Aureum Palace Hotels & Resorts ၏ Monsoon Special Package အစီအစဉ်

article landscape wartermark fina.4l Aureum Palace Hotels & Resorts ၏ ၂၀၁၄ ခုနှစ် မေလ  ၁ရက်နေ့မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ  ပြုလုပ်မည့် Monsoon Special Package အစီအစဉ်ကို ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။ Aureum Palace Hotel & Resort Bagan နှင့် Popa Mountain Resort ခရီးစဉ်သည် ၂ညအိပ် ၃ရက်ခရီးစဉ်ဖြစ်ပြီး ဈေးနှုန်းမှာ မြန်မာနိုင်ငံသားတစ်ဦးလျှင် (380,000 Ks) နှင့် နိုင်ငံခြားသားတစ်ဦးလျှင် (435 $) ဖြင့် စီစဉ်ထားရှိပါသည်။ Aureum Palace Hotel & Resort Bagan ၏ Deluxe အခန်းတွင် ၁ည ၊ Popa Mountain Resort ၏ Deluxe Garden View တွင် ၁ည တည်းခိုရမည်ဖြစ်သည်။ နေ့စဉ် မနက်စာနှင့် ညစာအပါအဝင် ပုဂံနှင့် ပုပ္ပါး အသွားအပြန်ဝန်ဆောင်မှုလည်း ပေးမည်ဖြစ်ပြီး တစ်နေ့တာလုံး လည်ပတ်ခွင့်လည်း ရရှိမည်ဖြစ်သည်။ ရန်ကုန်-ညောင်ဦး-ရန်ကုန် လေယာဉ်လက်မှတ်အပါအဝင် လေဆိပ်နှင့် ဟိုတယ် အကြိုအပို့ ဝန်ဆောင်မှုလည်း ပါမည်ဖြစ်သည်။ Aureum Palace Hotel & Resort Bagan ခရီးစဉ်သည် ၂ညအိပ် ၃ရက်ခရီးစဉ်ဖြစ်ပြီး ဈေးနှုန်းမှာ မြန်မာနိုင်ငံသားတစ်ဦးလျှင်  (380,000 Ks) နှင့် နိုင်ငံခြား သား တစ်ဦးလျှင် (435 $) ဖြင့် စီစဉ်ထားရှိ ပါ သည်။ Aureum Palace Hotel & Resort Bagan ၏ Deluxe အခန်းတွင် ၂ည တည်းခိုရမည်ဖြစ်ပြီး နေ့စဉ် မနက်စာအပြင် ညစာတစ်နပ်ပါဝင်မည်ဖြစ်သည်။ ပုဂံတွင် ၂ရက်တိုင်တိုင် လည်ပတ်ခွင့်လည်း ရရှိမည်ဖြစ်သည်။ ရန်ကုန်-ညောင်ဦး-ရန်ကုန် လေယာဉ်လက်မှတ်အပါအဝင် လေဆိပ်နှင့် ဟိုတယ် အကြိုအပို့ ဝန်ဆောင်မှုလည်း ပေးမည်ဖြစ်သည်။ Aureum Palace Hotel & Resort Inle ခရီးစဉ်သည် ၂ညအိပ် ၃ရက်ခရီးစဉ်ဖြစ်ပြီး ဈေးနှုန်းမှာ မြန်မာနိုင်ငံသားတစ်ဦးလျှင်  (380,000 Ks) နှင့် နိုင်ငံခြားသားတစ်ဦးလျှင်(430 $) ဖြင့် စီစဉ်ထားရှိ ပါ သည်။ Aureum Palace Hotel & Resort Inle ၏ Villa Second Row အခန်းတွင် ၂ည တည်းခိုရမည်ဖြစ်ပြီး နေ့စဉ် မနက်စာအပြင် ညစာတစ်နပ်ပါဝင်မည်ဖြစ်သည်။ အင်းလေး၏ အလှကို တစ်နေ့တာလုံး လည်ပတ်ခံစားကြည့်ရှုနိုင်ပြီး အင်းဒိန်ရွာကိုလည်း လည်ပတ်ခွင့်ရမည်ဖြစ်သည်။ ရန်ကုန်-ဟဲဟိုး-ရန်ကုန် လေယာဉ်လက်မှတ်အပါအဝင် လေဆိပ်နှင့် ဟိုတယ် အကြိုအပို့ ဝန်ဆောင်မှုလည်း ပေးမည်ဖြစ်သည်။ 528