bbq Chicken Restaurant in Junction Mawtin

DSCN6132 post pic ဆိုင်တည်နေရာ အမှတ် ၁၁၉၊ မြေညီထပ်၊  Junction Mawtin  ၊ အနော်ရ ထာလမ်းနဲ့ လမ်းသစ်လမ်းထောင့်၊ လမ်းမတော်မြို့ နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၁၈၁၅၂၊ ၂၁၈၁၅၃၊ ၂၁၈၁၅၄ တို့ကို ဆက်သွယ်နိုင်ပါတယ်။   ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့် လှစ်ထားပါတယ်။   ဆိုင်နာမည်ပေးဖြစ်ပုံ ဆိုင်နာမည်ကတော့ Franchise ယူထားတဲ့ ကိုရီးယားနိုင်ငံ Genesis ကုမ္ပဏီကပဲ ပေးထားတာဖြစ်ပြီး bbq  ရဲ့ အဓိပ္ပာယ်ကတော့  best of the best quality  ဖြစ်ပါ တယ်။   ရရှိနိုင်တဲ့ Menu တွေ စားသုံးသူတွေအတွက် မရိုးနိုင်တဲ့ ကြက်ကြော်၊ ကြက်ကင် ဟင်းပွဲပုံစံအမျိုးမျိုး၊ ပုံမှန်ထက် ထူးခြားကောင်းမွန်တဲ့ Pizza  အရသာ အမျိုးမျိုးအပြင် Soup   Slad ၊ Coffee  နဲ့ အချိုပွဲစတဲ့ Menu မျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။   ဈေးနှုန်း ဈေးနှုန်းကတော့ ဟင်းပွဲတွေအလိုက် သတ်မှတ်ထားပြီးFried Chicken (2 pcs) ကို ၄,၀၀၀ ကျပ်၊ ကြက်တစ်ကောင်ကို ၁၅,၀၀၀ ကျပ်နဲ့ Pizza မှာဆိုရင် အနည်းဆုံး ၇,၀၀၀ ကျပ်ကနေ စတယ်လို့ သိရပါတယ်။   အနာဂတ်အစီအစဉ် လက်ရှိမှာတော့bbq အနေနဲ့ ၂၀၁၄ ခုနှစ်အကုန်အထိ ဆိုင်ခွဲပေါင်း အနည်းဆုံး ဆယ်ဆိုင်အထိ တိုးချဲ့ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားပြီး နောက်ပိုင်းမှာတော့ bbq ကနေ တစ်ဆင့် Franchise ယူပြီး ဆိုင်ဖွင့်ချင်တဲ့သူတွေကိုလည်း ကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။