ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက် . . .
Bread Talk ပေါင်မုန့်ဆိုင်ဆိုတာ စင်ကာပူနိုင်ငံမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပြီး တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေမှာ ဆိုင်ခွဲပေါင်း ရှစ်ရာကျော် ရှိပါတယ်။ မြန်မာနိုင်ငံက လူတွေကိုလည်း သန့်ရှင်းလတ်ဆတ်ပြီး အရသာကောင်းမွန်တဲ့ မုန့်တွေကို စားသုံးနိုင်အောင် ရောင်းချပေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ၁၇ နိုင်ငံမြောက်ဆိုင်ခွဲ ဖြစ်ပါတယ်။
ဆိုင်ခန်းတည်နေရာနဲ့ ဆိုင်ဖွင့်ချိန် . . .
ဆိုင်ခန်းအမှတ် ၁၀၅၊ ၁၀၆၊ ပထမအလွှာ၊ Junction City ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့မှာ မနက် ၉ နာရီ ကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
ဆက်သွယ်ရမယ့်ဖုန်း၊ အီးမေးလ်လိပ်စာ . . .
ဖုန်းနံပါတ် ၀၁-၁၂၁၂၆၉၈၊ [email protected] ၊ www.facebook.com/breadtalkmyanmar ဖြစ်ပါတယ်။
ဆိုင်မှာရနိုင်တဲ့ မုန့်အမျိုးအစားနဲ့ဈေးနှုန်းပိုင်း . . .
မုန့်အမျိုးအစားပေါင်းအနေနဲ့ ကိတ်မုန့် ၊ ပေါင်မုန့်ပေါင်းတစ်ရာကျော် ရနိုင်ပါတယ်။ ဈေးနှုန်းပိုင်းဆိုရင်လည်း လူတိုင်းစားသုံးနိုင်အောင် အနည်းဆုံး ရှစ်ရာကျပ်ကနေ သင့်တော်တဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးပါတယ်။
ဆိုင်ရဲ့ထူးခြားချက်နဲ့ ဝန်ဆောင်မှုပိုင်း . . .
ပေါင်မုန့်လုပ်တဲ့ ဂျုံကို ဂျပန်၊ နယူးဇီလန်နိုင်ငံတွေက အရည်အသွေးမြင့် ကုန်ကြမ်းတွေကို အသုံးပြုထားပါတယ်။
နောက်တစ်ခုက မုန့်အဆင့်ဆင့်ပြုလုပ်ပုံတွေကိုလည်း လာရောက်စားသုံးသူတွေ မြင်တွေ့နိုင်အောင် မီးဖိုချောင်ကို ဖွင့်ပြထားပါတယ်။ တခြား Bread Talk ဆိုင်တွေနဲ့ မတူတာက ဒီဆိုင်မှာ ပေါင်မုန့်ဝယ်ပြီး အေးဆေးသက်သာထိုင်စားလို့ရအောင် ထိုင်ခုံနေရာတွေ စီစဉ်ပေးထားပါတယ်။ တွဲဖက်စားသောက်လို့ရမယ့် အအေး၊ အပူ စတာတွေကိုလည်း ရောင်းချပေးပါတယ်။