Dar Doepyi
Souvenir of Myanmar
ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်း၊ အီးမေးလ် . . .
အမှတ်၆/၁၊ သံသုမာလမ်း၊ ၂၄ ရပ်ကွက်၊ သုဝဏ္ဏမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီး ဖုန်းနံပါတ် ၀၉- ၄၄၈၀၀၈၀၀၀ နဲ့ [email protected] ၊ www.face book.com/Dar Doepyi တို့ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
ဆိုင်စတင်ဖွင့်လှစ်ပုံနဲ့ ရည်ရွယ်ချက် . . .
Dar Doepyi ဆိုတဲ့ နာမည်နဲ့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာ Online Shopping စလုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ Online Shopping လုပ်တာ တစ်နှစ်ပြည့်တဲ့နေ့မှာ Dar Doepyi ဆိုင်ကို စဖွင့်ခဲ့ပါတယ်။ Souvenir လို့ပြောလိုက်ရင် လူအများစုက နိုင်ငံခြားနဲ့ဆက်စပ်တဲ့လုပ်ငန်း၊ လက်ဆောင်ပစ္စည်းတစ်မျိုးတည်းအတွက် လုပ်တဲ့လုပ်ငန်းလို့ ထင်ကြတယ်။ Dar Doepyi ကတော့ Souvenir ဆိုတာထက် Product of Myanmar အနေနဲ့လုပ်ချင်တာပါ။ မြန်မာပြည်အနှံ့အပြားမှာရှိနေတဲ့ ဒေသထွက်ပစ္စည်းတွေကို အဲဒီဒေသမှာရှိတဲ့ ဈေးနှုန်းအတိုင်း ရန်ကုန်မြို့မှာ ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။
ဆိုင်ဖွင့်ချိန် . . .
မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
ရနိုင်တဲ့ပစ္စည်းတွေ . . .
မြန်မာနိုင်ငံအတွင်းက ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုက ထင်ရှားတဲ့ ဒေသထွက်ပစ္စည်းတွေကို တတ်နိုင်သလောက် ဆိုင်မှာတင်ထားပါတယ်။ ချည်ထည်တွေနဲ့ လူသုံးကုန်၊ စားသုံးကုန်တွေလည်း ရနိုင်ပါတယ်။ ပယင်း၊ ကျောက်စိမ်းပစ္စည်းတွေနဲ့ မြန်မာ့လက်မှုယွန်းထည်တွေလည်း ရှိပါတယ်။
ဈေးနှုန်းပိုင်း . . .
ဈေးနှုန်းတွေဆိုရင် အနည်းဆုံး ရာဂဏန်းလောက်ကနေ အများဆုံး သုံးသိန်းကျပ်လောက်အထိ ရှိပါတယ်။ ဥပမာ - ဒေသထွက်ကုန် စားသုံးကုန်တွေဆိုရင် ခြောက်ရာ၊ ခုနစ်ရာကျပ်လောက်ကနေ စရှိပါတယ်။ တချို့ မြန်မာ့လက်မှုယွန်းပစ္စည်းတွေဆိုရင် အများဆုံးနှစ်သိန်း၊ သုံးသိန်းကျပ်လောက်အထိ ရှိပါတယ်။ ပြည်တွင်းဈေးကွက်ကို အဓိကရည်ရွယ်တာဖြစ်လို့ ဈေးကြီးတာထက် လူသုံးများတဲ့ပစ္စည်းတွေကို အရေအတွက်များများ ဖြန့်နိုင်ဖို့ အဓိကထားပါတယ်။
အနာဂတ်အစီအစဉ် . . .
လောလောဆယ်မှာတော့ ပြည်တွင်းဈေးကွက်ကိုပဲ ရည်ရွယ်ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာတော့ နိုင်ငံတကာက မြန်မာပြည်တွင်းဖြစ် ပစ္စည်းတွေကို မှာယူချင်တယ်ဆိုရင် ပို့ပေးနိုင်တဲ့အထိ လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။