Concordia ကုမ္ပဏီဟာ Medical လုပ်ငန်းသုံးပစ္စည်းတွေ၊ Office Automation ပစ္စည်းတွေနဲ့ Engineering လုပ်ငန်းသုံးပစ္စည်းတွေကို လုပ်ကိုင်နေတဲ့ အနှစ်နှစ်ဆယ်ကျော် သက်တမ်းရှိပြီးဖြစ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Concordia ကုမ္ပဏီရဲ့တည်ထောင်သူဖြစ်တဲ့ ဒေါက်တာသန်းဝင်းနဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာတွေကို CEO ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Concordia ကို မြန်မာပြည်မှာ စတင်တည်ထောင်ဖြစ်ခဲ့ပုံ . . .
ကျွန်တော်က ရန်ကုန်မှာ ဆရာဝန်ဘွဲ့ ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သြစတြေးလျမှာ ဆရာဝန်ဘွဲ့ သွားဖြေခဲ့ပြီး အဲဒီမှာလေးနှစ် အလုပ်လုပ်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရန်ကုန်ပြန်လာပြီး ကုမ္ပဏီကိုတည်ထောင်ဖြစ်ခဲ့ပါတယ်။ စီးပွားရေးကို ကျွန်တော်ဆေးကျောင်းတက်စဉ်ကတည်းက ဝါသနာပါတဲ့အတွက် မြန်မာပြည်စီးပွားရေးပွင့်လင်းလာတဲ့အချိန် ကျွန်တော်စီးပွားရေး စလုပ်မယ်ဆိုတော့ Fortune ကို တာဝန်ယူဆောင်ရွက်နေတဲ့ ကျွန်တော့်ရဲ့အစ်ကိုဆီမှာပဲ အလုပ်သင်အနေနဲ့ တစ်နှစ်လောက် ဝင်လုပ်ကြည့်ခဲ့ပြီး ကိုယ်ပိုင်ကုမ္ပဏီ စတင်တည်ထောင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာ အနှစ် နှစ်ဆယ်ကျော်ပြီ ဖြစ်ပါတယ်။
Concordia ကုမ္ပဏီအကြောင်း . . .
ကျွန်တော်တို့ကုမ္ပဏီကို ၁၉၉၄ ခုနှစ်မှာ စတင်ခဲ့ပြီး အဓိကအနေနဲ့ လုပ်ငန်းသုံးခုကို ဆောင်ရွက်နေပါတယ်။ ၁။ ရုံးလုပ်ငန်းသုံးပစ္စည်းတွေ၊ ၂။ ကျန်းမာရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ ၃။ Civil Engineering ၊ Geology သုံးပစ္စည်းတွေ (ဥပမာ - မြေတိုင်းလုပ်ငန်းသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ မြေပုံထုတ်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ GPS (Global Positioning System) တွေ အစရှိတဲ့ ပစ္စည်းတွေကို နိုင်ငံအတော်များများကနေ တင်သွင်းဖြန့်ဖြူးနေပါတယ်။ အဓိကတင်သွင်းတဲ့နိုင်ငံတွေက ဂျပန်၊ အမေရိကားနဲ့ ဥရောပနိုင်ငံတွေဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရုံးတွေကနေ ဖြန့်ဖြူးပေးနေပါတယ်။ After Sales Service တွေ၊ Training ပေးတာတွေကိုလည်း ပြုလုပ်နေပါတယ်။ ရုံးချုပ်ကို ရန်ကုန်မှာ ထားရှိပြီး ရုံးခွဲတွေကို မန္တလေး၊ နေပြည်တော်တို့မှာ ဖွင့်လှစ်ထားပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း Dealer ဝန်ထမ်းတွေ ထားထားပါတယ်။
ပါဝင်ဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေ . . .
