ဒေါ်မျိုးစန္ဒီထွန်းသိန်း(Vice Principal-Eton House Yangon)

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ကျောင်းတွေဖွင့်လှစ်တာကို စတင်ခွင့်ပြုလိုက်တဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လက စပြီး ပုဂ္ဂလိကကျောင်းတွေ တစ်စတစ်စ များပြားလာပါတယ်။ ပြည်တွင်းပိုင် ပုဂ္ဂလိကကျောင်းတွေလည်း ပါဝင်ပြီး နိုင်ငံတကာကျောင်းတွေနဲ့ ပူးပေါင်းဖွင့်လှစ်တဲ့ ကျောင်းတွေကလည်း ဈေးကွက်လိုအပ်ချက်နဲ့အညီ ဖွင့်လှစ်လာပါတယ်။ ဒါတင်သာမကဘဲ မူကြိုအရွယ်ကို အထူးပြုပြီး ဖွင့်လှစ်တဲ့ နိုင်ငံတကာနာမည်ရကျောင်းတွေလည်း ပါဝင်လာပါတယ်။ ဒီအထဲမှာ ၁၉၉၅ ခုနှစ်မှာ စတင်တည်ထောင်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ ကျောင်းခွဲပေါင်းတစ်ရာကျော်နဲ့ အောင်မြင်စွာရပ်တည်နေတဲ့ Eton House က မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်မှာ ရောက်ရှိလာပါတယ်။ ဒါကြောင့် Eton House Myanmar ရဲ့ ထူးခြားတဲ့ သင်ကြားမှုပုံစံနဲ့အတူ လုပ်ငန်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ၊ အနာဂတ်အစီအစဉ်တွေကို ကျောင်းရဲ့ Vice Principal ဒေါ်မျိုးစန္ဒီထွန်းသိန်းနဲ့ တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

DawMyoSandi

Eton House အကြောင်းကို အရင်ဆုံး မိတ်ဆက်ပြောပြပေးပါ . . .

Eton House International Pre-school Yangon ကို ၂၀၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ Eton House ရဲ့ ခိုင်မာအားကောင်းတဲ့ Brand Image ကြောင့်ဖြစ်ပါတယ်။ ဒီကျောင်းက ကမ္ဘာပေါ်မှာ Newsweek က အအောင်မြင်ဆုံးလို့ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတန်းရှိတယ်။ ရုံးချုပ်က စင်ကာပူမှာရှိပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ ကျောင်းခွဲပေါင်းတစ်ရာကျော်နဲ့ ကျောင်းသားပေါင်း တစ်သောင်းကျော်ကို မွေးထုတ်ပေးထားတယ်။ နောက်ပြီး Best International Pre-school Chain in Asia ဆိုပြီးတော့လည်း ဆုရထားတယ်။ ၂၀၁၄ ခုနှစ်မှာလည်း Outstanding Center for Teachers and Learning in Early Childhood ဆုကိုလည်း ချီးမြှင့်ခံရတယ်။ ကျောင်းက သက်တမ်းအားဖြင့်လည်း နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။ ဒီလိုကျောင်းမျိုးဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း ရှေးဦးအရွယ်ကလေးငယ်တွေအတွက် ဖွင့်ပေးနိုင်ရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ ကျောင်းကိုတော့ Singapore Eton House Int’l Group က Direct Management လုပ်ပြီး Share Holders တွေကိုတော့ Professional Education ပိုင်းကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးထားပါတယ်။

DawMyoSandi2

ကျောင်းရဲ့သင်ကြားမှုပုံစံနဲ့ ထူးခြားချက်များ . . .

