အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်လူငယ်များနှင့် နယူးဇီလန်နိုင်ငံ၏ ပဏာမခြေလှမ်းတွင် ပါဝင်ခဲ့ သူနှစ်ဦး

IMG_1605 copy မြန်မာနိုင်ငံ၏ တဖြည်းဖြည်းပွင့်လင်းတိုးတက်လာမှုသည် ကမ္ဘာ့နိုင်ငံအများကို အထူးစိတ်ဝင်စားလာစေသည့် ဆွဲဆောင်မှု တစ်ခုပင် ဖြစ်ပေသည်။ ထို့အတူ မြန်မာနိုင်ငံတွင်း နေထိုင်လျက်ရှိသော ခေတ်ပညာတတ် လူငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အထူးအခွင့်အလမ်းများစွာ ထွက်ပေါ်လာလျက်ရှိရာ အာဆီယံ ဆယ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်လူငယ်များကို နယူးဇီလန်နိုင်ငံသို့ ဖိတ်ခေါ်ပြီး အချိန်ကာလနှစ် ပတ်ကြာမြင့်တဲ့ ASEAN Young Business Leader Initiative  ပညာတော်သFull Scholarship ကို မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင်Gusto Institute ၏ အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူ ဦးဝင်းထိန်ဝင်း နှင့် Malihka Power Engineering  ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်ချိုသီရိမောင်တို့ တက်ရောက်ခွင့် ရရှိခဲ့ကြပါ သည်။ ယခုကဲ့သို့ ဂုဏ်ယူလေးစားဖွယ်အစီအစဉ်တွင် ပါဝင်ခွင့်ရခဲ့သော လူငယ်နှစ်ဦးအား CEO  မဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းခဲ့သမျ ဖော်ပြလိုက်ရပါသည်။ နယူးဇီလန်နိုင်ငံရဲ့ ဖိတ်ခေါ်မှုနဲ့ ရည်ရွယ်ချက် နယူးဇီလန်နိုင်ငံကို နိုင်ငံတော်သမ္မတကြီး အလည်အပတ် ခရီးစဉ်သွားပြီးတဲ့နောက်ပိုင်းမှာ သူတို့က အာဆီယံဘက်ကို စိတ်ဝင်စားလာကြတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ဘက် ပေါင်းစုံကတစ်ဆင့် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားလာ ကြတယ်။ နယူးဇီလန်က အာဆီယံဆယ်နိုင်ငံကို အခု လက်ရှိရော အနာဂတ်မှာပါ အရေးပါတဲ့မိတ်ဖက်လို့ ယူဆ တဲ့အတွက် အာဆီယံဒေသတွင်းမှာရှိတဲ့ အရေးကြီးSector တွေကနေ လူငယ်ခေါင်းဆောင်တွေကို နယူးဇီလန် အစိုးရရဲ့ Funding  နဲ့ နယူးဇီလန် ဖိတ်ခေါ်တာ ဖြစ်ပါ တယ်။ အစိုးရဝန်ကြီးဌာနကိုယ်စား  New Zeland Foundation  က အစီအစဉ်တစ်ခုလုံးကို တာဝန်ယူ ဆောင် ရွက်ပေးတာ ဖြစ်ပါတယ်။ ASEAN Young Business Leaders Initiativeရဲ့အဓိကရည်ရွယ်ချက်ကတော့ နောင်တစ်ချိန်မှာ အာဆီယYoung Leaders တွေနဲ့ နယူးဇီလန်မှာရှိတဲ့ လုပ်ငန်းကို ပူးပေါင်းဆက်သွယ်ပြီး နှစ်နိုင်ငံအကျိုးကို Private Sector တွေကနေ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး နယူးဇီလန်အကြောင်း လေ့လာစေချင်တဲ့အတွက် ဖြစ်ပါတယ်။ ဒီ Programme က သုံးနှစ်စီမံကိန်းဖြစ်ပြီး သုံးနှစ်အတွင်းမှာ အာဆီယံဒေသတွင်းက