C2B သွားနိုင်ဖို့ ရည်ရွယ်တဲ့ Zaw Gyi Mart

မြန်မာနိုင်ငံမှာ E-Commerce Service ပေးနေတဲ့သူတွေက လက်ချိုးရေလို့ရတဲ့ အရေအတွက်ပဲရှိပါသေးတယ်။ ဒီလိုအချိန်မှာ ပြည်တွင်းလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ E-Commerce Platform တစ်ခုကို သုံးနှစ်ကြာ ရပ်တည်လည်ပတ်အောင် လုပ်ခဲ့တဲ့ Za Inforamation Technology Co Ltd က Founder နဲ့ Managing Director ဖြစ်သူ ဦးဇော်မင်းအောင်နဲ့ တွေ့ဆုံခိုက်မှာ Zaw Gyi Mart နဲ့ ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

[caption id="attachment_25200" align="alignnone" width="370"]ဦးဇော်မင်းအောင်
Founder and Managing Director
Za Information Technology Co Ltd
zawgyimart.com.mm[/caption]

လုပ်ငန်းအကြောင်းမိတ်ဆက် . . .

Za Information Technology Company မှာ MD အနေနဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။ Zaw Gyi Mart ဆိုတဲ့ E-Commerce Platform ကတော့ ကျွန်တော်တို့ Za Information Technology Company ရဲ့ Main Business တစ်ခုပါ။ ကျွန်တော်တို့က IT Company ဖြစ်ပေမဲ့ E-Commerce Business ကိုပဲ အဓိကထားပြီး Support လုပ်နေပါတယ်။ Za Information Technology Company က အရင်တုန်းကတော့ Web Hosting  နဲ့ Myanmar Live TV ဆိုတဲ့ Live Streaming Service တွေလုပ်ခဲ့ပါတယ်။ Web Solution Service ကိုလည်း ပေးခဲ့ပါသေးတယ်။ အခုကတော့ ကျွန်တော်တို့ Zaw Gyi Mart ကိုပဲ Focus ထားပြီး လုပ်နေပါတယ်။ အနာဂတ်မှာလည်း Zaw Gyi Mart ကိုပဲ Focus ထားပြီး လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီစတင်လည်ပတ်ခဲ့တာ . . .

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းမှ Run ခဲ့တာပါ။ ကုမ္ပဏီလိုင်စင်ရတာကတော့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလဖြစ်ပါတယ်။ Zaw Gyi Mart E-Commerce Platform ကို ၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာစပြီး Launch လုပ်ခဲ့တာဖြစ်ပါတယ်။

Targeted Customer တွေက . . .

တစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာနိုင်ငံက လူတွေအားလုံး အရင်းအနှီးအနည်းငယ်နဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းစလုပ်လို့ရအောင် Focus ထားပြီး လုပ်ခဲ့တာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်က C2B (Consumer to Business) ဖြစ်ပါတယ်။ နိုင်ငံတကာ E-Commerce လုပ်ငန်းတွေကတော့ B2C ၊ B2B သွားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားအရရော E-Commerce အနေအထားအရရော တွက်ချက်ပြီး ကျွန်တော်တို့က C2B ကို Focus လုပ်ပြီးသွားနေတာ ဖြစ်ပါတယ်။ C2B ဆိုတာက ကျွန်တော်တို့ Focuing Trend ဖြစ်ပေမဲ့ လက်ရှိမှာကတော့ C2B ကို Support လုပ်နိုင်ဖို့ B2C ၊ B2B ကို ဦးစားပေးအရင်သွားရပါတယ်။ လူတိုင်းက အရင်းအနှီး ငွေငါးသောင်း၊ တစ်သိန်းလောက်ရှိရုံနဲ့ Online မှာဝယ်၊ Online မှာ ပြန်ရောင်းလို့ရတဲ့ ပုံစံမျိုးဖြစ်အောင် ကျွန်တော်တို့ လုပ်ပေးနေပါတယ်။ ဒီလို သူတို့ Online မှာ ဝယ်နိုင်ဖို့ ကျွန်တော်တို့ဆီမှာ B2B လိုပါတယ်။ Wholesaler တွေ ၊ Manufacturer တွေ Online မှာ တင်တာရှိမှ ဝယ်/ရောင်း လုပ်လို့ရနိုင်မှာ ဖြစ်ပါတယ်။

E-Commerce Facility တွေအနေနဲ့ဆိုရင် . . .