အထူးခြားဆုံးအချက်ကတော့ သင်ရိုးညွှန်းတန်းက Inquire ၊ Think ၊ Learn ဆိုတာကို အခြေခံတာပါ။ ကလေးတွေရဲ့ စိတ်ဝင်စားမှုအပေါ်မှာပဲ မူတည်ပြီးတော့ သင်ရိုးညွှန်းတန်းကို ရေးဆွဲတယ်။ Inquire ၊ Think ၊ Learn မှာ Components လေးခုရှိပါတယ်။ စစချင်းမှာ Image of the Child ဆိုတဲ့ ကလေးတွေကို ဘယ်လိုမြင်သလဲဆိုတာပေါ့။ ကျွန်မတို့က ကလေးတွေကို Independent ဖြစ်တယ် ၊ Curious ဖြစ်တယ်၊ Capable ဖြစ်တယ်လို့ မြင်တယ်။ သူတို့ရဲ့ မွေးရာပါ အကျင့်စရိုက်လေးတွေကို ကျွန်မတို့က ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာကို စဉ်းစားတယ်။ နောက်ပြီး Child-centered Learning ဖြစ်တဲ့အတွက် ကလေးတွေရဲ့ စိတ်ဝင်စားမှုကိုပဲ ဦးစားပေးတယ်။ ကလေးအရွယ်က သူတို့စိတ်ဝင်စားတာကို လုပ်ရမှာ သင်ယူတတ်မြောက်တာ လွယ်ကူကြပါတယ်။ သူတို့ကို စာအုပ်ကြီးတွေနဲ့ သင်ရင် သူတို့ရဲ့ စိတ်အာရုံးစူးစိုက်နိုင်တဲ့ စွမ်းအားက အဲဒီလောက်ကြီး မရှိဘူး။ စိတ်မဝင်စားဘူး။ ဒါကြောင့် Learning through Play နဲ့ပဲသွားတယ်။ ဒီတော့ သူတို့ဆော့ရလို့ ပျော်တယ်။ စာသင်လို့ သင်နေမှန်းလည်း မသိဘူး။ ဘေးက ဆရာ၊ ဆရာမတွေက ဘေးကနေကြည့်ပြီး ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကို မြှင့်တင်ပေးမယ်။ ပြီးတော့ ပညာရေးဆိုတာ Life-long Learning ဖြစ်တယ်။ ဘဝတစ်လျှောက် ပညာကို သင်ယူသွားရမယ်ဆိုတဲ့ Mindset ကိုလည်း သွင်းပေးလိုက်တယ်။

နောက်ပြီး နောက်နေ့သင်မယ့်အကြောင်းအရာကို ဒီနေ့ ဘာ Activities လုပ်ခဲ့သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆရာ၊ ဆရာမတွေက ကျောင်းဆင်းချိန်မှာ ကျောင်းအုပ်နဲ့ဆွေးနွေးပြီး နောက်နေ့အတွက် ကလေးတွေ စိတ်ဝင်စားမယ့်သင်ခန်းစာကို သေချာ Setup လုပ်တယ်။ နောက်ပြီး Child-centered Education လို့ ဆိုခဲ့တဲ့အတိုင်းပဲ ကလေးတွေ စိတ်ဝင်စားပြီး သင်ချင်တာကို ဦးစားပေးတယ်။ ဒါကြောင့် ကျောင်းမှာရှိတဲ့ Signboard တို့ ၊ Bulletin Borad တို့ဆိုရင် ကလေးတွေရဲ့ Eye Level နဲ့ညီအောင် လုပ်ထားတယ်။ နောက်ပြီး Collaborations ဆိုတဲ့အတိုင်း မိဘနဲ့ ဆရာပူးပေါင်းတာကို အင်မတန်အားပေးတယ်။ အဲဒီအတွက် Classroom Newsletter နဲ့ School Newsletter ဆိုပြီး နှစ်ခုထားတယ်။ School Newsletter က ကျောင်းအုပ်ကနေပြီး တစ်ကျောင်းလုံးက ဖြစ်စဉ်တွေကို မိဘတွေဆီကို အီးမေးလ် အမြဲတမ်းပို့တယ်။ Classroom Newsletter ကျတော့ တစ်တန်းချင်းဆီမှာ ကလေးတွေ ဒီတစ်ပတ် ဘယ်လို Learning Experience လုပ်နေတယ် ၊ ဒီကလေးက ဒီရက်မှာ ဒီစကားလေးပြောတဲ့အတွက် နောက်တစ်ပတ်မှာ သူတို့ ဘာကို Enquiry လုပ်မလဲ ဆိုတာမျိုးတွေကို မိဘတွေဆီ စဉ်ဆက်မပြတ် ပို့ပေးတယ်။ နောက်ပြီး မိဘနဲ့ ဆရာကြားမှာ Daily Communication လုပ်လို့ရအောင် Communication Book ထားပြီး အပြန်အလှန် ဆွေးနွေးလို့ရအောင် လုပ်ပေးထားတယ်။

