ဒေါက်တာဒေါ်သက်သက်ခိုင် (Managing Director-Pun Hlaing Siloam Hospitals Group)

ပထမဆုံး JCIA လတ်မှတ်ရ နိုင်ငံအဆင့်မီဆေးရုံဖြစ်တဲ့ Pun Hlaing Siloam ဆေးရုံရဲ့ Managing Director ဖြစ်သူ ဒေါက်တာဒေါ်သက်သက်ခိုင်ကို ပန်းလှိုင်ဆေးရုံအကြောင်း စုံစုံလင်လင်မေးမြန်းခဲ့ပါတယ်။

drthetthetkhaing1

လက်ရှိတာဝန်ယူထားတဲ့အပိုင်းနဲ့ ပညာရေးနောက်ခံ

---------------

ကျွန်မက Pun Hlaing Siloam Hospitals Group ရဲ့ Managing Director အနေနဲ့ တာဝန်ယူလုပ်ကိုင်နေပါတယ်။ ၁၉၉၃ ခုနှစ်မှာ MBBS ပြီးခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ပထမဆုံး Government Service Posting က ပုသိမ်ဆေးရုံမှာ ကျပါတယ်။ အဲဒီမှာ တစ်နှစ်လောက်ကြာပြီး ရန်ကုန်စည်ပင်သာယာရေးကော်မတီကို ပြောင်းရွေ့ခဲ့တယ်။ ကျွန်မက Eye Surgeon ဖြစ်ချင်ခဲ့ပေမယ့် Public Health လုပ်တဲ့ရုံးကို ရောက်သွားတာကြောင့် အဲဒီခေတ်ကာလက Clinical Subject တွေကိုဖြေခွင့်မပေးခဲ့ဘူး။ အဲဒါကြောင့် ကျွန်မက Master ဘွဲ့ကို Microbiology ဖြေခဲ့ရတယ်။ Government Service မှာ ရှစ်နှစ်လုပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ကိုယ့်ရဲ့ Speciality ဖြစ်တဲ့ Microbiology ကို လုပ်ခွင့်မရခဲ့ပါဘူး။ အကြိမ်ကြိမ်ကြိုးစားပေမယ့် လုပ်ခွင့်မရတာကြောင့်နောက်ဆုံးမှာ အလုပ်ကထွက်ခဲ့ပါတယ်။

နောက်တော့ Pun Hlaing International Hospital မှာ အလုပ်သွားလျှောက်ခဲ့တယ်။ Microbiologist Post ကို လျှောက်ခဲ့ပေမယ့် အဲဒီ Post မရှိဘူး။ ဒါပေမယ့် ကျွန်မကို ဆရာကြီးတစ်ယောက် ဒီဆေးရုံမှာ Pharmacy Manager ရဲ့ Microbiologist Post နဲ့ လုပ်ပေးဖို့ဆက်သွယ်လာတယ်။ စလုပ်ဖြစ်ပြီးနောက် CEO က ကျွန်မကို Administration Position ဘက်ကို တဖြည်းဖြည်းဆွဲခေါ်လာတယ်။ ကျွန်မ Position မျိုးစုံ၊ Department ပေါင်းမျိုးစုံမှာ အလုပ်လုပ်ရင်း တော်တော်လည်း လေ့လာခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပန်းလှိုင်ဆေးရုံက အင်ဒိုနီးရှားမှာရှိတဲ့ Lippo Group နဲ့ ပူးပေါင်းပြီး ပန်းလှိုင်စီလုံဆေးရုံဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ပန်းလှိုင်စီလုံ ဆေးရုံဖြစ်တဲ့အချိန် Organization Structure တွေ စပြီးပြောင်းလဲချိန်မှာ ကျွန်မကို Managing Director အဖြစ် ရာထူးတိုးပေးခဲ့ပါတယ်။