ကျွန်တော်တို့ဆီမှာ E-Commerce ရဲ့ Facility အကုန်ပါ ပါတယ်။ Individual Sales ၊ Retail ၊ Distributor ၊ Wholesales ၊ Prodcution & Manufacturing တွေ စသဖြင့် အသုံးပြုသူတွေ စိတ်ကြိုက်ရွေးချယ်နိုင်အောင် အကုန်လုပ်ပေးထားပါတယ်။

E-Commerce Platform သုံးတဲ့သူတွေအတွက် ပေးတဲ့ Service . . .

အဓိကကျွန်တော်တို့က Technology ပဲ Service ပေးတာဖြစ်ပါတယ်။ E-Commerce လုပ်ချင်သူတွေအတွက်  ဝန်ဆောင်မှုပေးတာသက်သက်ဖြစ်ပြီး ကျွန်တော်တို့က ပစ္စည်းဝယ်ပြီး ရောင်းတာမဟုတ်ပါဘူး။ Sale အတွက်ကိုတော့ Supplier တွေက ပစ္စည်းရောင်းပြီးတဲ့အခါ သူတို့အတွက် ငွေလက်ခံတဲ့စနစ်၊  ငွေပေးချေတဲ့စနစ်အတွက် ကျွန်တော်တို့က Payment စနစ်တွေအားလုံးနဲ့ ချိတ်ဆက်ပေးပါတယ်။ အသုံးပြုသူတွေ ဈေးဝယ်တဲ့အခါ ကြိုက်တဲ့ Platform နဲ့ ငွေပေးချေလို့ရအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးထားပါတယ်။ ဒါက နံပါတ်တစ်အချက် Payment ပါ။ နံပါတ်နှစ်အချက်ကတော့ Logistics ပါ။ အရောင်းအဝယ်ကတော့ Online မှာဖြစ်သွားပြီ။ ဒီပစ္စည်းကို After Sales Service အတွက် Distribution လုပ်ဖို့ Delivery Service က အစောပိုင်းတုန်းကတော့ Logistics ကုမ္ပဏီတွေနဲ့ စပြီးလုပ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Myanmar  Post Office နဲ့ Coporate လုပ်ပြီး Logistics Service ပေးနေပါတယ်။

Zaw Gyi Mart ကို ဘာကြောင့်သုံးသင့်သလဲ . . .

လက်ရှိ မြန်မာနိုင်ငံမှာ E-Commerce Local ပိုင်းက မရှိသလောက် နည်းပါတယ်။ E-Commerce Platform  ကို ထဲထဲဝင်ဝင်လုပ်နေတာက Rocket Internet တစ်ခုတည်း ရှိတယ်လို့ ဈေးကွက်အနေအထားအရ ကျွန်တော်တို့ သိထားပါတယ်။ Online Shop တွေနဲ့ E-Commerce ဆိုတာကိုလည်း နည်းနည်းကွဲကွဲပြားပြား သိစေချင်ပါတယ်။ Online မှာ ဈေးရောင်းကြတယ်၊ Online မှာ ဈေးဝယ်ကြတယ်ဆိုတာကို တော်တော်များများ လုပ်နေကြပါတယ်။ ဒါပေမဲ့ သူတို့ ဘယ်လိုလုပ်လဲဆိုတော့ Facebook Page တွေ၊ Viber Group တွေနဲ့ ကြော်ငြာပြီး ရောင်းကြတယ်။ နောက်တချို့ကကျတော့ WeChat တို့ဘာတို့လို Social Network တွေကနေ ရောင်းကြတာပါ။ တကယ့် E-Commerce တွေလို ငွေပေးချေတဲ့စနစ်တို့၊ Logistics စနစ်၊ Data Entry စနစ်တို့လို Public access ရှိပြီး Entry လုပ်နိုင်တဲ့စနစ်တွေ မရှိကြပါဘူး။ Social Network တွေပေါ်မှာ Information လေးပဲ Share လိုက်တာဖြစ်ပါတယ်။ အဲဒီအတွက် ဆိုးကျိုးတွေလည်း ရှိပါတယ်။