နောက်ပြီး Environment as a Third Teacher ဆိုတဲ့အတိုင်း ကလေးတွေ Recycling ကို အားပေးတတ်အောင်၊ Decoration လုပ်တတ်အောင် သူတို့သုံးပြီးသားကို ဘယ်လို Recycle လုပ်မလဲ ဆိုတာလည်း သင်ကြားပေးတယ်။ နောက်ပြီး ကျောင်းရဲ့ Decoration တွေ အားလုံးကလည်း Nature နဲ့ ပတ်သက်တဲ့ပစ္စည်းလေးတွေနဲ့ လုပ်ထားတယ်။ သူတို့ရဲ့ Art Work ဖြစ်တဲ့ သူတို့ရဲ့ Recycle Box လေးတွေလည်း အသုံးပြုထားတယ်။ Curriculum ထဲမှာ အထူးခြားဆုံးကတော့ ဒီ Environment အပိုင်းပဲ ဖြစ်ပါတယ်။

ကလေးတွေရဲ့ အစားအသောက်ပိုင်းအတွက်လည်း ကျွန်မတို့က ပြင်ပအစားအစာ လက်မခံဘူး။ ကျွန်မတို့ဆီမှာ Inhouse Chef ရှိတယ်။ Food Pyramid နဲ့အညီ ပြင်ဆင်ပြီး ကျွေးတယ်။ ဝက်သား၊ အမဲသားနဲ့ အစေ့အဆန်တွေ လုံးဝထည့်မကျွေးဘူး။

ဆရာ၊ ဆရာမတွေရဲ့ Qualification ပိုင်း . . .

ကျွန်မတို့ဆီမှာ Recruitment Process အဆင့်ဆင့် ရှိပါတယ်။ နိုင်ငံခြားသားဆရာ၊ ဆရာမတွေကို Core Teacher လို့ ခေါ်ပါတယ်။ ပြည်တွင်းဆရာ၊ ဆရာမတွေကိုတော့ Associate Teacher အဖြစ် ထားရှိပါတယ်။ Core Teacher တွေခန့်မယ်ဆိုရင် စင်ကာပူရုံးချုပ်က Curriculum ကို ထိန်းတဲ့ Director of Pedagogy က ကိုယ်တိုင်အင်တာဗျူး လုပ်ပေးတယ်။ အဲဒီလို အင်တာဗျူးအဆင့်ဆင့်ကို အောင်ပြီးတော့မှ ဒီကျောင်းမှာ ဆရာလုပ်ခွင့်ရှိတယ်။

နောက်ပြီး Eton House မှာ Student-teacher Ratio လည်း ထားရှိတယ်။ ကျောင်းသားဦးရေ တိုးလာတာနဲ့အမျှ ဆရာ၊ ဆရာမဦးရေလည်း တိုးသွားမယ်။ အခု ဒီနှစ်မှာတော့ သုံးခန်းပဲ ဖွင့်ထားသေးတယ်။ ဆရာ၊ ဆရာမတွေကို ရွေးချယ်တဲ့အချိန်မှာတော့ Early Chilhood Experience ရှိသူရယ် ၊ Teaching Certificate ရှိသူရယ်၊ Master ဘွဲ့ရရှိထားတဲ့သူတွေရယ်ကို ပိုဦးစားပေးတယ်။ Bacherlor ရရမယ်။ Education နဲ့ ဆိုင်တာဆိုရင်တော့ ပိုဦးစားပေးပါတယ်။ Associate Teacher တွေဆိုရင်လည်း လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်တဲ့ ရှေးဦးကလေးဆိုင်ရာ သင်တန်းဆင်းလက်မှတ် ရထားတဲ့သူတွေ ဖြစ်ရမယ်။ နိုင်ငံခြားက ဆရာ၊ ဆရာမတွေ ထပ်ငှားမယ်ဆိုရင်လည်း ကျောင်းရဲ့လုံခြုံမှု၊ ကလေးတွေရဲ့ လုံခြုံမှုအတွက် Police Record ကင်းရှင်းကြောင်း ထောက်ခံချက်တွေ တောင်းထားပါတယ်။ နောက်ပြီး ကျောင်းပိတ်ရက်တွေမှာလည်း ဆရာ၊ ဆရာမတွေကို ရှေးဦးသူနာပြု သင်တန်းတို့၊ မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်နဲ့ဆိုင်တဲ့ အန္တရာယ်တစ်စုံတစ်ခု ပေါ်ပေါက်တဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုတာတို့ကို လေ့ကျင့်ပေးထားတယ်။