drthetthetkhaing2

ပန်းလှိုင်စီလုံအကြောင်းလည်း ပြည့်ပြည့်စုံစုံပြောပြပေးပါ

--------------

Pun Hlaing International Hospitals က ၂၀၀၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနဲ့ပေါင်းပြီး Pun Hlaing Siloam Hospials ကို ၂၀၁၄ ခုနှစ်မှာ ပြောင်းလဲခဲ့ပါတယ်။ အဲဒီမှာ ကျွန်မတို့တွေက Vision တွေကိုလည်း စချခဲ့ရတယ်။ ကျွန်မတို့ရဲ့ပထမဆုံး Vision ဖြစ်တဲ့ နိုင်ငံတကာအဆင့်မီ ဆေးရုံတစ်ရုံဖြစ်ဖို့အတွက် USA ကနေ JCIA Certificate ရဖို့အတွက် ၂၀၁၄ ခုနှစ်ကတည်းကစပြီး Protocol တွေ၊ Policy တွေကို အားလုံးပြင်ပြီး ကြိုးစားခဲ့ကြတယ်။ အခု ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကနေစပြီး အမေရိကားနိုင်ငံကပေးတဲ့ JCIA ကိုရခဲ့ပါတယ်။ ကျွန်မတို့ဆေးရုံက အခုလက်ရှိ မြန်မာနိုင်ငံမှာတော့ JCIA လက်မှတ်ရ ပထမဆုံးဆေးရုံတစ်ခုဖြစ်ပါတယ်။

ဒုတိယ Vision က ကျွန်မတို့ဆေးရုံက ရန်ကုန်မှာပဲရှိနေတာမဟုတ်ဘဲ မြန်မာနိုင်ငံတစ်နှံတစ်ပြားမှာ ရှိနေဖို့အတွက် ရည်ရွယ်ပါတယ်။ နောင်ခုနစ်နှစ်မှာ ဆေးရုံဆယ်ရုံထပ်ဖွင့်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ အခုဆိုရင် အိုးအိမ်ဦးစီးဌာနရုံးချုပ်ကြီးရဲ့ဘေးမှာ ပန်းလှိုင် Clinic ရှိပါတယ်။ ပြီးတော့ Star City၊ ညောင်ရွှေ၊ မန္တလေးမြို့ ၇၃ နှင့် ၃၁-၃၂ လမ်းကြားမှာလည်း ပန်းလှိုင်စီလုံဆေးရုံရှိပါတယ်။ အခုဆိုရင် ဖွင့်ထားတာ ငါးနေရာရှိပြီပေါ့။ ဆက်လက်ပြီး ကျန်တဲ့မြို့တွေမှာလည်း ဖွင့်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။

တတိယ Vision ကတော့ Scale ပါ။ အားလုံးလည်းသိတဲ့အတိုင်း အရင်တုန်းကဆိုရင် ပန်းလှိုင်ဆေးရုံက ချမ်းသာတဲ့သူတွေကိုပဲ ဦးတည်တဲ့ဆေးရုံလို့ပဲ သိထားကြတာပါ။ အဲဒီခေတ်ကာလမှာ ထိုင်းမှာရှိတဲ့ဆေးရုံကနေ သူတို့ရဲ့ Management ကို ယူတာကြောင့် Pricing Policy တွေကအစ အဲဒါတွေကိုပဲယူတာကြောင့် ဆေးရုံရဲ့ ဈေးနှုန်းကကြီးတယ်လို့ ဖြစ်သွားပါတယ်။ နောက်ပိုင်းကျတော့ ဒါဟာမဟုတ်ပါဘူးဆိုတာကိုပြဖို့အတွက် လူတန်းစားမရွေး သူတို့တတ်နိုင်တဲ့အနေအထားကို ရွေးလို့ရအောင် ၁၅,၀၀၀ ကျပ် Hall Type ကနေ ၁၅၀,၀၀၀ ကျပ်အထိ စီစဉ်ပေးထားပါတယ်။ ၁၅,၀၀၀ ကျပ်ဆိုတာကလည်း ဆေးရုံရဲ့ဆရာဝန် Round Fee တွေ၊ Basic Nursing Care တွေ၊ လူနာကိုထမင်းကျွေးတယ်၊ Laundry Service၊ သန့်ရှင်းရေးကအစ အားလုံးအပြီးအစီးကိုမှ Room Charge ဆိုပြီး ပေးရတာပါ။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်အတိုင်း လူတန်းစားမရွေးတက်ရောက်နိုင်ဖို့ ဦးတည်ချက်ကို အကောင်အထည်ဖော်နေပါတယ်။

