Gym တည်နေရာနဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ် . . .
ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်၊ ပုလဲကွန်ဒို၊ တိုက် C တတိယထပ်မှာ တည်ရှိပါတယ်။ ဖုန်းနံပါတ် ၀၁-၇၀၉၉၉၉၊၀၉-၇၉၄၉၉၉၇၇၇ ဖြစ်ပါတယ်။ Facebook Page ကတော့ @city.gym.myanmar ဖြစ်ပါတယ်။ Gym ကို မနက် ၆ နာရီခွဲကနေ ည ၉ နာရီ အထိ ဖွင့်လှစ်ထားပါတယ်။
City Gym ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက် . . .
အခုဆိုရင် ကမ္ဘာပေါ်မှာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေက အတော်လေး များလာတယ်။ လေ့ကျင့်ခန်းလုပ်ရင် ကျန်းမာတယ်ဆိုတာကိုလည်း သိလာကြတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းကို နည်းစနစ်မှန်ကန်အောင် မလုပ်နိုင်ကြတဲ့အတွက် လေ့ကျင့်ခန်းကနေပေးတဲ့ ဒဏ်ရာတွေကို ခံစားရတယ်။ ကျွန်တော်တို့ Gym ရဲ့ ရည်ရွယ်ချက်ကတော့ ဒဏ်ရာကင်းကင်းနဲ့ လေ့ကျင့်ခန်းကို နည်းစနစ်မှန်ကန်အောင် လုပ်နိုင်ဖို့၊ ခဏတာ ခန္ဓာကိုယ်လှပရုံ မဟုတ်ဘဲ အသက်ကြီးတဲ့အထိ ဒဏ်ရာကင်းကင်းနဲ့ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နည်းစနစ်မှန်ကန်တဲ့ လေ့ကျင့်ခန်းလုပ်နည်းတွေကို စနစ်တကျသင်ကြားပေးပါတယ်လို့ City Gym ရဲ့ပိုင်ရှင် ကိုဇေယျာက ဆိုပါတယ်။
City Gym ရဲ့ဝန်ဆောင်မှုပိုင်း . . .
ကျွန်တော်တို့ဆီရောက်လာတဲ့ အသင်းဝင်တွေကို လာလာချင်း အလေးမခိုင်းတာမျိုး မလုပ်ပါဘူး၊ များသောအားဖြင့် လူတွေက ထိုင်ချင်သလိုထိုင်၊ သွားချင်သလိုသွားတဲ့အခါကျတော့ ခန္ဓာဗေဒသဘောတရားအရ မမှန်တာတွေရှိတယ်။ ဒါတွေကို တည့်မတ်အောင် အခြေခံလေ့ကျင့်ခန်းတွေကို ကျွန်တော်တို့က သင်ကြားပေးပါတယ်။ ပြီးတော့မှ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ သင်ကြားပေးပါတယ်။ သင်တန်းဆရာပေါင်း ခုနစ်ယောက်က လေ့ကျင့်သင်တန်းပေးတာ ဖြစ်ပါတယ်။ Gym ရဲ့ အကျယ်အဝန်းကတော့ စတုရန်းပေ ၁၂,၀၀၀ ရှိပါတယ်။
City Gym မှာ တခြားဖွင့်လှစ်တဲ့သင်တန်းတွေက . . .
ကျွန်တော်တို့ Gym နည်းပြဆရာဖြစ်သင်တန်းကိုလည်း ပေးပါတယ်။ ဆရာဖြစ်သင်တန်းကို တစ်ယောက်တည်းက ဘာသာရပ်အများကြီးသင်တာမျိုး မဟုတ်ဘဲ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပိုင်နိုင်သူတွေက လေ့ကျင့်သင်ကြားပေးတာ ဖြစ်ပါတယ်။ မူလရည်ရွယ်ချက်ဖြစ်တဲ့ ဆေးကုရမယ့်ရောဂါတွေကို လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ပျောက်ကင်းအောင်၊ ဒဏ်ရာကင်းကင်းနဲ့ နည်းစနစ်တကျ လေ့ကျင့်ခန်းလုပ်နိုင်အောင်ဆိုတဲ့ အချက်နှစ်ချက်ကို လက်ကိုင်ထားပြီး သင်တန်းပေးတာ ဖြစ်ပါတယ်။
ဈေးနှုန်းပိုင်း . . .
ကျွန်တော်တို့မှာ Gym သုံးခုလောက် ဖွင့်ထားပါတယ်။ အခု ပုလဲကွန်ဒိုက City Gym ကိုတော့ Middle Class အတွက် ရည်ရွယ်တဲ့အတွက် အလယ်အလတ်ဈေးနှုန်းမျိုး သတ်မှတ်ထားပါတယ်။