ကျွန်တော်က ရန်ကုန်တိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှာ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။ မြန်မာနိုင်ငံ ဆေးလုပ်ငန်းအသင်းမှာလည်း EC အနေနဲ့ တာဝန်ယူထားပါတယ်။ မဟာရိုးမနဲ့ မြန်မာ-ကျောက်ဖြူ SEZ (KSH) မှာလည်း Director အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ ဒီအသင်းကို ကျောက်ဖြူစက်မှုဇုန် ဖော်ဆောင်ရေးအတွက် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လောလောဆယ် ကျောက်ဖြူစက်မှုဇုန်ကို ချက်ချင်းမစနိုင်သေးတဲ့အချိန်မှာ ပုဏ္ဍားကျွန်းလို့ခေါ်တဲ့ စစ်တွေကနေ တစ်နေရာလောက်ပဲ ကားမောင်းရတဲ့နေရာမှာရှိတဲ့ ပုဏ္ဍားကျွန်းစက်မှုဇုန် MKSH မှာရှိတဲ့ မြန်မာကျောက်ဖြူ SEZ Public Holding Co မှာ စတင်ပြီးလုပ်ခဲ့တယ်။ MBA သင်တန်းဆင်း သူငယ်ချင်းတွေ စုပြီးဖွဲ့ထားတဲ့ Asia Business Synergy အများပိုင်ကုမ္ပဏီမှာလည်း ပါဝင်ဆောင်ရွက်နေပါတယ်။ ဒီကုမ္ပဏီဟာ အခုအချိန်မှာ Stock and Share ဘက်ကို စပြီးလုပ်ဖို့ စိုင်းပြင်းနေပါတယ်။ ကျွန်တော်က ရန်ကုန်စီးပွားရေးတက္ကသိုလ် ပတ္တမြားဆောင်မှာ ဖွင့်လှစ်ခဲ့တဲ့ စီမံခန့်ခွဲမှု နည်းပညာဌာနကပေးတဲ့ အွန်လိုင်း MBA ကို တက်ဖြစ်ခဲ့တာပါ။
ကုမ္ပဏီရဲ့ Management ပိုင်းကို ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို သိပါရစေ . . .
ဒီလုပ်ငန်းမှာ Structure အနေနဲ့ဆိုရင် ကျွန်တော်က Managing Director တာဝန်ကို ထမ်းဆောင်နေပါတယ်။ နောက်ပြီး ကျွန်တော်တို့ဆီမှာ Accouonting ပိုင်းကို တာဝန်ယူထားတဲ့ Director တစ်ဦးလည်း ရှိပါတယ်။ General Manager တစ်ယောက်ကတော့ Administration ကို တာဝန်ယူထားပါတယ်။ ခုနကပြောတဲ့ လုပ်ငန်းသုံးခုရှိတဲ့အထဲမှာ ဌာနတစ်ခုစီမှာလည်း မန်နေဂျာတစ်ဦးစီက တာဝန်ယူဆောင်ရွက်နေပါတယ်။ မန္တလေး၊ နေပြည်တော် ရုံးခွဲတွေမှာလည်း မန်နေဂျာတစ်ယောက်စီ ထားထားပါတယ်။
Middle Management Level ရာထူးတွေကို ခန့်အပ်တဲ့အခါမှာ လူမှန်နေရာမှန်ဖြစ်ဖို့အတွက် ဘယ်လိုရွေးချယ်ပါသလဲ . . .
အဓိကကတော့ အင်တာဗျူးရတာက ခက်ခဲပါတယ်။ လူတစ်ယောက်ဟာ လုပ်ငန်းနဲ့ အံဝင်ခွင်ကျဖြစ်မဖြစ်၊ ကိုယ့်ရဲ့ကုမ္ပဏီ၊ ကိုယ့်ရဲ့ Culture က သူနဲ့သဟဇာတ ဖြစ်မဖြစ်ဆိုတာတွေကို အင်တာဗျူးမှာ သိရဖို့ဆိုတာ တော်တော်လေးခက်ပါတယ်။ ဒါကြောင့် အစမ်းခန့်ကာလသုံးလထားပြီး ကျွန်တော်တို့လိုချင်တဲ့အတိုင်း ဖြစ်မဖြစ်ကြည့်ပါတယ်။ များသောအားဖြင့်တော့ လူမှန်နေရာမှန်ရဖို့ဆိုတာက တော်တော်လေးတော့ ခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေ လုပ်ငန်းပိုင်းမှာ ကျွမ်းကျင်လာဖို့အတွက်ကိုလည်း နိုင်ငံခြား Training တွေ လွှတ်ပေးရပါတယ်။ Service အတွက်ပဲဖြစ်ဖြစ်၊ Product Knowledge အတွက်ပဲဖြစ်ဖြစ်၊ Training တွေ အများကြီးလွှတ်ပေးပါတယ်။
ကုမ္ပဏီရဲ့ Marketing ပိုင်းနဲ့ ပတ်သက်ပြီးတော့ သိချင်ပါတယ် . . .
