Collective Genius : The Art and Practice of Leading Innovation

article portrait watermark final   ဖန်တီးတီထွင်တတ်သူတစ်ဦးဖြစ်ဖို့ဆိုရင် သူမတူတဲ့တီထွင် ဖန်တီးဉာဏ်စွမ်းတွေ ရှိဖို့ လိုတယ်လို့ တချို့က ထင်ကြပါတယ်။ မှန်သင့်သလောက်မှန်ပေမဲ့ တကယ်တမ်းက ရေရှည်တီထွင် ဖန်တီးနိုင်စွမ်းတွေရှိနေ ဖို့အတွက်ကတော့ မိမိကိုယ်တိုင် တီထွင်နိုင်ဖို့ကြိုးစားတာထက် ဆန်းသစ်တဲ့ အတွေးအမြင်ရှိ တဲ့ တခြားသူတွေကို မိမိကစုစည်းဦးဆောင်ပြီး တီထွင်သွားဖို့ ဖြစ်တယ်။ လူတစ်ယောက်ဟာ တခြားနေရာတွေမှာ ခေါင်း ဆောင်ကောင်းတစ်ယောက်ဖြစ်နေရင် အခုလို ဆန်းသစ်တဲ့ အတွေ့အကြုံရှိသူတွေကို ဦးဆောင်သွားနိုင်လိမ့်မယ်လို့ တစ်ထစ်ချမယူဆသင့်ဘူး။ ဆန်းသစ်တီထွင်မှုကို ဦးဆောင် နိုင်တယ်ဆိုတာက အရည်အချင်း တစ်မျိုးဖြစ်ပါတယ်။ အထက်ပါအ တိုင်း တီထွင်ဖန် တီးမှုကို ဘယ်လို ဦးဆောင် လုပ်ကိုင်သွားတယ်ဆိုတာ အောင်မြင်နေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Volkswagen ၊ Google ၊ eBay နဲ့ Pfizer အစရှိတဲ့ လုပ်ငန်းဌာနတွေက ခေါင်း ဆောင်တွေရဲ့ လုပ်နည်းလုပ်ဟန်တွေကို တင်ပြထားပါ တယ်။ စုပေါင်းတီထွင်တဲ့အတွေးအမြင်သစ်တွေ၊ တစ် နည်းအားဖြင့် ဆန်းသစ်တီထွင်မှုတွေကို သင်စုစည်းဦး ဆောင်လုပ်ကိုင်နိုင်မယ်ဆိုရင် အကျိုးကျေးဇူးများစွာ ရှိမှာ ဖြစ်တယ်။ ရေးသူများ       -         Linda A. Hill, Greg Brandeau, Emily Truelove, Kent Linebackု ထုတ်ဝေသူ      -         Harvard Business Review Press (၁၀.၆.၂၀၁၄) စာမျက်နှာ       -         ၃၂၀ မျက်နှာ၊ ကတ်ထူဖုံး ISBN-10:1422130029 ISBN-13:978-1422130025