De Conquerors International ( DCI ) ရဲ့ CEO Leslie Chua

02 post picccc အာဆီယံနိုင်ငံတွေထဲမှာဆိုရင် စင်ကာပူနိုင်ငံကထုတ်ကုန်တွေဟာ မြန်မာနိုင်ငံမှာ သိပ်မတွင်ကျယ်သေးဘဲ ထိုင်းနိုင်ငံက ထုတ်ကုန်တွေကတော့  မြန်မာနိုင်ငံမှာ ဈေး ကွက်နေရာရပြီးသား ဖြစ်ပါတယ်။ DCI ဟာ စင်ကာပူအခြစိုက်လုပ်ငန်းငန်းဖြစ်ပြီး ယခုအချိန်မှာတော့ မြန်မာနိုင်ငံဈေး ကွက်မှာ နေရာရဖို့ ကြိုးပမ်းလာတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။DCI ရဲ့CEO ဖြစ်သူ Mr Leslie Chua  နဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို ဖော်ပြပေးလိုက်ပါ တယ်။   မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့လုပ်ငန်းအကြောင်း ပြောပြပေးပါ။ လက်ရှိကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ DJ2  လို့ခေါ်တဲ့ လုပ်ငန်းခွဲတစ်ခုထားရှိပါတယ်။ အဓိက အနေနဲ့ Hair Care Saloon  ထုတ်ကုန်တွေကို ဖြန့်ဖြူးရေးလုပ်ပါ တယ်။ မိခင်ကုမ္ပဏီကတော့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ DCI (De Conquerors International)  ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက စီးပွားရေးအခွင့်အလမ်းအသစ်တွေ ပေါ်ပေါက်လာတဲ့အတွက် လာရောက်လုပ်ကိုင်ရခြင်း ဖြစ်ပါတယ်။   မြန်မာနိုင်ငံဈေးကွက်ထဲကို မဝင်ရောက်ခင်မှာ ကိုယ့်ရဲ့ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ဈေးကွက်လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါသလား။ ကျွန်တော်တို့ မြန်မာဈေးကွက်ထဲကို မဝင်ရောက် လာခင် ခြောက်လလောက်ကတည်းက ဒီမှာရှိတဲ့ ဈေးကွက်၊ ထုတ်ကုန်အနေအထားတွေနဲ့ ပတ်သက်ပြီး လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ သိလာရတာကတော့ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေက မြန်မာနိုင်ငံဈေးကွက်မှာ အသစ်ဖြစ်နေပြီး ကျွန်တော်တို့အတွက် ဈေးကွက်အခွင့်အလမ်းတွေ ရလာမယ်လို့ မျှော်လင့်ပါတယ်။   မြန်မာနိုင်ငံမှာ Hair Care  နဲ့ပတ်သက်ပြီး  အခြားထုတ်ကုန်တွေ အများကြီးရှိနေတဲ့အတွက် ဈေးကွက်မှာ ဘယ်လိုယှဉ်ပြိုင်ဖို့ စဉ်းစား ထားသလဲ။ အောင်မြင်မယ်လို့ ထင်ပါသလား။ ကျွန်တော်တို့အနေနဲ့ မြန်မာဈေးကွက်မှာ ယှဉ်ပြိုင် မှုတွေကြုံတွေ့ရမယ်လို့ မျော်လင့်ထားပါတယ်။ ကျွန်တော် တို့ရဲ့ထုတ်ကုန်က ဒီဈေးကွက်မှာ လုံးဝအသစ်နီးပါးဖြစ်တဲ့ အတွက် ဈေးကွက်အနေအထားနဲ့ ပတ်သက်ပြီး လေ့လာနေဆဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေဖြန့်ဖြူးရေးအတွက် ပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံသားတွေရော ကျွန်တော်တို့ပါ အာရှသားတွေဖြစ်တဲ့အတွက် ကုန်ပစ္စည်း သုံးစွဲမှုပိုင်းမှာ Taste  က တော်တော်လေးကို တူညီတဲ့ အတွက် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေ ဒီမှာအောင်မြင်မှုရရှိမယ်လို့ ယုံကြည်ထားပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားဖက်ရှာဖွေပြီး ပူးပေါင်းလုပ်ကိုင်နိုင်ဖို့လည်း အခွင့်အလမ်းရှာနေပါတယ်။   DCI ရဲ့ လူမှုရေးလုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ ကျွန်တော်တို့ အခြားနိုင်ငံတွေမှာ Charity Program   တွေ လုပ်ခဲ့သလို မြန်မာနိုင်ငံမှာလည်း ဆောင် ရွက်သွားမှာပါ။  ကျွန်တော်တို့ ဒီမှာ စီးပွားရေးအကျိုးအမြတ် အတွက် လာရောက်လုပ်ကိုင်တာဖြစ်သလို ဒေသခံတွေအတွက်လည်း အကျိုးဖြစ်ထွန်းစေမယ့် ကူညီထောက်ပံ့မှုအစီအစဉ်တွေကို ပြုလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။   DCI  ရဲ့ အနာဂတ်အစီအစဉ်က ဘာပါလဲ။ DCI Trading   ကုမ္ပဏီကနေတစ်ဆင့် အာရှနိုင်ငံတွေကထုတ်ကုန်တွေကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို ပထမဆုံးအနေနဲ့ တင်သွင်းသွားမှာဖြစ်ပြီး နောက်ပိုင်း မှာ မြန်မာနိုင်ငံရဲ့ ကျန်တဲ့ဒေသတွေကို ဖြန့်ဖြူးသွားဖို့ စီစဉ်ထားပါတယ်။   မြန်မာနိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လိုမြင်ပါလဲ။ မြန်မာနိုင်ငံဟာ တစ်ချိန်က အာရှတစ်ခွင်မှာ အင်အားတောင့်တင်းခဲ့သလို အနာဂတ်မှာလည်း အာရှရဲ့အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်ပါတယ်။

အယ်ဒီတာအဖွဲ့