ကျွန်တော်တို့ Zaw Gyi Mart က အဲဒီလို Traditional လုပ်နေကြတဲ့ အဲဒီ Platform တွေနဲ့တော့ ကွဲပြားပါတယ်။ ဘာအားသာချက်တွေ ရှိနေမလဲဆိုရင်တော့ ကျွန်တော်တို့ ဒီ E-Commerce Platform ကို အသုံးပြုပြီး ဈေးရောင်းမယ်ဆိုရင် သူတို့ Productတွေကို စနစ်တကျနဲ့ ဝယ်မယ့် Customer ကို ဖော်ပြလို့ ရပါတယ်။ Stock ကိုပါ ပြထားလို့ရပါတယ်။ နံပါတ်နှစ်ကတော့ ပစ္စည်းတန်ဖိုးပြတဲ့စနစ်ပါ။ ပစ္စည်းတစ်ခုချင်းစီအလိုက် ဈေးနှုန်းအတိအကျ ပြနိုင်ပါတယ်။ Product ရှိတဲ့ Link ကို အသေမှတ်ထားလို့ရပါတယ်။  အဲဒီ Link ကို Cusotmer ဆီ ပေးလိုက်ရင် တစ်ခါတည်းတန်းသွားပြီး အဲဒီမှာဝယ်နိုင်ပါတယ်။ Social Network တွေဖြစ်တဲ့ Facebook တို့ကကျတော့ ဝယ်လို့မရပါဘူး။ ငွေပေးချေတဲ့စနစ်၊ Logistics စနစ်တွေ မပါဘူး။ Message ပို့ပြီး ဝယ်တာကျတော့ ဒါက Traditional စနစ်ပါပဲ။ ပြီးတော့ Secure မဖြစ်ပါဘူး။ ကျွန်တော်တို့ဆီမှာကျတော့ Secure ဖြစ်ပါတယ်။ Secure ဖြစ်တယ်ဆိုတာက Buyer Portection ရော၊ Seller Protection ရော ပါပါတယ်။ ပိုက်ဆံပေးလိုက်တယ်၊ ပစ္စည်းမရောက်ရင်လည်း ပိုက်ဆံ Refund ပြန်ထုတ်လို့ရပါတယ်။ ပိုက်ဆံမပေးသေးဘဲ အိမ်ရောက်မှ ငွေချေမယ်လို့ မှာလိုက်တယ်။ ဒါပေမဲ့ လက်ခံမယ့်သူ မရှိသေးဘူးဆိုရင်လည်း ဒီပစ္စည်းက Supplier ဆီ ပြန်ရောက်နိုင်တယ်။ Lost မဖြစ်သွားပါဘူး။ ဒီလိုမျိုး နှစ်ဘက်စလုံးကို Secure ဖြစ်အောင် လုပ်ပေးထားပါတယ်။ ငွေပေးချေတဲ့ စနစ်မှာလည်း နည်းပေါင်းစုံနဲ့ ပေးလို့ရအောင် Cusotmer ဘက်ကို Safe Side ဖြစ်အောင် လုပ်ပေးထားတယ်။ နယ်တွေတော်တော်များများအတွက်ဆိုလည်း အိမ်ရောက်မှ ငွေချေတဲ့စနစ်ဆိုတဲ့ Risk ကို မယူကြပါဘူး။ နယ်ဆိုရင် ကြိုပြီး ဘဏ်ကနေ ငွေလွှဲခိုင်းတတ်ပါတယ်။ အဲဒီလို ငွေလွှဲခိုင်းတဲ့အခါမှာလည်း Personal Account ကို လွှဲရတာ ဖြစ်ပါတယ်။ ဘယ်သူမဆို Facebook Page ကို Create လုပ်လို့ရပါတယ်။ ဘယ်နှခုမဆိုလည်း လုပ်လို့ရပါတယ်။ ကန့်သတ်ချက် မရှိပါဘူး။ အဲဒီတော့ ပိုက်ဆံတွေ လက်ခံလိုက်တယ်။ ပစ္စည်းမပို့ဘူးဆိုရင် ဝယ်တဲ့သူဘက်က အများကြီးနစ်နာပါတယ်။ ကျွန်တော်တို့ဆီက ဆိုရင်တော့ ငွေပေးချေပြီးမှ ပစ္စည်းမရဘူးဆိုရင် နည်းပေါင်းစုံနဲ့ ပြန်ရအောင် လုပ်ပေးနိုင်ပါတယ်။ Website ပေါ်မှာ ပစ္စည်းရှိသလောက် တင်ထားပြီးရင် မြန်မာနိုင်ငံထဲမှာ ပစ္စည်းရှိမှန်း သိတယ်။ ဒါပေမဲ့ ဘယ်မှာရှာရမှန်းမသိရင် Google ကနေ Search လုပ်တတ်ကြပါတယ်။ အဲဒါဆိုရင် ဥပမာ- ကျွန်တော်တို့ရဲ့ Customer Acer ပဲ ထားပါတော့။ ကျွန်တော်တို့က သူ့ Product တွေကို Google မှာ SEO လုပ်ထားပေးတာကြောင့် ပေါ်လာတဲ့ Search Result တွေမှာ တစ်ခါတည်း ဝယ်လို့ရပါတယ်။ မဝယ်ရင်လည်း Product Knowledge ကို မြန်မာဘာသာနဲ့ ဖတ်လို့ရသွားပါမယ်။

