လူ့အဖွဲ့အစည်းမှာ အရင်းအနှီးစုဆောင်းမိလာခြင်းနဲ့ အနှံ့ အပြားသုံးစွဲလာခြင်းတွေ ဘာ့ကြောင့် ဖြစ်ပေါ်လာရသလဲ။ အချိန်ကြာလာတာနဲ့အမျ မညီမျမှုတွေ ဖြစ်ပေါ်လာပုံ၊ လူနည်းစုရဲ့ လက်ထဲမှာ ဥစ္စာဓနတွေ စုပုံလာပုံနဲ့ စီးပွား ရေးတိုးတက်ဖို့ အလားအလာ စတာတွေဟာ သက်ဆိုင်ရာ အစိုးရများက မိမိတို့နိုင်ငံရဲ့စီးပွားရေးကို ကိုင်တွယ်ဆောင် ရွက်ပုံဆိုတဲ့ (Political Economy) နဲ့ ဆိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အဖြေရှာဖို့ ခက်ခဲ တယ်။ ဒါပေမဲ့ အခုအခါ အထက်ပါစာအုပ်ရေးသားကြ သူတွေဟာ နိုင်ငံပေါင်း ၂၀ ကျော်ကို ၁၈ ရာစုနှစ်လောက်က အခြေအနေတွေကစပြီး ၂၁ ရာစုအထိ ခိုင်မာတဲ့အချက်အလက် တွေကို စုဆောင်းလေ့လာသုံးသပ်တင်ပြပြီး အဖြေထုတ်ထား တယ်။ မညီမျမှုတွေ များလာပြီး တစ်နေ့နေ့တစ်ချိန်မှာ မကျေနပ်မှုတွေ ပေါ်ပေါက်ကာ ဒီမိုကရေစီတန်ဖိုးတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ ဒီဆရာကဆိုတယ်။ ဒါပေမဲ့ ဒါတွေ ဟာ ပြုပြင်လို့မရနိုင်တာတွေ မဟုတ်ပါဘူးတဲ့။ မညီမျမှု တွေကို ရှေးယခင်တုန်းက နိုင်ငံရေးအရ အရေးယူဆောင် ရွက်ခဲ့တာတွေ ရှိခဲ့တယ်။ ဒီစာအုပ်ပါ သုံးသပ်ချက်တွေဟာ ဒီနေ့ဒီအခါမှာလည်း သင်ခန်းစာယူစရာတွေဖြစ်ကြောင်း တင်ပြထားပါတယ်။ ရေးသူ - Thomas Piketty ထုတ်ဝေသူ - Belknap Press, First Edition (10.3.14) စာမျက်နှာ - ၆၉၆ မျက်နှာ ISBN-10:067443000X ISBN-13:978-0674430006