အလှအပတွေကို ဂရုစိုက်လာကြတဲ့ ခေတ်ကြီးထဲမှာ အလှအပထိန်းသိမ်းချင်တဲ့ လူတွေအတွက်ပါဆိုတဲ့Spa De L'amour အကြောင်းကို Spa De L'amour ရဲ့ Business Coordinator မမေပိုးဖြူနဲ့ဆုံခိုက် မေးမြန်းခဲ့တာတွေကို မိတ်ဆက်ဖော်ပြလိုက်ပါတယ်။
ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက် . . .
အခုခေတ်ကြီးထဲမှာ လူတိုင်းက အလှအပကို ဂရုစိုက်လာကြပါပြီ။ လူတိုင်းကလည်း ကိုယ့်ကိုယ်ကိုယ် လှလှပပ ထိန်းထိန်းသိမ်းသိမ်း နေလာကြတယ်။ ဒါကြောင့် ကျွန်မတို့ပတ်ဝန်းကျင်က မိတ်ဆွေတွေနဲ့အတူ အလှအပကြိုက်တဲ့ လူတွေအားလုံးအတွက် ရည်ရွယ်ပြီး Spa De L'amour ကို ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်။
ဆိုင်လိပ်စာနဲ့ ဆက်သွယ်နိုင်မယ့်ဖုန်းနံပါတ် . . .
Spa De L'amour ရဲ့လိပ်စာက အမှတ် ၁၃၇ (ဃ)၊ သံလွင်လမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာဖြစ်ပါတယ်။ အသေးစိတ်ဆက်သွယ်စုံစမ်းချင်ရင်တော့ ၀၁ ၅၃၅၈၈၂၊ ၀၉ ၇၈၀၀၀၁၄၀၁၊ ၀၉၇၈၀၀၀ ၁၄၀၂ တို့ကို ဆက်သွယ်နိုင်ပါတယ်။ www.facebook.com/Spa De L'amour ကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
မနက် ၉ နာရီကနေ ည ၇ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
ရရှိနိုင်တဲ့ဝန်ဆောင်မှုတွေက . . .
Spa De L'amour က Spa နဲ့ Saloon တွဲထားတာပါ။ Spa မှာ Facial ၊ Manicure Pedicure ၊ Body Treatment တွေရပါတယ်။ Hair Service မှာတော့ Cutting ၊ Shampoo ၊ Blow Dry နဲ့ Treatment တွေရပါတယ်။ Body Treatment မှာ Body Wrap နဲ့ Body Scrub ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Body Wrap မှာမှ Slim ၊ Whitening ၊ Firming အတွက်ဆိုပြီး ရွေးချယ်စရာ အမျိုးအစားတွေ ရှိပါတယ်။
ဈေးနှုန်းတွေက . . .
Facial ဆိုရင်တော့ အနည်းဆုံးကျပ်ခြောက်သောင်းကနေ အများဆုံး ကျပ် ၁၃၀,၀၀၀ အထိ ရှိပါတယ်။ Body Treatment ဆိုရင် ကျပ်တစ်သိန်းကနေ ၁၅၀,၀၀၀ အထိ ရှိပါတယ်။ Hair Cutting အတွက်က ကျပ်နှစ်သောင်းဝန်းကျင်ရှိပါတယ်။ Hair Treatment ကတော့ ကျပ်နှစ်သောင်းကနေ ကျပ် ၇၅,၀၀၀ လောက်အထိ ရှိပါတယ်။
အသုံးပြုတဲ့ပစ္စည်းတွေ . . .
ဆိုင်စဖွင့်ကတည်းက Decleor Paris ပစ္စည်းတွေကိုပဲ သုံးခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ YonKa ကိုလည်း သုံးပါတယ်။ Hair အတွက်ကတော့ L'oréal Professional နဲ့ Revlon Professional တွေသုံးပါတယ်။
ဝန်ထမ်းထားရှိမှုအပိုင်း . . .
Hair Service အတွက် Hair Dresser သုံးယောက်ရှိပါတယ်။ အဲဒီအပြင် ထိုင်းနိုင်ငံက Hair Dresser တစ်ယောက်လည်း ခေါ်ထားပါတယ်။ သူကတစ်လကို သုံးရက်ပဲ လာပေးနိုင်လို့ သူနဲ့ဆံပင်ညှပ်ချင်တယ်ဆိုရင်တော့ ကြိုတင် Reserve လုပ်ရပါတယ်။ ပြီးတော့ Spa De L'amour ရဲ့ Creative Director မဝင်းဝင်းမာက Spa နဲ့ပတ်သက်တဲ့ပညာတွေကို ပြင်သစ်မှာ လေ့လာသင်ယူခဲ့ပြီး ဒီလောကမှာကျင်လည်ခဲ့တာ နှစ်နှစ်ဆယ်ရှိပါပြီ။ လက်ရှိကျွမ်းကျင်ဝန်ထမ်းတွေကိုလည်း စနစ်တကျသင်ကြားထားကာ Well Trained ဖြစ်ပြီးသူတွေဖြစ်ပါတယ်။
လူကြိုက်များတဲ့ ဝန်ဆောင်မှုတွေဆိုရင် . . .
ပုံမှန်ကတော့ Facial ပိုင်းအတွက် လာကြတယ်။ Hair Treatment ၊ Body Treatment တွေလည်း ကြိုက်ကြပါတယ်။
သြင်္ကန်အတွက် Promotion . . .
မတ်လ ၁ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ နှစ်လတိတိ ဝန်ဆောင်မှုအားလုံးအတွက် ၁၅ ရာခိုင်နှုန်း Discount ပေးသွားမယ်။ သြင်္ကန်မတိုင်ခင်မှာ ဆံပင်ဆေးဆိုးတာနဲ့ ဆံပင်ညှပ်၊ ပုံသွင်းတာတွေကို ဦးစားပေးလုပ်ပေးသွားမှာဖြစ်ပြီး သြင်္ကန်ပြီးသွားရင်တော့ သြင်္ကန်လည်ရင်း အသားအရေ ပျက်စီးသွားတဲ့သူတွေအတွက် Treatment တွေကို အဓိကထားလုပ်ပေးသွားမယ်။
အများဆုံးလာတဲ့ ဧည့်သည်တွေက . . .
နိုင်ငံခြားသားဧည့်သည်တွေလည်း လာကြပါတယ်။ ဆိုင်ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေက နိုင်ငံခြားသားတွေနဲ့ လူလတ်ပိုင်းအရွယ်အမျိုးသမီးတွေ အလာများပါတယ်။
အနာဂတ်အစီအစဉ် . . .
Spa De L'amour ကို ဒီထက်ပိုပြီး လူတွေသိလာဖို့ ကြိုးစားသွားပါမယ်။ နောက်ထပ်လည်း ပစ္စည်းအသစ်တွေနဲ့အတူ ဝန်ဆောင်မှုအသစ်တွေလည်း ထပ်ပေးသွားဖို့ရှိတယ်။ နောက်ထပ်ဆိုင်ခွဲတွေ ဖွင့်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။