားတာကတော့ Human Resource Development ပါ။ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ အတော်ဆုံးလူငယ်တွေ၊ အလုပ်လုပ်ချင်သူတွေကို Professinal Standard မြင့်လာနိုင်အောင် လုပ်ချင်ပါတယ်။ နံပါတ်နှစ်အစီအစဉ်ကတော့ Technology Practice ပါ။ မြန်မာနိုင်ငံက နည်းပညာဆိုင်ရာတွေမှာကို ချဲ့ဖို့အတွက်ပါ။ ဒီလိုချဲ့နိုင်တဲ့အခါ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း များလာမယ်။ ဒီလိုလုပ်ရင် နောက်သုံးလေး ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံ Project တင်မကဘဲ နိုင်ငံတကာ Project အထိပါလုပ်နိုင်မယ်။ နံပါတ်သုံးကတော့ Nation Building ပါ။
နန္ဒာနေဝင်း
Deloitte Consulting Southeast Asia ၏ Country Partner ဦးချစ်ထွန်းဖေကို ကျေးဇူးတင်ရှိပါသည်။