ကျွန်တော်တို့ကတော့ Product သုံးလိုင်းရှိပြီး တစ်ခုနဲ့တစ်ခုမတူပါဘူး။ နံပါတ်တစ်အပိုင်းဖြစ်တဲ့ Office Automation ပိုင်းမှာဆိုရင် ကြော်ငြာတာထက်၊ Customer တစ်ဦးချင်းဆီကို ရောက်အောင်သွားရတယ်။ ပြီးတော့မှ သူတို့ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး တိုက်ရိုက်သွားပြီးတော့ Marketing လုပ်ရပါတယ်။ ဥပမာ- Copier ဆိုရင် သူတို့က Black and White လိုတာလား၊ ကာလာလိုတာလား၊ စက်ကကော ဘယ်အရွယ်အစားကို လိုချင်တာလဲ၊ စက်ရဲ့ Quality ကို ဘယ်လောက်လောက် လိုချင်တာလဲ စတာတွေကို ကိုယ်တိုင်သွားပြီး တိုက်ရိုက် Marketing သွားလုပ်ရပါတယ်။ Medical Equitment တွေကျတော့ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တွေကပဲ သုံးတာဖြစ်တဲ့အတွက် ဈေးကွက်ပေါ်မူတည်ပြီးတော့ Marketing လုပ်ရပါတယ်။ Medical Equitment မှာ အရေးကြီးတာက Service ပိုင်းနဲ့ Safety Factor တွေ ဖြစ်ပါတယ်။ Engineering Equitment တွေအတွက်ကိုတော့ ဆောက်လုပ်ရေးကုမ္ပဏီတွေကို ကျွန်တော်တို့က Service သင်တန်းတွေ အများကြီးလုပ်ပေးပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ သင်တန်းတွေကနေ ကျွန်တော်တို့ရဲ့ Product တွေကို ပြန်ပြီးဝယ်ယူအားပေးလာပါတယ်။
ကုမ္ပဏီကို ရေရှည်တည်တံ့ခိုင်မြဲစေဖို့ ကုမ္ပဏီစထောင်တဲ့အချိန်ကနေစပြီး ကုမ္ပဏီကို Stable ဖြစ်အောင် Run နိုင်ဖို့ အချိန်ဘယ်လောက်ယူဖို့လိုပါသလဲ . . .
ကျွန်တော်ဆိုရင် ကုမ္ပဏီကို အဖေ့ရဲ့အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် စခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကဆိုရင် ပထမဆုံးလူတစ်ယောက်ခန့်ဖို့ ကျွန်တော့်အနေနဲ့ လစာပုံမှန်ပေးနိုင်ပါ့မလားဆိုတာကို တော်တော်စဉ်းစားခဲ့ရပါတယ်။ နောက်ပိုင်းလူငါးဆယ်လောက်ဖြစ်လာတဲ့အခါမှာ ကုမ္ပဏီရဲ့ Culture ကို ပြောင်းလာရတယ်။ အဲအချိန်ကျရင် ကျွန်တော်တို့က ပုံမှန် Regulation တွေ လုပ်ရတယ်။ လူနည်းတုန်းက အမြဲတန်းတွေ့နေတာဖြစ်တဲ့အတွက် မိသားစုအနေနဲ့ သွားလို့ရပေမဲ့ လူ ၄၀၊ ၅၀၊ ၁၀၀ လောက် ဖြစ်လာတဲ့အခါကျတော့ တွေ့ဖို့က မလွယ်တော့ဘူး။ အဲဒီအခါမှာ ပုံမှန် Meeting ရှိအောင် Organization Structure တွေကို ကုမ္ပဏီကြီးထွားလာတာနဲ့အမျှ လိုက်ပြီးပြောင်းပေးရတယ်။ မပြောင်းတဲ့အခါမှာ အခက်အခဲတွေတွေ့ရတဲ့အတွက် ဒါကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ မိတ်ဆွေတွေရှိတဲ့ တခြားကုမ္ပဏီကြီးတွေမှာ လေ့လာရတယ်။ လူများလာရင် ဘယ်လိုလုပ်ရမလဲ၊ ပုံမှန် Meeting လုပ်မလား၊ Quarter Meeting လုပ်မလား၊ Yearly Meeting လုပ်မလားဆိုတာတွေကအစ ပြုလုပ်လာရပါတယ်။ နောက်ပိုင်းမှာဆိုရင် HR Department ကို တိုးချဲ့လာရပါတယ်။ HR Department ရှိမှလည်း အင်တာဗျူးခေါ်တာတို့၊ Training ပိုင်းတို့ စတာတွေကို ထိထိရောက်ရောက် ပြုလုပ်လာနိုင်ပါတယ်။ အခုအချိန်ထိတော့ ကျွန်တော်လည်း လေ့လာသင်ယူနေရဆဲ ဖြစ်ပါတယ်။
MBA မှာသင်ခဲ့တာတွေက လက်တွေ့မှာ ဘယ်လိုပြန်ပြီး Apply လုပ်ပါသလဲ . . .
ကျောင်းမှာတုန်းကတော့ စာမေးပွဲဖြေဖို့၊ စာမေးပွဲအောင်ဖို့၊ အမှတ်များများရဖို့လောက်ပဲ သိတာပါ။ ကျွန်တော် MBA တက်တော့ လုပ်ငန်းခွင်မှာလည်း လက်တွေ့လုပ်နေတာဖြစ်တဲ့အတွက် လုပ်ငန်းမှာ လက်ရှိတွေ့နေရတာတွေကို စာနဲ့ပြန်ပြီး ပူးပေါင်းမိသွားပါတယ်။ လုပ်ငန်းခွင်ရောက်မှ စာပြန်လုပ်ဖြစ်တာ ဘာကောင်းလဲဆိုတော့ ကိုယ်တွေ့ရတဲ့အတွေ့အကြုံကို နာမည်တပ်လို့မရဘူး။ ဥပမာ- Employee Turnover ဆိုတာ တစ်လအတွင်းမှာ လူဘယ်နှယောက် အလုပ်ပြောင်းတယ်၊ Turnover ဘယ်လောက်ရှိတယ် ဆိုတာမျိုးတွေကို အရင်ကမခေါ်တတ်ဘူး။ MBA တတ်တဲ့အခါကျမှ ဒါမျိုးတွေက Technology နဲ့ ဒါဆိုရင် ဒီလိုခေါ်ပါလား၊ ဒါမျိုးဆိုရင် ဘယ်လို Approach လုပ်လို့ရမလဲ။ ကိုယ့်မှာရှိတဲ့ Turnover Rate ဟာ တခြားနိုင်ငံတွေ၊ တခြားကုမ္ပဏီတွေနဲ့ယှဉ်ကြည့်ရင် ဘာလိုနေလဲဆိုတာကို နှိုင်းယှဉ်လို့ရလာတယ်။ နောက်ထပ် တအားကောင်းတာတစ်ခုက Accounting ဖြစ်ပါတယ်။ Accounting ဟာဆိုရင် MBA မှာ အဓိကဘာသာရပ်တစ်ခုအနေနဲ့ ပါပါတယ်။ အဲဒီမှာဆိုရင် Balance Sheet တို့၊ အရှုံးအမြတ်တို့ စတာတွေကအစ နဂိုကကြည့်သာ ကြည့်တယ်၊ သိပ်မလွယ်ဘူး၊ နားလည်ရခက်ခဲ့ပါတယ်။ MBA တက်တဲ့ အခါကျတော့ Balance Sheet ဆိုတာဘာလဲ၊ အရှုံးအမြတ်ကို ဘယ်လိုတွက်ရလဲဆိုတာ သိလာတယ်။ သင်တာတွေ အကုန်လုံးကိုမမှတ်မိဘူးဆိုပေမယ့် ဘယ်အချိန်မှာ ဘာကအရေးကြီးတယ် ဆိုတာလောက်ကိုတော့ Idea ရလာပါတယ်။ လိုအပ်ရင် ဘယ်နေရာ သွားရှာရမယ်ဆိုတာ သိလာပါတယ်။
အခုနောက်ပိုင်းမှာ နိုင်ငံခြားကုမ္ပဏီတွေလည်း တအားဝင်လာတဲ့အတွက် ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ Survive ဖြစ်ဖို့အတွက် ဘယ်လို Trend ကို လိုက်ပါပြောင်းလဲရမလဲ . . .
လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ တိုင်းပြည်က ပွင့်လင်းလာတယ်။ အထူးသဖြင့် ကျွန်တော်တို့လုပ်တဲ့ Industry တစ်ခုဖြစ်တဲ့ Healthcare မှာဆိုရင် ဈေးနှုန်းတွေ တအားမြင့်ပေမဲ့ ပစ္စည်းတွေ အများကြီးဝင်တာကြောင့် နိုင်ငံခြားကုမ္ပဏီတွေက မြန်မာပြည်ကို ပိုပြီး စိတ်ဝင်စားလာကြတယ်။ အဲတာကြောင့် Supplier တွေက မြန်မာပြည်ကို ပိုပြီးလာတယ်။ နောက်ပြီး ကျွန်တော်တို့လို ပစ္စည်းဖြန့်တဲ့ ကုမ္ပဏီတွေ ပိုပြီးများလာတယ်။ ဒါကြောင့် Competation က တအားကို များလာတယ်။ Competation က Market Share ကို ပြိုင်သလို ကျွန်တော်တို့ရဲ့ အဓိကရှားပါးကုန်ဖြစ်တဲ့ Human Resource တွေအတွက်လဲ ပြိုင်လာပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ Key Person တွေဆိုရင် သင်တန်းတွေများများ လွှတ်ပေးပါတယ်။ သူတို့က သူတို့တွေရဲ့ Career တိုးတက်ဖို့အတွက် ကုမ္ပဏီအနေနဲ့ ဘယ်လိုများလုပ်ပေးမလဲ ဆိုတာမျိုးတွေးတာရှိပါတယ်။ နောက်တစ်ခုကတော့ Achievement ပေါ်မူတည်ပြီး သူတို့အကျိုးအတွက် ဥပမာ- Potential ပိုင်းမှာဖြစ်ဖြစ်၊ Salary ပိုင်းမှာဖြစ်ဖြစ် အကျိုးအမြတ်ရှိအောင် လုပ်ပေးပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ စဉ်းစားထားတာကတော့ Stock တချို့ကို ခွဲဝေပေးချင်ပါတယ်။
ကိုယ့်ရဲ့ Knowledge ကို Update ဖြစ်နေအောင် ဘယ်လိုပုံစံနဲ့ ဖြည့်သွားပါသလဲ . . .
ကျွန်တော်က Semina လို သင်တန်းတွေကြုံရင်လည်း နားထောင်တယ်။ နောက်တစ်ခုက အခုနောက်ပိုင်းမှာဆိုရင် အများပိုင်ကုမ္ပဏီတွေ များလာတဲ့အတွက် BOD အစည်းအဝေးတွေမှာ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတွေ ဘယ်လိုလုပ်ကြတယ်၊ ဘယ်လိုပြောဆိုတယ်စတာတွေကို သင်ယူဖြစ်ပါတယ်။ ဘယ်နေရာမှာဆိုရင် ဘယ်လိုနည်းလမ်းတွေကို အသုံးပြုတယ်၊ ဘယ်ဟာက ပိုကောင်းတယ်ဆိုတာတွေကို Sharing လုပ်ဖြစ်ပါတယ်။
အနာဂတ်မှာ ဆက်ပြီးလုပ်ဆောင်သွားမှာတွေ . . .