ပြီးတော့ ဝန်ထမ်းတွေအားလုံးကို လမ်းညွှန်တွန်းအားပေးနေတဲ့အပြင် လိုက်နာဖို့ပြောနေတာက Godly Compassion ပါ။ ကိုယ့်ဆီကိုအားကိုးပြီးလာတဲ့ လူနာတွေအားလုံးကိုမေတ္တာ၊ စေတနာ၊ ကရုဏာနဲ့ ကိုယ်ချင်းစာတရားထားပြီး ပြုစုစောင့်ရှောက်ပေးဖို့ပါ။ ဒါကတော့ ကျွန်မတို့အတွက်အဓိကကျပါတယ်။ ဒါကိုဝန်ထမ်းကိုလည်း Drive လုပ်နေပါတယ်။ လူနာတွေကို လုံခြုံစိတ်ချမှုရရှိအောင် လုပ်ပေးချင်လို့ပါပဲ။

ကျွန်မတို့ဆေးရုံရဲ့ ထူးခြားချက်တစ်ခုကတော့ အချိန်ပြည့် Specialist ဆရာဝန်ကြီး ၅၅ ယောက်ရှိပါတယ်။ ဆရာဝန်ကြီးတွေအားလုံးကလည်း အရည်အချင်းအပြည့်အဝရှိကြတယ်။ ရောဂါတစ်ခုကို ကုတော့မယ်ဆိုရင်လည်း Team နဲ့ ကုသကြတယ်။ ကျွန်မတို့ဆေးရုံမှာက Full Time Specialist Model ပုံစံနဲ့သွားတယ်။ ဆရာဝန်ကြီးတွေကိုလည်း အချိန်ပြည့်လုပ်ပေးဖို့အတွက်ကိုလည်း တောင်းဆိုတယ်။ ဒါကတော့ ကျွန်မတို့ရဲ့ အားသာချက်တစ်ခုပါ။

ကျွန်မတို့ဆေးရုံမှာ Department တွေလည်း အများကြီးရှိသလို ကော်မတီတွေလည်း အများကြီးရှိပါတယ်။ ပြီးတော့ ကျွန်မတို့ဆေးရုံမှာလာလုပ်တဲ့ ဆရာဝန်ကြီးအားလုံးက JCIA Standard ကို လိုက်နာရမယ်။ JCIA ကလည်း Patient Safety ပေါ်မှာပဲ ဦးတည်ထားတာဖြစ်တယ်။ တစ်ခါတလေမှာ ဒီမှာလုပ်လေ့လုပ်ထ မရှိတာတွေ ကိုလုပ်ရတဲ့အခါ ဆရာဝန်ကြီးတွေကအစ ကျွန်မတို့ကို အထင်မှားကြတယ်။ ဒါပေမယ့်လည်း ဆရာဝန်ကြီးတွေနဲ့နှီးနှောတိုင်ပင်ပြီး ရအောင်လုပ်ခဲ့လို့ ကျွန်မတို့ JCIA ကိုရခဲ့တာပါ။ JCIA စစ်ဆေးမှုမှာ ၉၇ ရာခိုင်နှုန်းက သတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီးတော့ကျန်တဲ့ ၃ ရာခိုင်နှုန်းကလည်း ဆေးကုသမှုနဲ့ မသက်ဆိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ အခုထက်ထိလည်း ကြိုးစားနေရတုန်းပါပဲ။

Professional တွေကိုခန့်ထားမှုအပိုင်းက

---------------

ကျွန်မတို့ ဆရာဝန်တွေကို ခန့်ထားတဲ့အခါ Resident Medical Officer (RMO) ဆိုရင်အနည်းဆုံး MBBS ပြီးရမယ်။ ပြီးတော့ ဆမသက်တမ်းရှိရမယ်။ ဆမက Valid ဖြစ်နေရမယ်၊ Up to Date ဖြစ်နေရမယ်။ နိုင်ငံခြားကနေ ဘွဲ့ရမှခန့်ထားတာမျိုးတော့ မဟုတ်ပါဘူး။