လူငယ်အယောက် ၅၀ ကို ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံမှာ Asian - New Zeland Business Council  ဆိုပြီး အာရှနိုင်ငံ တွေကို စိတ်ဝင်စားတဲ့သူ၊ စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်ချင် တဲ့သူတွေ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းလည်း ရှိပါတယ်။ ဒါကြောင့်New Zeland Foundation  က နှစ်နိုင်ငံကြားက စီးပွားရေးလုပ်ငန်းရှင်လူငယ်တွေကြားFuture Corporation  အတွက် ပေါင်းကူးတံတား သဖွယ် ဆက်သွယ်ပေးတာ ဖြစ်ပါတယ်။   အစီအစဉ်တက်ရောက်ရန် ရှိထားရမည့်အရည်အချင်း အသက် ၄၀ နှစ်အောက် လူငယ်စီးပွားရေးလုပ်ငန်းရှင်၊ ဒါမှမဟုတCEOအဆင့်ရှိတဲ့သူ မြန်မာနိုင်ငံသား ဖြစ်ရ ပါမယ်။ အင်္ဂလိပ်စာ၊ စကားကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး လက်ရှိဦးဆောင်နေတဲ့စီးပွားရေး လုပ်ငန်း ရည်ရွယ်ချက်က နယူးဇီလန်နိုင်ငံနဲ့ဆက်စပ်မှု ရှိရမယ်။ ထောက်ခံပေးမယ့် သူနှစ်ယောက်ရဲ့ ထောက်ခံစာတွေ လိုအပ်ပါတယ်။ တက်ရောက်မယ့်သူရဲ့ စီးပွားရေးနောက်ခံတစ်ခုတည်းကို ကြည့်တာမျိုးမဟုတ်ဘဲ ပညာ အရည်အချင်းနောက်ခံကိုပါ ကြည့်ပြီး ရွေးချယ်ပါတယ်။   U Win Htein Winတက်ရောက်ခဲ့တဲ့နိုင်ငံတွေနဲ့ မြန်မာနိုင်ငံက နှစ်ဦးပါဝင်ဖြစ်ခဲ့ပုံ ဦးဝင်းထိန်ဝင်း ။ ။ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို နိုင်ငံတွေက တစ်ယောက်စီနဲ့ မြန်မာနိုင်ငံက နှစ်ယောက်ပါ ပါတယ်။ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကStrategic Location  အရ အကောင်းဆုံး ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်တာဟာ မြန်မာနိုင်ငံမှာ ရှိတဲ့လူဦးရေ သန်း ၆၀ တင်မကဘဲ ကုန်းမြေချင်း ထိစပ် နေတဲ့ ငါးနိုင်ငံ (အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်း) ကိုပါ ထိုးဖောက်ဝင်ရောက်နိုင်မယ်လို့ သူတို့က မြင်ကြတယ်။ မြန်မာနိုင်ငံရဲ့ပတ်ချာလည်မှာရှိတဲ့လူဦးရေ တွေပါ ထပ်ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေရဲ့ သုံးချိုးတစ် ချိုးရှိသွားပြီ။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်လိုက်နိုင်တာနဲ့ ကမ္ဘာ့လူဦးရေသုံး ချိုးတစ်ချိုးရှိတMarketကြီးကို Access  လုပ်နိုင်မယ်လို့ သူတို့တွေ ယုံကြည်တယ်။ ကျွန်တော်တို့ တိုင်းပြည်က အခုမှ ဖွင့်လိုက်တဲ့အတွက် အလုပ်အတွကSector တိုင်းမှာ ဖွံ့ဖြိုးမှု မရှိသေးဘူး။ Business Perspective  အရ ပြောမယ်ဆိုရင် ဖွံ့ဖြိုးမှုမရှိသေးဘူးဆိုတာ အရာရာတိုင်းဟာ အခွင့်အလမ်းတွေချည်းဆိုတဲ့ သဘောသက်ရောက်တယ်။ အဲဒါကြောင့် သူတို့က မြန်မာနိုင်ငံနဲ့ ရေရှည်မှာ ပိုပြီးတော့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ချင်တယ်။ မြန်မာနိုင်ငံအကြောင်း ကို ပိုနားလည်ချင်တာကြောင့် မြန်မာနိုင်ငံက နှစ်ယောက်ကို ရွေးတာဖြစ်မယ်လို့ ထင်ပါတယ်။   ၁၄ ရက်ခရီးစဉ်အတွင်း တွေ့ကြုံရတဲ့ Training စုစုပေါင်း လူငါးယောက်အတူတကွ လေ့လာခဲ့ရတဲ့ ခရီးစဉ် ၁၄ ရက်အတွင်းမှာ အဓိကအပိုင်း လေးပိုင်း ပါဝင်ဆောင် ရွက်ခဲ့ရပါတယ်။ ပထမဆုံးအပိုင်းက Professional Development Training u Executive (CEO) Level တွေအတွက် Program တွေကို Provideလုပ်ပေးတယ်။ ကျွန်တော်တို့ကYoung Leader  တွေဖြစ်ပြီး SMEs တွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာGrowth Opportunity    တွေ၊ Challengingတွေ အများကြီးရှိတယ်။ လုပ်ငန်းအ လတ်ကနေ လုပ်ငန်းအကြီးကြီးဖြစ်အောင် လုပ်ဖို့ရာ ကျွန်တော်တို့ရဲ့ Capacity ကို မြှင့်တင်ပေးဖို့ လိုအပ်တယ် လို့ ယူဆတဲ့အတွက် သူတို့က နယူးဇီလန်ရဲ့ နံပါတ်တစ် ဖြစ်တဲ့Auckland University  မှာ ငါးရက် Training ပေးပါတယ်။ ဒုတိယတစ်ခုက Business Matching Program  တွေကို ဆောင်ရွက်ပေးတယ်။ ကျွန်တော်က Private Sector  အနေနဲ့ သွားတာဖြစ်တဲ့အတွက် နယူးဇီလန် မှာရှိတဲ့နာမည်ကြီးတက္ကသိုလ်၊ ကောလိပ်၊Institute တွေ နဲ့ တွေ့ခဲ့ရပါတယ်။ တတိယတစ်ခုက Government and Official Meeting ဆိုတဲ့ ကဏ္ဍတစ်ခုလည်းပါဝင်ပါတယ်။ ဒီ  Program  က နယူးဇီလန်အစိုးရရဲ့ အစီအစဉ်နဲ့ သွား တာဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ ကဏ္ဍအလိုက် နယူးဇီလန် အစိုးရရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့တယ်။ မြန်မာနဲ့ နယူးဇီလန်ကြားမှာ ပညာရေးကဏ္ဍကို ဘယ်လိုပူး ပေါင်းဆောင် ရွက်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ နောက်တစ်ခုက နယူးဇီလန်ရဲ့Culture Experience  ပါ။ နှစ်နိုင်ငံကြားမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါ စီးပွားရေးဆိုင် ရာပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် နှစ်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ကြဉ်းပြီး နှစ်နိုင်ငံရဲ့ Culture တွေကို အချင်းချင်းနားလည် ထားဖို့လိုတဲ့အတွက် နယူးဇီလန်ရဲ့ Culture တွေကို လေ့လာတဲ့အစီအစဉ်လည်း ပါဝင်ခဲ့ပါ တယ်။ photo(49)နှစ်ပတ်တာအတွင်း လေ့လာသင်ယူဖြစ်ခဲ့တာတွေ ဒေါ်ချိုသီရိမောင် ။                 ။ မတူညီတဲ့နယ်ပယ်အသီးသီးက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတဲ့ အတွက် New Zeland Foundation  အနေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ် ငန်းနယ်ပယ်က လူတွေနဲ့ တစ်ဦးချင်း စီတွေ့ဆုံခွင့်၊ လေ့လာ ဆွေးနွေးခွင့်ရအောင် ပြင်ဆင်ပေးထားပါတယ်။ ကျွန်မက လျပ်စစ်နဲ့ပတ်သက်တဲ့ လုပ်ငန်းနယ်ပယ်ကဆိုတော့ နယူးဇီလန်နိုင်ငံက လျပ်စစ်စွမ်းအင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အစည်း အဝေးလုပ်ခွင့်၊ သူတို့ ရဲ့Best Practice  တွေကို လေ့လာသင်ယူခွင့်နဲ့ ကိုယ့်မြန်မာနိုင်ငံက လျပ်စစ် စွမ်းအင် ဆိုင်ရာ လုပ်ငန်းသဘောတရားတွေကို တင်ပြနိုင်ခွင့်ရခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်ဖို့  ဖိတ် ခေါ်နိုင်ခဲ့ပါတယ်။ နောက်အစီအစဉ်တစ်ခုကတောCEO တွေကို အဓိကရည်ရွယ်တဲ့အတွက် Executive Education    လို့လည်း ခေါ်ပါတယ်။ ကိုယ့်လုပ် ငန်းကို ကိုယ်ကိုယ်တိုင် ဘယ်လိုမဟာဗျူဟာနဲ့ ဆက်သွားမယ်၊ Strategy ကောင်းကောင်းချတတ် ဖို့၊ အနာဂတ်အစီအစဉ်ကို ဘယ်လိုပြန်စီစဉ်မလဲ၊ ကိုယ့်လုပ်ငန်းရဲ့အားနည်းချက်၊ အားသာချက်တွေ က ဘာတွေလဲဆိုတာကို သုံးသပ်ပြီး လက်ရှိလုပ် နေတာတွေကို ပြန်လည်ဆန်းစစ်ဖို့ အစရှိသဖြင့် လေ့လာခွင့်ရခဲ့တဲ့အတွက် လိုရင်းတိုရှင်းနဲ့ အတော်လေး ကောင်းပါတယ်။ မြန်မာနိုင်ငံမှာတောင် အဲဒီလို  CEO  တွေ ကို သီးသန့်ပေးတဲ့သင်တန်းမျိုး ဖွင့်သင့်ပါတယ်။ တစ်ခါ တလေမှာCEO ၊MD တော် တော်များများက နိစ္စဓူ၀ လုပ်ငန်းလည်ပတ်မှု(Daily Operation)  မှာပဲ နစ်မြုပ်နေကြ ပြီးFuture Strategy  နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဖို့ အချိန်နည်းနေတာတွေ ရှိတတ်ပါတယ်။ တကယ်တော့ Daily Operation က အရေးမကြီးဘူးလားဆိုတော့ အရေး ကြီးတယ်၊ ဒါပေမဲ့ အဲဒီထဲမှာ ပဲနစ်မြုပ်မနေသင့်ဘဲFuture Strategy  အတွက်ကိုလည်း အချိန်ပိုပေးပြီး ဆောင်ရွက်သင့် ပါတယ်။ ဒါကြောင့်Important    က အရေးကြီးပေမဲ့ ချက် ချင်းလုပ်စရာမလိုဘူးဆိုပြီး Urgent  အလုပ်တွေကိုပဲ လုပ်နေတာမျိုး လျော့သင့်ပြီး သူများကDelicate လုပ်သင့်ပါတယ်။ CEO တစ်ယောက်က Strategy ချဖို့၊ ကိုယ့်Businessကိုအမြဲ Analysis လုပ်ဖို့ အချိန်ပေးသင့်ပါတယ်။ ကျွန်မတို့ အနေနဲ့ တစ်ခုခုဖြစ်မှပြန် တုံ့ပြန်(Reactive)  တာမျိုးမလုပ် တော့ဘဲအမြဲ  Proactive က နောက်ခြောက်လနေရင် ကိုယ့် လုပ်ငန်းက ဘယ်လိုတုံ့ပြန် မှုရှိလာမယ်၊ စီးပွားရေးပတ် ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဘယ်လိုဆောင်ရွက်မယ်၊ ကောင်းကျိုးဆိုးကျိုးတွေ ဘယ်လိုရှိလာနိုင်မယ်ဆို တာတွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ ဒါကြောင့် ကိုယ့်ကိုယ် ကိုယ်ပြောင်းလဲဖို့ လိုအပ်တဲ့အတွက် Structure  ပိုင်းကို ပြင်မလား၊ Process  ပိုင်းကို ပြုပြင်မှာလားဆိုတာတွေကို စဉ်းစားဖို့ လိုလာပါတယ်။ အောင်မြင်မှုဆိုတာ  Mission ၊ Visionနဲ့ Value တွေကို စာထဲမှာရေးထားရုံနဲ့မလုံလောက်တော့ဘဲ နေ့တိုင်း လုပ်နေကDaily Operation  ထဲမှာ Action အဖြစ် လိုက်ပါနေဖို့၊ တစ်နှစ်၊ငါးနှစ် Plan တွေချထားပြီး တကယ် ဖြစ်အောင်လုပ်ဖို့နဲ့ အဓိကကတော့Strategic Management   အပိုင်းကို အများကြီး လေ့လာသင်ယူခွင့် ရလိုက်တာပါပဲ။ ဒါ့အပြင့်Young Leader  တစ်ယောက်အနေနဲ့ တကယ် လိုအပ်တဲ့ Leadership Skill ၊ Marketing ၊ Presentation Skills စတာတွေကိုပါ လေ့လာခဲ့ရပါတယ်။ နောက်အစီအစဉ် တစ်ခုကတော့ အတူသွားခဲ့တဲ့ အရှေ့တောင်အာရှက လူငယ်တွေနဲ့ နယူးဇီလန်က လူငယ်တွေပေါင်းပြီး(Start-up Secret)  လုပ်ငန်းသစ်တစ်ခုကို ဘယ်လိုစတင်ခဲ့ပြီး၊ အခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့ကြပြီး အောင် မြင်အောင် ကြိုးစားခဲ့ကြတာတွေကSeminar  ပုံစံအနေနဲ့ တင်ပြရတဲ့အစီအစဉ်မှာလည်း ပါဝင်ခဲ့ရလို့ အချင်းချင်းအတွေ့ အကြုံသစ်တွေ လေ့လာဆည်းပူးဖလှယ်ခွင့်အများကြီး ရခဲ့ပါ တယ်။ ဒါကြောင့် စိတ်ပါဝင်စားလို့ တက်ချင်တဲ့လူငယ်လုပ် ငန်းရှင်တွေအတွက် ဒီအစီအစဉ်ဟာ အကျိုးရလဒ်တွေ အများကြီးရစေနိုင်မယ်လို့ ပြောပြချင်ပါတယ်။ ဒီအစီအစဉ်ကို့http://asianz.org.nz/our-work/action-asia-business/asean-initiative မှာဝင်ရောက်လ၏လေ့လာနိုင်ပါတယ်။ ဦးဝင်းထိန်ဝင်း ။          ။ စီးပွားရေးဖွင့်လိုက်တဲ့အချိန် ကစပြီးGrowth Potential  အင်မတန်မြင့်လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ HR Gap က ရှိနေတယ်။ အဲဒါ ကြောင့်Human Resource  လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အတွက် ဘယ်Sector တွေမှာ အသိပညာရှင်၊ အတတ် ပညာရှင်တွေ များများ လိုမလဲ၊ လိုမယSector  တွေကို Indentify  လုပ်ပြီးတော့ အဲဒSector တွေမှာ Provide လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ နယူးဇီလန်က တိုင်းပြည်သေးသေးလေးဖြစ်ပေမယ့် ဒီလောက်ထDeveloped ဖြစ်လာတာ သူ့ရဲ့ပညာရေးနဲ့ နည်းပညာစွမ်းအားတွေကြောင့်ပါ။ နယူးဇီလန်ရဲ့ Education ကို Provide လုပ်နိုင်ခဲ့ရင် မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ အတွက် အကျိုးကျေးဇူးရှိနိုင်မယ်လို့ သူတို့ရော ကျွန်တော် ရော မြင်ပါတယ်။ နယူးဇီလန်ရဲ့World Class Education  ကိုသာ ကျွန်တော်တို့ မြန်မာနိုင်ငံ လူငယ်အများစု တတ်နိုင် တဲ့ပုံစံ၊ နည်းလမ်းနဲ့ သယ်ယူနိုင်ခဲ့မယ်ဆိုရင် နယူးဇီလန်ကို သွားစရာမလိုဘဲ ကုန်ကျစရိတ်သက်သက်သာသာနဲ့ တူညီ တQuality  ပညာရေးကို ရရှိမှာပါ။ အဲဒါဆိုရင်တော့ မြန်မာလူငယ်တွေအတွက်သာမက တိုင်းပြည်အတွက်ပါ အများကြီး အကျိုးကျေးဇူးရှိလာမှာပါ။

အယ်ဒီတာအဖွဲ့