မြန်မာနိုင်ငံရှိ Bosch ကုမ္ပဏီကို၂၀၁၂ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး အရှေ့တောင်အာရှ ကုမ္ပဏီလီမိတက်ဆိုင်ရာ Robert Bosch က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံမှာ ရောင်းချလျက်ရှိတဲ့ Bosch ထုတ်ကုန်များမှာ မော်တော်ယာဉ်လုပ်ငန်းသုံး နည်းပညာများ၊ လုံခြုံရေးသုံး ပစ္စည်းများအတွက် အထောက်အကူပြုနည်းစနစ်များ၊ စက်မှုလုပ်ငန်းသုံးနည်းပညာနဲ့ အပူစွမ်းအင်သုံး နည်းပညာ အခြေပြုထုတ်ကုန်ပစ္စည်း (သာမိုနည်းပညာ) တို့ဖြစ်တယ်။ ဈေးကွက်လိုအပ်ချက်အရ အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ပေးလျက်ရှိတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ Sule Shangi-La Hotel မှာ ကျင်းပဖြစ်ခဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။
Mr Andre de Jong
Managing Director
Robert Bosch Co Ltd
ကျွန်တော်ကတော့ Robert Bosch (Combodia) ကုမ္ပဏီမှာ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ယူလုပ် ကိုင်နေပါတယ်။ အခု ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံဈေးကွက်မှာ လည်ပတ်လုပ်ကိုင်နေတဲ့ Bosch ရဲ့ စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူထားပါတယ်။ မြန်မာနိုင်ငံဟာ Bosch အတွက် အဓိကကျတဲ့ ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်ပါတယ်။ သဘာဝသယံဇာတတွေပေါများတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အနည်း ငယ်မှစတင်ပြီး စီးပွားရေးကဏ္ဍတွေ အရိုန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် ကြီးမားတဲ့အခွင့်လမ်းတွေ ပိုမိုဖြစ်ထွန်းလာပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်တိုးချဲ့ပြီး တစ်နိုင်ငံလုံးအနှံ Bosch ရဲ့ စီးပွားရေးလုပ်ငန်းကွန်ရက်ကို တည်ဆောက်သွားမှာပါ။ ၂၀၁၅ ခုနှစ်အတွင်းမှာလည်း ကုမ္ပဏီရဲ့ ကုန်ပစ္စည်းရောင်းအားတိုးတက်မှု ပိုမိုမြင့်တက်လာမယ်လို့ မျှော် လင့်ထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့လုပ်ငန်းတွေက မြန်မာပြည်တွင်းမှာရှိတဲ့ စက်မှု လုပ်ငန်းသုံးနည်းပညာတွေ ပံပိုးပေးတဲ့လုပ်ငန်း၊ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့လုပ်ငန်း၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး နည်းပညာပံပိုးတဲ့လုပ်ငန်းနဲ့ မော်တော်ယာဉ်သုံးနည်းပညာ လုပ်ငန်းနယ် ပယ်လေးခုတို့မှာ လုပ်ကိုင်လျက်ရှိပါတယ်။ ကျွန်တော်တို့ Bosch က ကမ္ဘာအနှံပြားမှာရှိတဲ့ နည်းပညာနဲ့ ဝန် ဆောင်မှုလုပ်ငန်းတွေကို ပံ့ပိုးပေးတဲ့ နယ်ပယ်မှာ ဦးဆောင်နေတဲ့ကုမ္ပဏီပါ။ ကုမ္ပဏီကတီထွင်ထုတ်လုပ် လိုက်တဲ့ ထုတ်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေက သက်ဆိုင်ရာလုပ်ငန်းတွေမှာ ကောင်းမွန်တဲ့ ရလဒ်ဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း Bosch လုပ်ငန်းစုရဲ့ စီးပွားရေးအလားအလာက ငွေလဲလှယ်နှုန်း ကွာဟမှု ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းကြား ဖြစ်ပေါ်မှုကို အခြေခံပြီး တွက်ချက်လိုက်ရင် ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာအနှံ့ကို ထုတ်လုပ်နေတဲ့ ရောင်းအားပမာဏက ဆက်လက်ကြီးထွားနိုင်ပါတယ်။
ယာဉ်အန္တရာယ် ဖြစ်ပွားမှုကို ကာကွယ်ဖို့အတွက် ယာဉ်တွေမှာ တပ်ဆင်အသုံးပြုတဲ့ ဘရိတ်စနစ်နဲ့ စက်ယန္တရားပစ္စည်း ထိန်းချုပ်သည့်စနစ်တွေကို တီထွင်ထုတ်လုပ်လျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး အစိုးရက မော်တော်ယာဉ်တင်သွင်းမှု မူဝါဒကိုဖြေလျှော့ပြီးနောက်ပိုင်း ယာဉ်ပမာဏက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ ၄.၅ သန်းထိ မြင့်တက်လာခဲ့တယ်။ ဒါကြောင့် Bosch ရဲ့ နည်းပညာအခြေပြုထိန်းချုပ်ရေး စနစ်ဖြစ်တဲ့ Anti-lock Barking စနစ်၊ ဒါမှမဟုတ် Electronic Stability Program တို့က ယာဉ်အန္တရာယ်ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးစားစက်မှုလုပ်ငန်းတွေဖြစ်တဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်တဲ့လုပ်ငန်း အစားအသောက်ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အသုံးပြုတဲ့ စက်ယန္တရားပစ္စည်းတွေ စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ Bosch က ပံ့ပိုးမှုတွေပြုလုပ် ပေးပါတယ်။ မကြာသေးခင်ကပဲ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အဝေးပြေးလမ်းမကြီးရဲ့ အသွားအပြန် လမ်းတစ်လျှောက်မှာ ယာဉ်အန္တရာယ် သတိပေးဆိုင်းဘုတ်စုစုပေါင်းနှစ်ရာနဲ့ မိုင်တိုင်အချက်ပြရှစ်ရာကို တပ်ဆင်ပေးပြီးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ အာရှပစိဖိတ်ဈေးကွက်မှာ Bosch လုပ်ငန်းစုရဲ့ရောင်း အားပမာဏက ၁၇ ရာခိုင်နှုန်းထိ ရှိပြီး အမေရိကန် ဒေါ်လာ ၁၇.၂၇ ဘီလီယံပမာဏထိ ရှိခဲ့ပါတယ်။ အကြမ်းဖျင်းအနေနဲ့ Bosch လုပ်ငန်းစုက နိုင်ငံပေါင်း ၁၅၀ မှာ ကုန်ပစ္စည်းတွေနဲ့ နည်းပညာပံ့ပိုးပေးတဲ့ ရုံးခွဲတွေ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း Bosch လုပ်ငန်းစုက တီထွင်ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းပေါင်း ၄,၆၀၀ ကို မူပိုင်ခွင့်လျှောက်ထားပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက စွမ်းဆောင်ရည်မြင့်တဲ့ နည်းပညာတီထွင်မှုတွေကို ပိုင်ဆိုင်ထားတဲ့အတွက် ဈေးကွက်အသစ်ကို ဆက်လက်တက်လှမ်းနိုင်ဖို့ တွန်းအားဖြစ်စေပါတယ်။
အိန်ဂျယ်ကို