Zaw Gyi Mart ကို ဘယ်လို ဘာသာစကားတွေနဲ့ သုံးနိုင်မလဲ . . .

မြန်မာ၊ ရှမ်း၊ မွန်၊ ရခိုင်ဘာသာတွေနဲ့လည်း Menu/ Category တွေကို ဖတ်လို့ရအောင် လုပ်ပေးထားပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်းဘာသာတွေနဲ့ ဖတ်လို့ရအောင်လည်း ကျွန်တော်လုပ်နေပါတယ်။ လက်ရှိမှာတော့ အင်္ဂလိပ်အပါအဝင် ဘာသာစကားငါးမျိုး ရပါတယ်။ အနာဂတ်မှာလည်း ကျွန်တော်တို့ရဲ့ Supplier တွေက Product Description တွေကို ဘယ်လိုဘာသာတွေနဲ့ ရေးပေးမလဲဆိုတာ ပြောလာခဲ့ရင် သူတို့ကိုလည်း ဘာသာပြန်တဲ့ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပါတယ်။

Delivery & Payment တွေက . . .

Delivery System ကတော့ User Choice ပါပဲ။ ဒါတွေ အားလုံးကိုလည်း Website (www.zawgyimart.com) မှာ တစ်ခါတည်း ဖော်ပြပေးထားပါတယ်။ မန္တလေးအတွက်ဆိုရင် အများဆုံးနှစ်ရက် အချိန်ယူပါတယ်။ ရန်ကုန်မြို့အတွင်းကိုလည်း အမြန် Service တွေ ရှိပါတယ်။

Payment အနေနဲ့ COD (Cash on Delivery) ပစ္စည်းရောက်ငွေချေစနစ်အပြင်ကို 663 Mobile Money ၊ CB Mobile Banking ၊ 2c2p ကပေးထားတဲ့ Payment Service တွေဖြစ်တဲ့ 123 Payment ၊ One Stop Service ၊ MPU ၊ PayPal တို့ကို သုံးလို့ရပါတယ်။ နောက်ပိုင်းမှာတော့ ပြည်တွင်းက ယုံကြည်ရတဲ့ ကုမ္ပဏီတွေရဲ့ Payment Service တွေဆိုရင်လည်း ထပ်ပြီးတော့ Add လုပ်သွားဖို့လည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ကတော့ Customer အဆင်ပြေအောင် လုပ်ပေးသွားမှာပါ။

ZawGyiMart ပေါ်မှာ ရောင်းတဲ့သူအရေအတွက်နဲ့ Monthly Transaction တွေ . . .