အရင်ပန်းလှိုင်ဆေးရုံနဲ့ ယခုလက်ရှိပြောင်းလဲလာတာတွေက

----------------------

ကျွန်မတို့ဆေးရုံက တကယ်တမ်းပြောရရင် မြို့ပြင်နည်းနည်းရောက်တော့ ဆရာဝန်ကြီးတွေဆိုရင်လည်း ခေါ်ရတာ တအားခက်ပါတယ်။ ချမ်းသာတဲ့သူတွေကိုပဲ ဦးတည်တယ်လို့ ပြည်သူကထင်နေတော့ အဲဒီစဖွင့်တဲ့အချိန်တုန်းက လူနာကလည်းနည်းတယ်။ လူနာကနည်းတော့ ဆရာဝန်ကြီးတွေကလည်း သွားလာဖို့ အချိန်ပေးရတာနဲ့မမျှတော့ မလာချင်ကြတော့ဘူး။ ဒီလိုလည်ပတ်နေရင်တော့ ဝန်ထမ်းလေးရာကျော်ကို လစာပေးဖို့ကမဖြစ်နိုင်တော့ဘူး။ နိုင်ငံရဲ့ Hospital Standard ရှိတဲ့ ဆေးရုံတစ်ရုံကို ပိတ်လိုက်ရဖို့ဆိုတာကလည်း နှမျောဖို့ကောင်းတယ်။ အဲဒီတော့ မဖြစ်တော့ဘူး Strategy ကိုပြောင်းရမယ်ဆိုပြီး စပြောင်းခဲ့ကြတယ်။ စစချင်း ဘာကိုပြောင်းလဲလိုက်လဲဆိုတော့ အဲဒီအချိန်ကတည်းက နိုင်ငံခြားမှာ ဆေးသွားကုတာကစနေကြပြီ။ အဲလိုစတဲ့အချိန်မှာ ကျွန်မတို့က နိုင်ငံခြားကဆရာဝန်ကို ဒီကိုခေါ်နိုင်ရင် မြန်မာပြည်က ပြည်သူတွေ နိုင်ငံခြားကိုတချို့သော Procedure တွေအတွက် သွားစရာမလိုတော့ဖူး။ ကိုယ့်နိုင်ငံကငွေတွေ အပြင်မထွက်တော့ဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံခြားက ဆရာဝန်တွေကို စပြီးခေါ်ပါတယ်။ အဲဒီလိုလုပ်ရင်း ၂၀၀၈ ခုနှစ်မှာ နိုင်ငံခြားသားဆရာဝန်တွေရဲ့ Program တွေက ၁၂ ခုလောက်ထိ Service ပေးလာနိုင်တယ်။ အဲဒီအချိန်မှာ လူနာတွေကလည်း ဒီဆရာဝန်ကိုပြချင်တော့ ဒီဆေးရုံကို လာကြတယ်။ အဲဒီလိုလာရင်း ကျွန်မတို့ရဲ့ Service ကို လူတွေကသိလာကြတယ်။ ၂၀၀၅ ခုနှစ်လောက်ကတည်းက အာရုံစိုက်လိုက်တဲ့ Service က ကလေးမီးဖွားတာပါ။ ၂၀၀၅ ခုနှစ်မှာ ပန်းလှိုင်ဆေးရုံရဲ့ ကလေးမီးဖွားခြင်း အစီအစဉ်ကိုပြည်သူတွေက သိလာကြတယ်။ ကျွန်မတို့က သူများနဲ့မတူအောင် Package ကို Create လုပ်တယ်။ ကလေးလေးတွေကို လက်ဆောင်ပေးတယ်။ ကျွန်မတို့ဆေးရုံမှာရှိတဲ့ Nursery ဌာနက လူတွေ၊ ဆရာဝန်ကြီးတွေ၊ ဆရာမတွေကတော်တော့ ကျွန်မတို့ရဲ့ Maternity Service က လည်း အောင်မြင်ခဲ့တယ်။ အခု Lippo Group နဲ့ပေါင်းပြီးနောက် ကျွန်မတို့ရဲ့ Service တွေကို ထပ်ချဲ့ထွင်နိုင်ခဲ့တယ်။

