Aurora Laser Engraved Wood Art နဲ့ ပတ်သက်လို့ ပိုင်ရှင်ဖြစ်သူ ဒေါ်ဝင်းလဲ့လဲ့အေးက ဖြေကြားပေးထားပါတယ်။
စတင်ဖွင့်ဖြစ်ခဲ့ပုံ
-----------------
ကျွန်မအမျိုးသားက အစကတည်းက ရွှေနန္ဒဝန်ဆိုတဲ့ မိသားစုပန်းပုလက်မှုပညာလုပ်ငန်းကို လုပ်ပါတယ်။ နောက်ပိုင်းမှာ လေ့လာရသလောက်က လက်မှုတစ်ခုတည်းနဲ့တင် မလုံလောက်တော့ဘူး။ ကိုယ်က သစ်လက်မှုအခြေခံဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုမျိုးနည်းပညာနဲ့ တွဲဖက်ပြီး တီထွင်နိုင်မလဲဆိုတာကို စဉ်းစားတဲ့အခါမှာ Laser Engraving ဆိုတဲ့ နည်းပညာကိုတွေ့ခဲ့တယ်။ စိတ်ဝင်စားပြီး လုပ်ချင်စိတ်ရှိခဲ့တဲ့အတွက် ၂၀၁၇ နိုဝင်ဘာလမှာ စဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီပစ္စည်းလေးတွေက ပရိဘောဂလုပ်လို့ ထွက်လာတဲ့ By-product ကနေ Value-added Product ဖြစ်သွားတာပါ။ အဲဒီရည်ရွယ်ချက်လေးနဲ့ပဲ ထုတ်လုပ်ခဲ့တာပါ။
ဆိုင်မှာရနိုင်တဲ့ ပစ္စည်းအမျိုးအစားတွေနဲ့ ဒီဇိုင်းတွေက
----------------
ကျွန်မတို့က အဓိကအားဖြင့် ကြိတ်သားကနေ ခဲတံထည့်တဲ့ဘူး၊ ဘောပင်စိုက်တဲ့ခွက်၊ Key Chain တွေ၊ Bookmark တွေကို အမှတ်တရပစ္စည်းအနေနဲ့ ထုတ်လုပ်ရောင်းချပါတယ်။ Main Product အနေနဲ့ကတော့ Photo Engraving ပါ။ သစ်သားပြားပေါ်မှာ လေဆာနဲ့ဓာတ်ပုံထွင်းတာပါ။ အဓိကကတော့ သစ်သားကိုအခြေခံတာပါ။ အားသာချက်ကတော့ Engrave လုပ်တဲ့အတွက် နာမည်ထွင်းတာပဲဖြစ်ဖြစ်၊ Logo ထွင်းတာပဲဖြစ်ဖြစ် လုပ်ချင်တဲ့အခါကျတော့ သူတို့အနေနဲ့ Unique Product လေးတွေကို ရသွားပါတယ်။
ဈေးနှုန်းတွေက
-----------------
Key Chain နဲ့ Bookmark တွေက တစ်ထောင်ကျပ်နဲ့ ၁,၅၀၀ ကျပ်ကြားမှာ၊ ဘူးလေးတွေက နှစ်ထောင်ကျပ်နဲ့ ၃,၅၀၀ ကျပ်ကြားမှာရှိမယ်။ Photo Engraving ကတော့ ဆိုဒ်နဲ့ခွဲထားတယ်။ ဓာတ်ပုံဆိုတော့ ပုံမှန်ဓာတ်ပုံဆိုဒ်လေးကို သစ်သားပေါ်မှာ မှန်းပြီးလုပ်တယ်။ ၅_၇ လက်မ ပတ်လည်ဆိုဒ်၊ ၈_၁၀ လက်မပတ်လည်ဆိုဒ်၊ ၁၂_၁၄ လက်မပတ်လည်ဆိုဒ်တွေ ရှိပါတယ်။ အနည်းဆုံးဆိုဒ်က ၉,၅၀၀ ကျပ်၊ အကြီးဆုံးဆိုဒ်က သုံးသောင်းကျပ်ပါ။ Photo Engraving မှာဆိုရင်တော့ ကိုးထောင်ကျော်ကနေ သုံးသောင်းကျော်ထိရှိပါတယ်။
ဆိုင်ဖွင့်ချိန်
------------
မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ ပိတ်ရက်မရှိဖွင့်ပါတယ်။ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းမှာ Yangon Book Street မှာ ဆိုင်ခန်းလေးခင်းကျင်းပြထားပါတယ်။
အနာဂတ်အစီအစဉ်
---------------------
ပစ္စည်းအသစ်လေးတွေ ဆက်လက်ထုတ်လုပ်သွားဖို့လည်း ရှိတယ်။ နောက်ပိုင်းမှာ Key Chain မှာ နာမည်လေးထိုးချင်တယ်ဆိုရင် တစ်ခါတည်းထိုးပေးနိုင်အောင်လုပ်သွားဖို့လည်း ရှိပါတယ်။
ဆိုင်တည်နေရာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်
------------------
No (117-119), G/f (B), Nanda Won Street, Yae Tar Shae Ward, Bahan, Yangon.
09-5048241, 09-965048241
www.facebook.com/Aurora Laser Engraved Wood Art
ဆင့်ဆင့်စိုး