လက်ရှိ Zaw Gyi Mart မှာ တင်ရောင်းတဲ့ Seller သုံးရာကျော်ပဲ ရှိပါသေးတယ်။ လစဉ် ဘယ်လောက်ရောင်းရနှုန်းတွေ ရှိသလဲဆိုတာကတော့ ပြောရခက်ပါတယ်။ တချို့လတွေမှာတော့ Transaction  ထောင်ကျော်သွားတာတွေ ရှိပါတယ်။ တင်ရောင်းတဲ့ Seller တွေရဲ့ Promotion Period တွေနဲ့လည်း ဆိုင်ပါတယ်။ အခုလာတော့မယ့် သြင်္ကန်ရှိတဲ့လမျိုးဆိုရင်လည်း Transaction များတတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ New Year စတဲ့ လတွေမှာလည်း ဝယ်လိုအားများပါတယ်။ မိုးတွင်းဘက်လည်း Product ပေါ်မူတည်ပြီးတော့ Demand က ရှိနေပါတယ်။ Occasion  အလိုက်လို့ ပြောရအောင်လည်း ကျွန်တော်တို့နိုင်ငံက ၁၂ လရာသီ ဈေးရောင်းပွဲတွေက ရှိနေတာဆိုတော့ သူ့ဘာသာသွားနေတာပါပဲ။ တကယ်တော့ Online မှာက ဒီထက်အများကြီး ရောင်းလို့ရပါသေးတယ်။ အခုရောင်းရတယ်ဆိုတာက တကယ်တမ်း ဘယ်လောက်ပမာဏမှ မရှိသေးပါဘူး။ အဓိကကတော့ User တွေအတွက် သိပ်ပြီး Awareness မရှိသေးတာ၊ E-Commerce ရဲ့ အားသာချက်ကိုလည်း သိပ်မသိသေးတာတွေ ပါနေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေနဲ့ အချိုးချကြည့်လိုက်ရင် Demand က ဘယ်လောက်မှ မရှိသေးပါဘူး။ တကယ်တော့ E-Commerce Platform တစ်ခုရဲ့ Daily Transaction က သန်းနဲ့ချီပြီး ရှိနိုင်ပါတယ်။ အခုအချိန်မှာတော့ ကြိုးစားပြီး Educate လုပ်နေရပါတယ်။

မြန်မာနိုင်ငံရဲ့ Online Shopping အနေအထား . . .

Online Shopping ဈေးကွက်အခြေအနေက လောလောဆယ် မတည်ငြိမ်သေးဘူးလို့ ပြောလို့ရပါတယ်။ E-Commerce ရဲ့အားသာချက်ကို မသိကြသေးပါဘူး။ Online က ဈေးဝယ်တယ်ဆိုရင် Facebook ကနေ ဝယ်လည်း Online ကနေ ဝယ်တာပဲ၊ Viber ကနေ ဝယ်လည်း Online ကနေ ဝယ်တာပဲလို့ ထင်နေကြသေးတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မသမာတဲ့သူတချို့က ပြောထားတဲ့ပစ္စည်းမဟုတ်ဘဲ တကယ်တမ်း လက်ထဲရောက်တဲ့ပစ္စည်းက Quality မတူတာမျိုး ဖြစ်နေတတ်ပါတယ်။  အဲဒီလို Complaint တွေနဲ့ Online က ဝယ်ရင် စိတ်မချရဘူးဆိုပြီးတော့ User တွေ နောက်ဆုတ်သွားတာမျိုး ရှိတတ်ပါတယ်။ ဒါကလည်း Quality Control ပေါ်မှာ မူတည်သလို User Awareness မရှိသေးတာပါ။ တကယ်တမ်း E-Commerce ဆိုရင် User တွေရဲ့ ရပိုင်ခွင့်တွေ၊ အာမခံချက်တွေက အပြည့်ရှိပါတယ်။ Facebook ကနေ ဝယ်တာဆိုရင် Cheating လုပ်ချင်တဲ့သူဆိုရင် ပိုက်ဆံတွေယူပြီးရင် Page ကို ပိတ်ချလိုက်ပြီဆိုရင် ဘယ်သူ့မှသွားတိုင်လို့ မရတော့ပါဘူး။ အဲဒီလို လူတွေကျတော့ လေးမှန်ဖူးတဲ့စာသငယ်လိုပဲ Online Shopping ဆို နောက်တစ်ကြိမ်ထပ်မလုပ်ချင်တော့ပါဘူး။ အဲဒီအခါကျတော့ အမှန်တကယ်ရောင်းချသူတွေအတွက် အများကြီးနစ်နာမှုတွေ ရှိပါတယ်။

E-Commerce Platform တက်ပြီးရောင်းမယ့်သူအတွက် အကြံပြုချက် . . .