နောက်ပြီး ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုကို အမြဲတမ်း Up to Date ဖြစ်အောင်၊ တိုးတက်အောင် စင်ကာပူက Director of Pedagogy က သုံးလတစ်ကြိမ်လောက် လာပြီး Professional Development ပိုင်းကို ပို့ချပေးတယ်။ နောက်ပြီး နေ့စဉ်နေ့တိုင်းမှာလည်း အရှေ့မှာပြောခဲ့သလိုပဲ ကျောင်းဆင်းချိန် ညနေပိုင်းမှာ ကျောင်းအုပ်နဲ့တွေ့ပြီး တစ်နေ့တာ သင်ကြားမှုကို Reflection လုပ်ပြီး ကလေးတွေ စိတ်ဝင်စားတဲ့ သင်ခန်းစာတွေဖြစ်အောင် ဖန်တီးတယ်။ နောက်ပြီး ကျောင်းမှာရှိတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို သင်ကြားရေးနဲ့ ဆိုင်တဲ့ Conference တွေ ၊ Training တွေ အခါအားလျော်စွာ ပို့ပေးတယ်။

ကလေးတွေကို ဘယ်အရွယ်က စပြီး လက်ခံသင်ကြားပေးပါသလဲ . . .

ကလေးတွေကို တစ်နှစ်ကနေ ခြောက်နှစ်အရွယ်အထိ လက်ခံသင်ကြားပေးနေပြီး Level ငါးခုထားရှိပါတယ်။ တစ်နှစ်ကနေ နှစ်နှစ်အရွယ်အထိကို Stay and Play လို့ သတ်မှတ်ထားပါတယ်။ အိမ်က မိဘတစ်ဦး၊ ဒါမှမဟုတ် ကလေးထိန်းတစ်ဦး လိုက်ဖို့လိုပြီး တစ်နေ့ကို တစ်နာရီပဲ လက်ခံသင်ကြားပေးပါတယ်။ ၁၈ လကနေ နှစ်နှစ်အထိကိုတော့ Pre Nursery လို့ သတ်မှတ်ထားပြီး တနင်္လာကနေ သောကြာနေ့အထိကို နေ့တစ်ဝက်အတန်း တက်နိုင်တယ်။ Nursery 1 ကကျတော့ နှစ်နှစ်ကနေ သုံးနှစ်အထိ သတ်မှတ်ထားပြီး တစ်နေကုန်အတန်းအတွက် စလက်ခံတယ်။ နေ့လယ်နေ့ခင်း Nap Time လေးတွေ ထည့်ပေးထားတယ်။ Nursery 2 ကကျတော့ သုံးနှစ်ကနေ ငါးနှစ်အထိ သတ်မှတ်ထားတယ်။ အဲဒီအတန်းကလည်း နေ့တစ်ဝက် အတန်းရော၊ တစ်နေကုန်အတန်းရော ရှိတယ်။ Kindergarden I နဲ့ Kindergarder II ဆိုရင်တော့ အသက်လေးနှစ်ကနေ ငါးနှစ်နဲ့ ငါးနှစ်ကနေ ခြောက်နှစ်ပေါ့။ ဒီအတွက်တော့ တစ်နေကုန်အတန်းပဲ ရှိတယ်။ Nap Time တော့ မပေးတော့ဘဲ Quick Time ပေးပြီး အဲဒီအချိန်မှာ သူတို့စိတ်ကြိုက် Reading Corner မှာ စာအုပ်လေးတွေပဲ ဖတ်ဖတ်ပေါ့၊ သူတို့ကြိုက်တာလေးတွေ လုပ်နိုင်တယ်။