အနာဂတ်မှာတော့ ကျွန်တော်က Concordia Product လိုင်းကိုပဲ လုပ်ဖို့ရှိပါတယ်။ ပြီးတော့မှ တစ်ချိန်တည်း မှာပဲ Product လိုင်းသုံးခုမှာပဲ Complementry အနေနဲ့ သူ့ကိုအားဖြည့်ပေးတဲ့ Product တွေကို ထပ်ပြီးတိုးချဲ့သွားဖို့ ရှိပါတယ်။ Concordia အနေနဲ့မဟုတ်ဘဲ ကျွန်တော်ပါဝင်ထားတဲ့ အများပိုင်ကုမ္ပဏီဖြစ်တဲ့ ကျောက်ဖြူစက်မှုဇုန်နဲ့ ပုဏ္ဍားကျွန်းစက်မှုဇုန်မှာလည်း ရင်းနှီးမြှုပ်နှံသွားဖို့ ရှိပါတယ်။ နောက်ပြီး IT ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သန်လျင်ဖက်မှာလုပ်မယ့် Cyber City Project မှာလည်း ပါဝင်ဆောင်ရွက်ဖို့ ရှိပါတယ်။
Rotary Club နဲ့ ပတ်သက်ပြီး အနည်းငယ်လောက် ရှင်းပြပေးပါ . . .
Rotary ကို အမေရိကားမှာ စခဲ့တာဖြစ်ပါတယ်။ Rotary မှာ သက်မွေးဝမ်းကျောင်းမှုမတူညီတဲ့ နယ်ပယ်အသီးသီးက မိတ်ဆွေတွေတွေ့ဆုံကြပြီး ဒီအတိုင်းကြီးတွေ့မယ့်အစား ပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုရင်ကောင်းမလဲဆိုပြီး Rotri Club ကို နိုင်ငံတကာမှာ လိုက်ပြီးတည်ထောင်တယ်။ သူ့ရဲ့ရည်ရွယ်ချက်က အဓိကအနေနဲ့ ကျန်းမာရေး၊ ပညာရေးစတာတွေကို တတ်နိုင်သမျှလိုက်ပြီး ဆောင်ရွက်ပေးတယ်။ Rotary Club Yangon ကို ကျွန်တော်တို့က ၂၀၁၅ ခုနှစ်မှာ စပြီးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ Member လေးဆယ်ကျော်လောက်ရှိပြီးတော့ တစ်ပတ်မှာတစ်ကြိမ် အစည်းအဝေး အမြဲလုပ်ဖြစ်ပါတယ်။ အလှူငွေအတွက်ကို ကျွန်တော်တို့ချည်းပဲမဟုတ်ဘဲ မြန်မာပြည်မှာ တစ်ခုခုဖြစ်တယ်ဆိုရင် တခြားမှာရှိတဲ့ Rotary Club တွေကလည်း နည်းသည်များသည်မဟုတ်ဘဲ အလှူငွေဝိုင်းထည့်ကြပါတယ်။ ရေဘေးတုန်းကဆိုရင် ကျွန်တော်တို့က မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်တွေကို အဓိကအနေနဲ့ သွားရောက်ခဲ့ပြီး အဝတ်အထည်၊ ငွေသား၊ အစားအသောက် စတာတွေကို လှူခဲ့ပါတယ်။ Rotary Club မှာ မနှစ်က President က Uncle Martin Pun ဖြစ်ပြီး ကျွန်တော်က Project Director တာဝန်ယူခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော် President Elect (PE) အနေနဲ့ တာဝန်ယူထားပါတယ်။ နောက်နှစ်မှာတော့ ကျွန်တော်က President အနေနဲ့ တာဝန်ယူရမှာ ဖြစ်ပါတယ်။
မြန်မာပြည်ကို ရောက်လာအောင် ဘယ်လိုလုပ်ခဲ့ပါသလဲ . . .
Rotary Club က မြန်မာပြည်ကို ရောက်နေပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ MMRD က ကိုမိုးကျော်ဆီကို Rotary Club က လာပြီး ဆက်သွယ်တယ်။ အဲဒီကနေစပြီးတော့ပဲ Rotary Club လုပ်ဖြစ်သွားတာပါ။ အဓိကကတော့ သူ့ရဲ့ပံ့ပိုးဆောင်ရွက်မှုတွေ အများကြီးပါပါတယ်။
ကိုဒီ