အခုသုံးနေတဲ့ Marketing Strategy က

--------------

ဟိုးအရင်တုန်းကတော့ ဈေးကြီးတယ်ဆိုတော့ကျွန်မတို့ Strategy က Pricing Strategy လိုဖြစ်နေတာပေါ့။ အခုနောက်ပိုင်း ကျွန်မတို့ရဲ့ Strategy က Volume Strategy ပါ။ Volume Strategy က ကိုယ့်ရဲ့ Customer များများလာဖို့ကို ဦးတည်တာဖြစ်တယ်။ လူများများလာဖို့ ဈေးနှုန်းကို အတတ်နိုင်ဆုံးလျော့တယ်။ အခုနောက်ပိုင်း စီးပွားရေးတစ်ခုအနေနဲ့မဟုတ်တော့ဘူး။ မြန်မာနိုင်ငံမှာက Health Education Knowledge က နည်းတဲ့အတွက် ရောဂါအမည်ကိုနောက်ကျမှသိကြတယ်။ ကြိုတင်စမ်းသပ်စစ်ဆေးတယ်ဆိုတာမရှိကြဘူး။ အဲဒါကို မြင်လာတော့ ပန်းလှိုင်ကနေ Health Education တွေလုပ်ဖြစ်တယ်။ ကျွန်မတို့ရဲ့ Strategy က Public မှာရှိတဲ့ရောဂါတွေကို ဘယ်လိုနည်းနဲ့လျှော့ချလို့ရမလဲဆိုတာရယ် ဆေးရုံအနေနဲ့ တစ်ဖက်တစ်လမ်းက ဘယ်လိုကူညီလို့ရမလဲဆိုတာက အဓိကထားတယ်။ အမြတ်ရရေး၊ မရရေးက အဓိကမဟုတ်ဘဲ ပြည်သူတွေကြိုတင်စမ်းသပ်စစ်ဆေးဖြစ်ပြီး စောလျင်စွာရောဂါကိုသိပြီး ကုသနိုင်ဖို့အဓိကဖြစ်တယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ဆေးရုံကို ဆေးရုံပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေမှာနေတဲ့လူတွေအပြင် တနိုင်ငံလုံးက လူတွေလည်း လာကြတယ်။ ကျွန်မတို့ရဲ့ဈေးနှုန်းက သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခုဖြစ်နေလို့ပါ။

Service Hospital တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ အလားအလာတွေက