စတင်ဖွင့်လှစ်ချိန်မှာ ကြုံခဲ့ရတဲ့စိန်ခေါ်မှုတွေနဲ့အတူ လက်ရှိမှာ တိုးတက်လာမှုအပိုင်း . . .

စတင်ဖွင့်လှစ်ချိန်က စိန်ခေါ်မှုအနေနဲ့ကတော့ တခြား ပုဂ္ဂလိကစာသင်ကျောင်းတွေလည်း များတယ်။ နောက်ပြီး Eton House ဆိုတဲ့ Brand Image ကို မြန်မာပြည်မှာ သိပ်မသိကြသေးဘူး။ သူက တခြားနိုင်ငံတွေမှာ အောင်မြင်မှုတွေ အများကြီးရှိပေမယ့် မြန်မာပြည်ရဲ့ဈေးကွက်ထဲကို ကြိုးစားပြီး ထိုးဖောက်ခဲ့ရတယ်။ နောက်ပြီး Eton House ရဲ့ Curriculum ကိုလည်း မိဘတွေက ရင်းနှီးကျွမ်းဝင်မှု မရှိသေးဘူး။ နောက်ပြီး မြန်မာ့ထုံးတမ်းစဉ်လာအရလည်း မိဘတွေက သူတို့ရဲ့ကလေးတွေကို လေး၊ ငါးနှစ်လောက်မှ ကျောင်းကို စပြီးတော့ ပို့ချင်ကြတယ်။ ဒီတော့ ကျွန်မတို့က ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနဲ့ ပညာရေးရဲ့ အရေးကြီးပုံကို Information Talk တွေ Open House လုပ်ခဲ့ရတယ်။

တိုးတက်လာမှုအပိုင်းဆိုရင် ကျောင်းသားဦးရေ တိုးလာတယ်။ မိဘတွေအနေနဲ့လည်း စိတ်ကျေနပ်မှုရရှိပြီး Word of Mouth နဲ့ Refer လုပ်ပေးကြတယ်။ သူတို့ကလေးတွေရဲ့ ဘက်စုံတိုးတက်မှုကို လက်တွေ့မြင်ကြရတယ်။ နောက်ပြီး ဒီကနေပြီးလို့ ကျောင်းကြီးတွေတက်ဖို့အတွက်လည်း Assessment တွေ အောင်အောင်မြင်မြင် ဖြေဆိုနိုင်ကြတယ်။ အဲဒီလိုဖြေနိုင်ဖို့ကိုလည်း Train လုပ်ပေးပါတယ်။ အခုချိန်မှာ ပြိုင်ဆိုင်မှုတွေအများကြီးရှိပေမယ့် Eton House ရဲ့ Unique Quality အတိုင်း ရှေ့ဆက်ရပ်တည်သွားမှာပါ။

ကျောင်းရဲ့ Marketing ပိုင်း . . .

စစဖွင့်ချင်းတုန်းကတော့ Digital Marketing ရော Traditional Marketing ပါ နှစ်ခုစလုံး အားစိုက်လုပ်ဖြစ်ခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ ကျွန်မတို့ရဲ့ Marketing Survey တွေအရ Digital Marketing ကိုပဲ ဦးစားပေးဖြစ်တော့တယ်။ နောက်ပြီး ကျွန်မတို့က Service Industry ဖြစ်တဲ့အတွက် မိဘတွေရဲ့စိတ်ကျေနပ်မှုကြောင့် Refer လုပ်တဲ့ Word of Mouth Marketing ကလည်း အရေးကြီးပါတယ်။

ကိုယ်တိုင်အနေနဲ့ လက်ရှိတာဝန်ယူထားတဲ့ Role & Responsibility . . .