ရောင်းမယ့်သူအတွက်ကတော့ သူပထမဆုံး စပြီး Platform တွေကို စရွေးချယ်ပြီး E-Commerce Business  လုပ်တော့မယ်ဆိုရင် နံပါတ်တစ်အနေနဲ့ ကိုယ်လုပ်မယ့် Platform က E-Commerce Platform အစစ်တကယ် ဖြစ်ရဲ့လား။ E-Commerce ဆိုရင်လည်း ပစ္စည်းကိုပို့ထားပေးရပြီး သူတို့ဘက်က ရောင်းပေးမယ်၊ အချိန်တန်ရင် ငွေလာပေးမယ်ဆိုတဲ့ပုံစံနဲ့ သွားတာလား၊ ကိုယ်ကိုယ်တိုင်ကော Access ရှိရဲ့လား၊ ကိုယ့်ရဲ့ပစ္စည်းတွေကို အချိန်မရွေး ကိုယ်တိုင်ဝင်ပြီး ပြုပြင်၊ Update လုပ်လို့ရမရ၊ ဈေးနှုန်းတွေ ပြုပြင်ပြောင်းလဲလို့ ရ၊ မရ၊ နောက်တစ်ခါ ကိုယ့်ဆီကဝယ်တဲ့ Customer တွေ ဘယ်သူတွေလဲဆိုတာကို ကြည့်လို့ရမရဆိုတဲ့ Facility  တွေ ကြည့်ဖို့လိုပါတယ်။ အဲဒီလိုမျိုး Facility တွေ မရှိဘဲနဲ့ဆိုရင်တော့ သူ့မှာ Lost တစ်ခုဖြစ်ပါတယ်။ ပစ္စည်းတော့ ရောင်းထွက်သွားပေမယ့် သူ့မှာ လက်ဆုပ်လက်ကိုင် ဘာမှမရှိတော့ပါဘူး။ အချိန်တန်လို့ ပိုက်ဆံရရုံနဲ့ မပြီးသေးပါဘူး။ E-Commerceရဲ့ Facility က ကိုယ့် Customer ဘယ်သူဆိုတာ ကိုယ်သိရပါမယ်။ ဒါမှကိုယ်က Future မှာ Market ကို ပိုတိုးချဲ့လို့ ရပါမယ်။ နံပါတ်နှစ်ကတော့ ကိုယ်ရောင်းတဲ့ ပစ္စည်းတွေအတွက်ကို Logistics အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးနိုင်ရဲ့လား ကိုယ်ကိုယ်တိုင် ပို့ရတာချင်းအတူတူ Cusotmer က ပို့ခ မတန်တဆ ပေးနေရတယ်ဆိုရင်လည်း အဆင်မပြေသေးပါဘူး။ ကိုယ်ရောင်းတာက ပစ္စည်းတန်ဖိုးက သုံးထောင်၊ ပို့ဆောင်ခက နှစ်ထောင်/၂,၅၀၀ လောက်ဖြစ်နေရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ ဒါကြောင့် ဒီပစ္စည်းကို Online မှာ မဝယ်တော့ဘဲ Ground မှာပဲ သွားဝယ်တော့မှာပါ။ ဒါကြောင့် ပစ္စည်းတန်ဖိုးကနည်းပေမဲ့ Logistics တန်ဖိုးက မြင့်နေမယ်ဆိုရင်လည်း အဆင်မပြေပါဘူး။ နောက်တစ်ခုက ကိုယ်ပို့လိုက်တဲ့ပစ္စည်းက တကယ်ပဲ အချိန်တိုအတွင်း Customer လက်ထဲရောက်ရဲ့လားဆိုတာကလည်း အရေးကြီးပါတယ်။ နံပါတ်သုံးက ကိုယ်ရောင်းထားတဲ့ ပစ္စည်းအတွက် ရသင့်ငွေကို ဘယ်အချိန်မှာ ပြန်ရသလဲဆိုတာ ကြည့်ရပါမယ်။ ပစ္စည်းကတော့ ရောင်းထားပြီးပြီ ပိုက်ဆံက တစ်လနေလို့လည်းမရ၊ နှစ်လနေလို့လည်း မရဆိုရင် ကိုယ့်အတွက် အများကြီးနစ်နာပါတယ်။ ဘာကြောင့်လဲဆိုတာ့ အဲဒီပိုက်ဆံကို ပြန်ရင်းနှီးမြှုပ်နှံဖို့ ရှိသေးတာကြောင့် အဲဒီ Circulation ရပ်တန့်မသွားအောင် လုပ်ဖို့လိုပါတယ်။ နံပါတ်လေးကတော့ ကိုယ့် Product ကို အဲဒီမှာတင်လိုက်ရင် လူဘယ်လောက်သိမလဲ၊ ဘယ်လောက်အထိ စိတ်ဝင်စားကြည့်ကြမလဲ၊ Awareness ဘယ်လောက်ရှိမလဲ ဆိုတာတွေကိုလည်း Monitoring လုပ်ဖို့လိုပါတယ်။ မဟုတ်ရင် ပစ္စည်းတွေ တင်ထားပေမဲ့ မရောင်းရဘူးဆိုရင် မဟုတ်သေးပါဘူး။ နံပါတ်ငါးကတော့ Exclusive ကို ယူသင့် မယူသင့် စဉ်းစားရပါမယ်။ ဒါကတော့ ရောင်းတဲ့သူအပေါ်ပဲ မူတည်ပါတယ်။ တချို့ Platform တွေက ဘာမဆို Exclusive ပဲ လက်ခံတဲ့ Platform တွေ ရှိပါတယ်။ တချို့ကတော့ Flexible ဖြစ်ပါတယ်။ ဈေးရောင်းတယ်ဆိုတာက ပစ္စည်းတစ်ခုကို Customer လက်ထဲကို ရောက်သွားအောင်လုပ်တယ်ဆိုတာက အဓိကရည်ရွယ်ချက်ပါပဲ။ အဲဒီအခါမှာ ဒီမှာပဲရောင်းမယ် တခြားမှာမရောင်းဘူးလို့ သတ်မှတ်ထားခဲ့ရင် ဟုတ်ပြီ၊ ဒါဆို ဒီ Platform မှာက မရောင်းရခဲ့ရင်ဆိုတဲ့ မေးခွန်ကို E-Commerce Platform ဘက်က ဖြေပေးဖို့ လိုပါတယ်။ ဒီမှာကလွဲလို့ ဘယ်မှာမှ သွားမရောင်းရဘူးဆိုတဲ့ ကန့်သတ်ချက်ကြီးနဲ့ သွားလုပ်နေရရင် ကိုယ့်အတွက် လွတ်လပ်ခွင့်မရှိတော့ပါဘူး။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို တကယ်လည်း သိပ်မရောင်းရဘဲ ကိုယ့်ကိုတခြားမှာ သွားမရောင်းရဘူးလို့ E-Commerce Platform က ချုပ်ကိုင်ခဲ့ရင် ကိုယ့်အတွက် နစ်နာစရာ အများကြီးရှိပါတယ်။ ဒါကြောင့် သေချာလေ့လာဖို့ လိုပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ Secure ဖြစ် မဖြစ်ပါ။ Payment တွေကို သူက ဘယ်လိုဆောင်ရွက်ပေးမှာလဲ၊ ကိုယ့်ရဲ့ Information တွေကိုရော သူက ဘယ်လိုထိန်းကွပ်မှာလဲဆိုတာပါ။ ဥပမာ - တချို့ Supplier တွေက သူ့ရဲ့ပစ္စည်းတစ်ခုကို Online မှာ တအားရောင်းချင်တာကြောင့် Offline မှာရောင်းတဲ့ ပုံမှန်ဈေးထက် အတော်များများ Margin ခွာပေးလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ Platform ကလည်း ဈေးရင်းအတိုင်း ပြန်ရောင်းလိုက်တာမျိုးလုပ်လိုက်ရင် ကိုယ့်လူကိုယ် ပြန်သတ်သလိုမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်လက်ရှိ ရောင်းနေတဲ့ဈေးကွက်မှာ Retail အတွက် ပေးတဲ့ဈေး၊ Wholesale အတွက် ပေးတဲ့ဈေးတွေက Margin အများကြီးခွာပေးထားတာဖြစ်ပါတယ်။ ဒါကို ကိုယ်က Online မှာ Wholesales ဈေးနှုန်းနဲ့ သိပ်မကွာဘဲ သွားတင်လိုက်ရင် ဟိုအရင်ကတည်းက ကိုယ့်ဆီက ဝယ်လာခဲ့တဲ့ Client တွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ဒီလိုဈေးနှုန်းတွေအပိုင်းမှာလည်း Smart ကျကျနဲ့ ကိုင်တွယ်တတ်တဲ့သူဖြစ်မှရပါမယ်။ ရောင်းတဲ့သူဘက်က ကိုယ့်ရဲ့ Price List တွေအကုန်လုံးကို E-Commerce Platform ကို ပေးလိုက်ပြီဖြစ်လို့ အဲဒီ List တွေအားလုံးကို ဘယ်လို Secure ဖြစ်အောင် ကိုင်တွယ်ပေးမှာလဲဆိုတာကိုလည်း သိဖို့လိုပါတယ်။ မဟုတ်ရင် Future မှာ ကိုယ့် Brand နာမည်ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် E-Commerce မှာလည်း Price  ကို Control မလုပ်ပေးရင် ဒါအတော်ကို ပြဿနာရှိနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဘယ် Level ကို ဘယ်ဈေးနှုန်းပေးတယ်ဆိုတာ မမြင်ရအောင် လုပ်ထားပေးပါတယ်။ တစ်ခါမှ မဝယ်တဲ့သူက ဈေးဘယ်လောက်၊ ဝယ်နေကျလူက ဈေးဘယ်လောက်၊ ပြန်ရောင်းမယ့်သူက ဈေးဘယ်လောက်ဆိုတာ တစ်ခါတည်း ခွဲခြားထားပြီး အပြင်လူက ကိုယ်နဲ့သက်ဆိုင်ရာဈေးနှုန်းပဲ သိရအောင်လည်း လုပ်ပေးထားပါတယ်။ ဈေးနှုန်းနဲ့ Inventory ကို ကျွန်တော်တို့ Zaw Gyi Mart ကလည်း မကိုင်ထားပါဘူး။ Product အချက်အလက် အနည်းအကျဉ်း Edit  လုပ်ပေးတာဖြစ်ပါတယ်။

