ဆက်သွယ်နိုင်မယ့်လိပ်စာ . . .
အမှတ် ၄၉ ဘီ၊ ပထမထပ်၊ မိုးစန္ဒာလမ်း၊ ကမာရွတ်မြို့နယ်မှာတည်ရှိပြီး ဖုန်း ၀၉-၂၅၆၆၃၇၉၃၂ နဲ့ Facebook.com/cleanpromyanmar တို့ကနေ ဆက်သွယ်နိုင်ပါတယ်။
လုပ်ငန်းစတင်ဖြစ်ပုံ . . .
Clean Pro ကို ၂၀၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Cleaning Service ပေးဖို့အတွက် အများကြီးစဉ်းစားခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ Cleaning Service ကို ပိုက်ဆံသိန်းချီ အကုန်ခံပြီး ခေါ်မနေပါဘူးဆိုတဲ့ Concept မျိုး ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာကျတော့ ဒီ Service က တအားကို အသုံးဝင်တာကြောင့် ဒီလုပ်ငန်းကို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက လုပ်ချင်နေခဲ့ပေမဲ့ လိုအပ်တဲ့စက်ပစ္စည်းတွေ၊ Chemical တွေကို ဝယ်ယူနိုင်ဖို့ အရင်းအနှီးစုဆောင်းနေရတာနဲ့ မနှစ်ကမှ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာ Cleaning Service လိုအပ်တယ်လို့ မြင်တဲ့အတွက် ဒီလုပ်ငန်းကို စတင်ဖြစ်ခဲ့တာပါ။
ဘယ်လိုဝန်ဆောင်မှုမျိုးတွေပေးလဲ . . .
Deep Cleaning ၊ Carpet Cleaning ၊ Commercial Cleaning ၊ Construction Cleaning စတာတွေကို အဓိက ဝန်ဆောင်မှုပေးပါတယ်။ ဝန်ဆောင်မှုပေးရာမှာလည်း သန့်ရှင်းရမယ့်နေရာကို ဟိုတယ်အသစ်တစ်လုံးလိုမျိုး သန့်ရှင်းစေဖို့ ဆောင်ရွက်ပေးတဲ့အပြင် Chemical သုံးရာမှာလည်း Eco Friendly ဖြစ်တဲ့ Chemical တွေ၊ Right Chemical တွေကို ရွေးချယ်အသုံးပြုပါတယ်။ လက်ရှိမှာဆိုရင်တော့ International School တွေ၊ အစိုးရရုံးကြီးတွေ၊ Shopping Mall တွေကို ဝန်ဆောင်မှုပေးနေပါတယ်။ ဒါပြင် အိမ်အပြောင်းအရွှေ့၊ မပြောင်းခင်နဲ့ ပြောင်းပြီးချိန်တွေမှာ ကိုယ်နေခဲ့တဲ့အိမ်ကို သန့်ရှင်းပေးခဲ့ချင်တာတို့၊ ကိုယ်သွားနေမယ့်အိမ်ကို သန့်ရှင်းချင်တာတို့ကိုလည်း ဆောင်ရွက်ပေးပါတယ်။
ဈေးနှုန်းပိုင်း . . .
အိမ်တွေကိုဆို အလုပ်လက်မခံခင် အရင်ဆုံးဘယ်လောက် ညစ်ပတ်နေတယ်၊ ဘယ်လို Chemical တွေကို ဘယ်လောက်အတိုင်းအတာထိ သုံးရမှာလဲဆိုတာကို အရင် Survey လုပ်ပြီး တစ်ပေပတ်လည်ကို ၁၃၀ ကျပ်လောက်ကနေ ၂၃၀ ကျပ်လောက်ထိ ယူပါတယ်။ Commercial Site ဆိုရင်တော့ တစ်နှစ်ကို ဘယ်နှခါလုပ်မလဲဆိုတဲ့ပေါ်မှာ မူတည်ပြီးတော့ ပုတ်ပြတ်ယူလိုက်ပါတယ်။
ဘယ်ပစ္စည်းအမျိုးအစားတွေကို သုံးပါသလဲ . . .
များသောအားဖြင့် သန့်ရှင်းရေးလုပ်ငန်းပစ္စည်းတွေက ဂျာမနီနဲ့အီတလီနိုင်ငံထုတ် ပစ္စည်းတွေကို စင်ကာပူကနေ မှာယူပြီး အသုံးပြုပါတယ်။ Chemical တွေကတော့ နိုင်ငံတော်တော်များများကနေ တင်သွင်းပါတယ်။
အနာဂတ်အစီအစဉ် . . .
အနာဂတ်မှာ Cleaning Industry ဆိုရင် Clean Pro ကို တန်းမြင်နေအောင်ထိ သွားနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း ကိုယ့်ရဲ့ Quality ကို မကျသွားစေဖို့ သန့်ရှင်းရေးလုပ်ပြီးသွားတဲ့နေရာတွေကို QC နဲ့ထပ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။