ကျွန်မက Vice Principal ရာထူး ယူထားတယ်။ နေ့စဉ် Operations ရယ်၊ Finance နဲ့ HR ရယ်ကို အဓိက တာဝန်ယူထားပါတယ်။

နောက်ခံပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံကိုလည်း ပြောပြပေးပါ . . .

ကျွန်မက Middlesex University (London) ကနေ Master of Business IT နဲ့ ဘွဲ့ရခဲ့တယ်။ နောက်ပြီး လန်ဒန်မှာရှိတဲ့ Coventry University ကနေ B.Sc (Hons)in Computing ၊ နောက်ပြီး မြန်မာနိုင်ငံ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်က B.A (English) ဘွဲ့တွေ ရခဲ့တယ်။ ကျွန်မ အမေက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်တာကြောင့် ငယ်ငယ်က နိုင်ငံတော်တော်များများမှာ လှည့်ပြီး ကျောင်းတက်ခဲ့ရတယ်။ ကျွန်မမွေးကတည်းက မလေးရှားမှာ မွေးတယ်။ Early Childhood Education ကို ဖိလစ်ပိုင်နိုင်ငံမှာ တက်ခဲ့တယ်။ နောက်ပြီး စင်ကာပူ၊ ဘန်ကောက်၊ အီဂျစ်နိုင်ငံတွေမှာ ကျောင်းတက်ခဲ့ရတော့ International Exposure ရခဲ့တယ်။ လုပ်ငန်းအတွေ့အကြုံဆိုရင်တော့ မာစတာဘွဲ့ရအပြီးမှာ စင်ကာပူက Nanyang Technology University (NTU) မှာ Training Executive အနေနဲ့ လုပ်ခဲ့ဖူးတယ်။ အဲဒီ Post ကို ရွေးချယ်ခဲ့တာလည်း ကျွန်မက အစကတည်းက ပညာရေးပိုင်းကို စိတ်ဝင်စားတယ်။ အမေရိကားမှာရှိတဲ့ University of Winsconsin နဲ့ စင်ကာပူက Ministry of Education နဲ့ ပေါင်းပြီးလုပ်တဲ့ Project မှာ Training Executive လုပ်ခဲ့ရတယ်။ အဲဒီမှာ စင်ကာပူမှာရှိတဲ့ Primary ၊ Secondary နဲ့ Junior College အစိုးရကျောင်းတွေရဲ့ Head of Departments အကုန်လုံးက ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်တွေကို E-careers လို့ ခေါ်တဲ့ Training လိုက်ပေးရတယ်။ ဒီတော့ ကျောင်း Environment နဲ့တော့ မစိမ်းဘူး ဖြစ်သွားတယ်။ နောက်ပြီး မာစတာဘွဲ့တက်နေတဲ့အချိန်တုန်းကလည်း ကိုယ့်တူ၊ တူမလေးတွေကို စာသင်ပေးတာတွေ လုပ်ခဲ့ဖူးတယ်။ လက်ရှိမှာ ကျွန်မမှာ သားနှစ်ယောက်လည်းရှိတော့ ရှေးဦးကလေး လေ့ကျင့်သင်ကြားရေးရဲ့ အရေးပါမှုကို ပိုသိခွင့်ရတယ်။

ကျောင်းမှာ တိုးချဲ့ဖြစ်တာတွေနဲ့ အနာဂတ်အစီအစဉ်တွေ . . .

