Cleaning Express Self-Service Laundromat

CleaningExpress2

ရည်ရွယ်ချက် . . .

လူနေမှုဘဝတိုးတက်လာတဲ့ မိသားစုတွေ၊ အလုပ်တစ်ဖက်နဲ့ အချိန်ရှားပါးတဲ့ ဝန်ထမ်းတွေရဲ့ လျှော်ဖွတ်သန့်စင်ခြင်း လိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်တည်ထောင်ခြင်း ဖြစ်ပါတယ်။ အဝတ်အထည်တွေကို Outlet ကို ယူဆောင်လာပြီး Washing Machine ၊ Dryer များအသုံးပြုကာ ကိုယ်တိုင်လျှော်ဖွတ်နိုင်ပါတယ်။ Cleaning Express ရဲ့ Core value တွေဖြစ်တဲ့ လွယ်ကူခြင်း (Easy) ၊ မြန်ဆန်ခြင်း (Fast) ၊ ပညာရပ်နယ်ပယ်ကျွမ်းကျင်မှု (Professional) ၊ ကုန်ကျစာရိတ်တွက်ခြေကိုက်မှု (Cost Effective) နဲ့ အဆင်ပြေချောမွေ့ခြင်း (Convenience) စတဲ့ အချက်တွေကို Customer များ အစဉ်အမြဲရရှိ ခံစားနိုင်ဖို့ ရည်ရွယ်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ရရှိနိုင်သော ဝန်ဆောင်မှုများ . . .

အဝတ်တွေ လျှော်ဖွတ်ခြင်း၊ အခြောက်ခံခြင်းနဲ့ မီးပူတိုက်ခြင်းတို့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Washer အနေနဲ့ 10 Kg ၊ 15 Kg ၊ 25 Kg စက်တွေထားရှိကာ Dryer အနေနဲ့ 15Kg စက်တွေထားရှိပါတယ်။ Cleaning Express ရဲ့ Dryer တွေကြောင့် မိုး တွင်းမှာ အဝတ်တွေမခြောက်တဲ့ ဒုက္ခ၊ လှန်းစရာနေရာမရှိခြင်း၊ မခြောက်လို့ အနံ့အသက်မကောင်းတာတွေ မရှိတော့ဘဲ မိနစ်ပိုင်းအတွင်း အဝတ်တွေခြောက်ပြီး အဆင်ပြေစေမှာဖြစ်ပါတယ်။

Cleaning Express ရဲ့ Ironing စနစ်တကျသင်ကြားပေးထားတဲ့ မီးပူတိုက်ကျွမ်းကျင်သူများက သပ်ရပ်ကောင်းမွန်အောင် မီးပူတိုက်ပေး၊ ခေါက်ပေးမယ့် Ironing Service လည်း ရှိပါတယ်။

CleaningExpress1

ဈေးနှုန်း . . .

Washer      

10 Kg (အထည် ၂၀ မှ ၂၅ ထည်) နှစ်ထောင်ကျပ်

15 Kg (အထည် ၃၀ မှ ၃၅ ထည်) သုံးထောင်ကျပ်

25 Kg (အထည် ၄၀ မှ ၅၅ ထည်) ငါးထောင်ကျပ် Dryer

15 Kg ( 25 Minutes) သုံးထောင်ကျပ်

Extra 8 Minutes တစ်ထောင်ကျပ် Ironer

Small ငါးဆယ်ကျပ်၊ Medium တစ်ရာကျပ် ၊ Large ၁၅၀ ကျပ် ၊ X-Large နှစ်ရာကျပ်

Charges ကိုလည်း အဝတ်တစ်ထည်ချင်းအတွက် မဟုတ်ဘဲ၊ တစ်ကြိမ်လျှော်ဖွတ်ခြင်းအတွက်သာ ကောက်ခံသွားမှာဖြစ်ပါတယ်။ လျှော်ဖွတ်ဖို့ ကျသင့်ငွေကို Coin နဲ့လဲလှယ်ပြီး စက်အတွင်း Coin ထည့်ကာ မိမိကိုယ်တိုင်လျှော်ဖွတ်နိုင်၊ အခြောက်ခံနိုင်ပါတယ်။

လူကြီး၊ ကလေးအလွယ်တကူ ဆောင်ရွက်နိုင်တဲ့ ရိုးရှင်းတဲ့ Procedure တွေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

CleaningExpress3

အနာဂတ်အစီအစဉ် . . .

ရန်ကုန်မြို့တွင်းမှာ ဆိုင်ခွဲတွေ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်လိုသူတွေအတွက် Franchise Package တွေလည်း စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ Franchise အစီအစဉ်မှာ Laundry Machine များ ပံ့ပိုးခြင်း၊ Mechnical ၊ Electrical Works တွေ ဆောင်ရွက်ပေးခြင်း၊ စက်တွေ Installation ပြုလုပ်ပေးခြင်း၊ Interior Decoration ပြုလုပ်ပေးခြင်း၊ Standard Operation Procedure တွေရေးဆွဲပေးကာ သင်ကြားပေးခြင်း၊ Operating System Setup ပြုလုပ်ပေးခြင်း၊ စက်တွေကို ပုံမှန် Maintenance ပြုလုပ်ပေးခြင်းစသဖြင့် ပါဝင်မှာဖြစ်ပါတယ်။