------------------

ဆေးရုံတော်တော်များများရဲ့ ဦးတည်ချက်ကတော့ ပြည်သူတွေကို နိုင်ငံခြားကိုသွားပြီး ဆေးကုသတာထက် မြန်မာပြည်မှာပဲ ကုသစေချင်တာပါ။ ဒါပေမယ့်ကိုယ်ဘယ်လောက်ရင်းနှီးမြှုပ်နှံနိုင်လဲဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။ ပြီးတော့ ကိုယ့်ရဲ့ဆေးရုံက ဘာကို Speciality အဖြစ်ထားတယ်။ ဥပမာ-ကျွန်မတို့ဆေးရုံဆိုရင်  သားဖွားမီးယပ်၊ အရိုး၊ ဦးနှောက်နဲ့ခွဲစိတ်တာ စသဖြင့် ကိုယ့်ဆေးရုံက ဘယ်ကိုဦးတည်ထားလဲ။ အဲဒီဦးတည်ထားတဲ့အပေါ်မှာ ကျွန်မတို့က Invest လုပ်တယ်။ တခြားဆေးရုံတွေလည်း အဲဒီလိုပဲ။ Up to Date တွေတော့ထည့်တယ်။ ကိုယ့်ဆေးရုံရဲ့ အားသာချက်ဖြစ်တာကို Invest လုပ်တယ်။ အားလုံးကိုတော့မလုပ်ဘူး။ တတ်နိုင်တဲ့သူတွေကတော့ စပြီး စဉ်းစားလိုက်ကတည်းက Medical Check Up လုပ်တာတောင် နိုင်ငံခြားမှာပဲ ထွက်လုပ်ကြတယ်။ အဲဒါကလည်း မြန်မာနိုင်ငံမှာရှိတဲ့ဆေးရုံတွေ၊ ဆရာဝန်ကြီးတွေကို Trust ပျောက်တယ်လို့ ကျွန်မကတော့မြင်တယ်။ Trust ပျောက်သွားတော့သူတို့စိတ်ထဲမှာ မြန်မာပြည်မှာမလုပ်တော့ပါဘူး။ နိုင်ငံခြားမှာက အားလုံးရှိနေတာ တစ်ခါတည်းအားလုံးပြီးသွားတာပဲ မြန်မာပြည်မှာ လုပ်ပြီးသွားရင် နှစ်ခါ၊ သုံးခါဖြစ်တယ်ဆိုတဲ့ Concept ကြီးကဝင်နေတာ။ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း Up to Date နည်းပညာတွေ စထည့်နေပြီ။ အတတ်နိုင်ဆုံး ကိုယ့်ရဲ့ Service ကို ကောင်းအောင်လုပ်တယ်။ အဓိက Link ချိတ်နေတာ Human Resource ပဲ။ ကျွန်မတို့နိုင်ငံမှာ Human Resource ကို နလန်ထူအောင်ပြန်လုပ်နိုင်ရင် ဆေးရုံတွေရဲ့ Service က ပိုကောင်းလာမှာပဲ။ မြန်မာနိုင်ငံက ဆရာဝန်ကြီးတွေက သူများနိုင်ငံက ဆရာဝန်တွေကို မယဉ်နိုင်ဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သက်သေသာဓက ပြလို့ရစရာတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံက ဆရာဝန်ကြီးတွေ နိုင်ငံခြားမှာသွားပြီး ထိပ်ဆုံးရောက်နေကြတာ အများကြီးပဲလေ။ တကယ်တမ်းတော့ ဆရာဝန်ကြီးတွေရဲ့ အချိန်ပေးမှုရယ်၊ သေသေချာချာ ဆွေးနွေးမှုတွေပေါ်မှာ အဓိကထားပါတယ်။ Private Hospital ပဲဖြစ်ဖြစ်၊ အစိုးရဆေးရုံပဲဖြစ်ဖြစ် Health Care မှာ လုပ်နေတဲ့သူတွေကတော့ Machine ၊ Equipment ၊ Training တွေကအစ Up to Date  ဖြစ်အောင်လုပ်နေတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ Equipment တွေဝယ်ဖို့ Supplier တွေကော Distributor တွေကော အများကြီးဖြစ်လာတာကြောင့် ကိုယ့်မှာငွေရှိရင်ရှိသလောက် ချဲ့ထွင်လို့ရနေတဲ့ အခြေအနေမှာရှိနေပါတယ်။

နည်းပညာထပ်တိုးလုပ်ဆောင်ဖို့ ရှိပါသလား

----------------

ကျွန်မတို့အနေနဲ့ အခုလက်ရှိနည်းပညာပိုင်းမှာ အပေါက်သေးသေးလေးနဲ့ မှန်ပြောင်းနဲ့ခွဲတာကို အဓိက Focus ထားတယ်။ မှန်ပြောင်းနဲ့ ခွဲလို့ရတာ အကုန်လုံးကို မှန်ပြောင်းနဲ့ပဲခွဲတယ်။ ရှေ့လျှောက် ကျွန်မတို့က Microscopic Procedure ကို ဦးတည်နေပါတယ်။ ကိုယ့်ဘက်ကပေးနိုင်တဲ့ Service ကို အတတ်နိုင်ဆုံးရအောင် ပေးတယ်။ တစ်ခုပြောပြရမယ်ဆိုရင် Emergency မှာဆိုရင် Continuous Integrated Patient Monitoring System ဆိုတဲ့ Software တစ်ခုရှိပါတယ်။ ဥပမာ- အိမ်တစ်အိမ်က Heart Attack ရပြီး Ambulance ကို လှမ်းခေါ်ရင်သွားပြီး ECG ရိုက်မယ်။ အဲဒီ ECG ကို Software ကိုသုံးပြီးပို့လိုက်ရင် နှလုံးဆရာဝန်က ချက်ချင်းကြည့်လို့ရမယ်။ ကြည့်ပြီးတဲ့အခါ ဆရာဝန်က Emergency ကားမှာ ပါသွားတဲ့ဆရာဝန်ကို အရင်လုပ်ထားရမယ့် Treatment ကို လုပ်ခိုင်းမယ်။ ဆိုလိုတာက ဆေးရုံရောက်မှ မဟုတ်ဘဲ အိမ်မှာကတည်းကရော Ambulance ပေါ်မှာရော စပြီး ကုထားလို့ရအောင် လုပ်ထားတာဖြစ်တယ်။

