မိသားစုနဲ့ လက်ရှိသမ္မတ Obama မိသားစုတို့ အချင်းချင်းပြိုင်ဆိုင်ကြပုံ၊ ဆက်ဆံရေးမှာ အဖု အထစ်တွေ ရှိကြပုံတွေကို အတွင်းကျကျ လေ့လာပြီး တင်ပြ ထားတာဖြစ်တယ်။ ဒီမိသားစုအတွင်း ပြင်းထန်တဲ့ အမုန်း တရားတွေ၊ မနာလိုဝန်တိုမှုတွေနဲ့ အပြိုင်အဆိုင် အကြောင်း တွေဖြစ်တယ်။ ဒီစာအုပ်ထဲမှာ အောက်ပါအကြောင်းအရာ တွေကို ဖတ်ရှုကြရမှာဖြစ်တယ်။ - Michelle Obama နဲ့ Hillary Clinton တို့ ဘာ ကြောင့်ပြိုင်ဘက်တွေဖြစ်နေကြတာလဲ။ - Bill Clinton က Obama ပြန်လည်သမ္မတအရွေးခံရေး အတွက် ဘယ်လိုနားလည်မှုတွေနဲ့ ထောက်ခံပံ့ပိုးခဲ့ပြီး နောက်ပိုင်း ဘာကြောင့်သစ္စာဖောက်ခံရတာပဲလို့ Clinton က ခံစားသွားရတာလဲ။ - Benghazi ကိစ္စမှာ ံ Hillary Clinton အပြစ်ဖြစ်အောင် Obama ဘယ်လိုအကွက်ဆင်ခဲ့သလဲ။ - အိမ်ဖြူတော်မှာကျင်းပတဲ့ ဒီမိသားစုနှစ်စုရဲ့ တစ်ခုတည်း သောညစာစားပွဲမှာ ဘယ်လိုတင်းမာမှုတွေ၊ ဘယ်လို အထင်သေးအမြင်သေးတွေ ပြောဆိုခဲ့ကြသလဲ။ - Oprah ကို Obama မိသားစုက ဘယ်လိုအသုံးချခဲ့ သလဲ။ Clinton မိသားစုကကော သူမကို ဘယ်လို ယုယုယယချော့ချော့မော့မော့ ဆက်ဆံခဲ့သလဲ။ - ဒီဇနီးမောင်နှံနှစ်တွဲဟာ အများအားဖြင့် ဘာကြောင့် လင်နဲ့မယား သီးသီးသန့်သန့်ဘဝကို လျောက်လှမ်းနေ ကြတာလဲ။ - သမ္မတ Obama နောက်ကွယ် သြဇာအာဏာရှိနေသူ ဟာ သူ့ဇနီး Michelle မဟုတ်။ အစိုးရရဲ့မူဝါဒတွေနဲ့ ဝန်ထမ်းတွေကို ချယ်လှယ်တဲ့ Michelle ရဲ့ အချစ်ဆုံး သူငယ်ချင်းပဲဖြစ်တယ်။ - ဘယ်လိုမှ သမ္မတ မဖြစ်နိုင်တဲ့လျို့ဝှက်ချက် ံHillary Clinton မှာ ရှိနေပါတယ်။ စာရေးသူဟာ New York Times ရဲ့ အရောင်းရ အကောင်းဆုံးစာအုပ်တွေကို ရေးသားခဲ့သူဖြစ်တယ်။ The Amateur ၊ The Truth About Hillary ၊ The Kennedy Curse နဲ့ All Too Human ဆိုတဲ့စာအုပ်တွေ ဖြစ်တယ်။ News Week ရဲ့ နိုင်ငံခြားသတင်းအယ်ဒီတာလုပ်ခဲ့ပြီးNew York Times မဂ္ဂဇင်းရဲ့အယ်ဒီတာချုပ်လည်း လုပ်ခဲ့ဖူးသူဖြစ် တယ်။ ရေးသူ - Edward Klein ထုတ်ဝေသူ - Regnery Publishing (၂၃.၆.၂၀၁၄) စာမျက်နှာ - ၃၂၀ မျက်နှာ၊ ကတ်ထူဖုံး အရွယ်အစား - 9" _6.1"_ 1.2" ISBN-10:161573133 ISBN-13:978-1621573135