အရင်တုန်းက ကျောင်းမှာ ၁၈ လကနေ ခြောက်နှစ်အထိပဲ လက်ခံခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ ၁၂ လ ကနေ နှစ်နှစ်အထိကို Part Time အနေနဲ့ Stay & Play Program အသစ် စလက်ခံလိုက်တယ်။ ဒီအတန်းတက်လိုက်တဲ့အခါ Pre Nursery တန်းကိုဝင်တဲ့အခါ Well-prepered  ဖြစ်သွားတယ်။ ကလေးတွေ ကျောင်းလာတဲ့ Routine လေး တစ်ခုရသွားတယ်။ ကျောင်းလာမယ်၊ Circle Time ဆိုတာလေးရှိမယ်။ သူငယ်ချင်းတွေနဲ့ Sharing လုပ်မယ်။ သူတို့ရဲ့ Social Skill တွေ ကောင်းလာမယ်။ နောက်ပြီး Outdoor Activities အချိန် ရှိမယ်။ မုန့်စားတဲ့အချိန်ရှိမယ်။ အဲဒီလို School Routine လေး ဝင်သွားအောင်လည်း Train  လုပ်ပေးဖို့ရည်ရွယ်ပြီး ဖွင့်ဖြစ်တာပါ။ ဒါမှလည်း သူတို့ဟာ အချိန်ပြည့်ကျောင်းတွေကို စတက်မယ့်အချိန်မှာ မိဘတွေနဲ့ ခွဲခွာရခြင်း (Separation Anxiety) ကို ခံနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး Academin Year ပြီးသွားတဲ့ ဇွန်၊ ဇူလိုင် နှစ်လမှာ Summer Exploration Club ဆိုပြီးတော့ ဖွင့်တယ်။ အဲဒါကတော့ 5 Weeks Program ပါ။ တနင်္လာကနေ သောကြာ၊ ၉ နာရီကနေ ၁၁ နာရီ အထိ၊ တစ်နေ့ကို နှစ်နာရီပေါ့။ ဒါကိုကျတော့ Eton House က ကျောင်းသားတင်မကဘဲ သုံးနှစ်ကနေ ၁၁ နှစ်အရွယ် ကလေးတွေ အကုန်လုံးပါဝင်နိုင်တယ်။ အဲဒီမှာ အပတ်စဉ်တိုင်းကို Activities အမျိုးမျိုးထားတယ်။ တခြား International School တွေ အတော်များများကလည်း နွေရာသီဆိုရင် ကျောင်းပိတ်တယ်။ ဒီတော့ ကလေးတွေ နွေရာသီမှာ  ကျောင်းပတ်ဝန်းကျင်နဲ့ ဝေးကွာမသွားအောင်၊ တောက်လျှောက်ပျော်ရအောင် ရည်ရွယ်ချက်နဲ့ ဖွင့်တာပါ။ တချို့ခရီးသွားဖို့ရှိရင်လည်း ငါးပတ်လုံး Join စရာမလိုဘဲ ကိုယ်အဆင်ပြေမယ့်၊ ကိုယ်စိတ်ဝင်စားတဲ့ Activity ရှိတဲ့ တစ်ပတ်ချင်းစီကိုပဲ တက်နိုင်တယ်။ Sports ၊ Baking and Cooking ၊ Arts & Craft ၊ Music & Movement ၊ Language of Water/Sand/paint/Recycling စသဖြင့် Activities တွေ စုံစုံလင်လင်ပါဝင်ပါတယ်။ နောက်ပြီး အခုဆိုရင် သုံးနှစ်နဲ့ အထက်ဆိုရင် မြန်မာစာနဲ့အတူ Mandarin ဘာသာကိုပါ တွဲသင်တယ်။ Multilingual Environment ဖြစ်အောင် ရည်ရွယ်တယ်။ နောက်ထပ် စာသင်နှစ်တွေမှာတော့ ဂျပန်ဘာသာကိုပါ ထည့်သင်ဖို့ စီစဉ်ထားပါတယ်။ ဒီတော့ သုံးနှစ်အထက်ဆို အင်္ဂလိပ်၊ မြန်မာ၊ Mandarin နဲ့ ဂျပန်ဘာသာဆိုပြီး လေးဘာသာ ထည့်သင်သွားမယ်။ အနာဂတ်အစီအစဉ်အနေနဲ့ တခြားနိုင်ငံက Eton House တွေမှာဆိုရင် Primary School အထိရှိပါတယ် ဒါကြောင့် အသက်ဆယ်နှစ်အထိ တက်နိုင်တဲ့ Primary School အထိ တိုးချဲ့ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားပါတယ်။

နန္ဒာနေဝင်း