လက်ရှိဝန်ထမ်း ဘယ်နှစ်ယောက်လောက်ရှိလဲ

--------------

အခုလက်ရှိ ဝန်ထမ်းစုစုပေါင်း ၉၅၀ ကျော်ရှိပါတယ်။ ဝန်ထမ်းတွေကို HR Policy အတိုင်း Leave ခံစားခွင့်တွေကို သတ်မှတ်ပေးထားတယ်။ လုပ်ငန်းခွင်မှာဖျားနာ၊ ထိခိုက်တာတွေအတွက် Staff Clinic ဆိုပြီး သက်သက်လုပ်ပေးထားတယ်။ ပြီးတော့နှစ်စဉ်နှစ်တိုင်းလုပ်တဲ့ Staff Party မှာ 5 Star ဆိုပြီး အကောင်းဆုံးဝန်ထမ်း ငါးယောက်ကိုရွေးချယ်တာကို စပြီးလုပ်တာနှစ်နှစ်ရှိပါပြီ။ အရင်တုန်းကတော့ The Best Manager နဲ့ The Best Employee ဆိုတာကိုပဲရွေးချယ်ပြီး ဆုချီးမြှင့်တယ်။  အခုရွေးချယ်တဲ့ သူတို့ငါးယောက်ထဲမှာ နိုင်ငံခြားကဆေးရုံတွေက ဘယ်လိုလဲဆိုတာကိုမမြင်ဖူးတဲ့သူတွေလည်း ရှိနိုင်တော့ သူတို့တွေကို ဗဟုသုတလည်း ရအောင်လွှတ်ပါတယ်။ ပထမနှစ်တုန်းက အင်ဒိုနီးရှားကဆေးရုံတွေနဲ့ ဘာလီကျွန်းကို ပို့ပါတယ်။

ဒုတိယနှစ်က ဘန်ကောက်ကိုပို့ပါတယ်။ ထို့အတူ ဝန်ထမ်းတွေအားလုံးကို Staff Day Out ဆိုပြီးလည်း စီစဉ်ပါတယ်။ ဝန်ထမ်းတွေနဲ့ အုပ်ချုပ်သူအချင်းချင်း ဝန်ထမ်းအချင်းချင်း တစ်သားတည်းဖြစ်အောင် လုပ်ပါတယ်။ ဆေးရုံရဲ့ Culture ကို Family Type အနေနဲ့သွားပါတယ်။ ဝန်ထမ်းမိသားစုတွေအတွက်လည်း Discount တွေပေးထားပါတယ်။

CSR Program တွေကိုလည်း ပြောပြပေးပါ

---------------

CSR Program တွေက စနေနေ့တိုင်းမှာ လှိုင်သာယာ၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ရွာတစ်ခုချင်းစီကို အခမဲ့ဆေးကုသပေးပါတယ်။ နောက်တစ်ခုက နုတ်ခမ်းကွဲအာခေါင်ကွဲကလေးတွေအတွက် Smile Train Program ဆိုပြီး ကျွန်မတို့မှာရှိတဲ့ Full Time Specialist က အခမဲ့ခွဲစိတ်ကုသပေးနေပါတယ်။ ဆေးရုံမှာ ဝန်ထမ်းတွေရဲ့ လစဉ်လှူထားတဲ့စေတနာငွေ Fund လေးလည်းရှိပါတယ်။ ဝန်ထမ်းမိသားစု၊ ဒါမှမဟုတ် ဝန်ထမ်းများ နာမကျန်းဖြစ်ကြလို့ ကူညီဖို့လိုရင် ကျွန်မတို့ဝန်ထမ်း Fund က ကူညီပေးပါတယ်။