Zaw Gyi Mart ရဲ့ အနာဂတ်အစီအစဉ်နဲ့ E-Commerce အလားအလာ . . .

ZawGyiMart က အခုဆိုရင် Government to Business ကိုလည်း စတင်ချိတ်နေပါပြီ။ Traditional အရတော့ မြန်မာနိုင်ငံသားတွေရဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ Platform အဖြစ် ရပ်တည်ဖို့ဖြစ်ပါတယ်။

Zaw Gyi Mart မှာ Enterprise Package ရှိပါတယ်။ သူ့လုပ်ငန်းရဲ့ Domain နဲ့ Front End မှာ သူ့ရဲ့ Customer တွေကို ရောင်းနိုင်ပြီး Back End ကိုတော့ Zaw Gyi Mart ရဲ့ E-Commerce Platform ကို ယူသုံးထားတာဖြစ်ပါတယ်။ ဒီဇိုင်းကလည်း သီးသန့်ဒီဇိုင်းပါပဲ။ Parallel အနေနဲ့ သူ့ရဲ့ Product တွေအားလုံးက Zaw Gyi Mart ပေါ်မှာလည်း ရှိပြီး ရောင်းနေပါတယ်။ အဲဒါကတော့ ပြည်တွင်းမှာ Demand သိပ်မရှိသေးပါဘူး။ E-Commerce ကို အဲဒီလောက် ပြည့်ပြည့်၀၀ အသုံးမချနိုင်ကြသေးပါဘူး။ စက်ရုံတွေဆိုလည်း လုံး၀ Offline မှာပဲ ရောင်းနေကြသေးတာပါ။ အခုလည်း သူတို့တွေညည်းနေတာက Rental Fees တွေက အတော်များနေတာကြောင့် သိတော့သိလာကြပါပြီ။ နောက်ပိုင်းမှာ E-Commerce ပေါ်ကို အကုန်တက်ဆိုရင်တော့ တိုင်းပြည်ရဲ့ စီးပွားရေးကို အများကြီးပြုပြင်ပြောင်းလဲလာလိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ Cost က အတော်များတော့ အဲဒီ Cost တွေကလည်း အသုံးပြုသူတွေပဲ ပေးရတာဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီ Cost တွေကိုသာ လျှော့ချနိုင်ပြီဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့စီးပွားရေးလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။

ဖြူလဲ့မွန်