GE ရဲ့ Chief Country Representative Andrew Lee

KND

ပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံဈေးကွက်ကို ဝင်ရောက်လာတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေထဲမှာ နာမည်ကျော် General Electric Int'l Inc (GEII)  လည်း ပါဝင်ပါတယ်။ Power & Water  ၊ Healthcare၊ Transportation(Aviation)၊ Oil & Gas စတဲ့ ကမ္ဘာတစ်ဝန်းက အခြေခံအဆောက်အအုံပိုင်း ဆိုင်ရာကဏ္ဍတွေမှာ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးဖြစ်သလို မြန်မာနိုင်ငံရဲ့အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးကို စိတ်ဝင်စားပြီး အကူအညီပေးနေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ GE ရဲ့ လုပ်ကိုင်ဆောင်ရွက်နေ တာတွေ နဲ့ပတ်သက်ပြီး GE ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Chief Country Representative ဖြစ်သူ Mr Andrew Lee @ ဦးဇော်ဝင်းနဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို ဖော်ပြလိုက်ပါတယ်။

GE မြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့ အကြောင်းအရင်း

GE က မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ တိုင်းပြည်က ဖွင့်လိုက်တဲ့အခါ မှာ GE က မြန်မာနိုင်ငံကို စိတ်ဝင်စားလာပါတယ်။ အဓိကကတော့ Infrastructure အပိုင်း ဖြစ်ပါတယ်။ GE ရဲ့ လုပ် ငန်းတွေက Healthcare ၊ Power  & Water ၊ Transportation (Aviation) ၊ Oil&Gas စတဲ့ Infrastructure လုပ်ငန်း ပိုင်းတွေဖြစ်ပြီး မြန်မာနိုင်ငံကလည်း တံခါးပိတ်ဝါဒကျင့်သုံးခဲ့တာ နှစ်ပေါင်း ၅၀ မက ရှိနေပြီဆိုတော့ တိုင်းပြည် ရဲ့လိုအပ် ချက်တွေကို လာရောက်လေ့လာဖို့အတွက် GE က အခုလို ဝင်ရောက်လာတာဖြစ်ပါတယ်။ GE ရဲ့ Vice Chairman ဖြစ်တဲ့ John G.Rice က မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာပြီး မြန်မာနိုင်ငံရဲ့ Infrastructure ဖွံ့ဖြိုးတိုးတက် မှုအတွက် ဘယ် လိုဆောင်ရွက်ပေးရမလဲဆိုတာကို လျပ်စစ်ဝန်ကြီးနဲ့ စတင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

Chief Country Representative  အနေနဲ့ တာဝန်ယူရတဲ့အပိုင်း

GE မှာ Solution လေးခု ရှိပါတယ်။ အဲဒါတွေကတော့ Moving (မီးရထား၊ လေယာဉ်ပျံစတဲ့ သယ်ယူပို့ဆောင် ရေးအပိုင်း)၊ Building (ကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရေးနဲ့ ပတ်သက်တဲ့အပိုင်း)၊ Curing (Healthcare နဲ့ ပတ်သက်တဲ့အ ပိုင်း) နဲ့ Powering (လျပ်စစ်စွမ်းအင်နဲ့ပတ်သက်တဲ့အပိုင်း) ဆိုပြီး Solution တွေ ရှိပါတယ်။ အဲဒါတွေကို တာဝန်ယူရပါ တယ်။

GE  ရဲ့ Chief Country Representative ရာထူးကို မြန်မာလူမျိုးအနေနဲ့ တာဝန်ယူလုပ်ကိုင်ရတဲ့ အားသာချက်

မြန်မာလူမျိုးတစ်ဦးအနေနဲ့ GE ရဲ့ Chief Country Representative တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူမိသလို တာဝန်က လည်း တော်တော်ကြီးမားပါတယ်။ ကိုယ့်တိုင်းပြည်တိုးတက်အောင်၊ အနာဂတ်မျိုးဆက်အတွက် တိုးတက်အောင် ဘာတွေဆောင်ရွက်ပေးရမလဲဆိုတာကို နားလည်ထားမယ်ဆိုရင် ဒီနေရာမှာ Chief Country Rep အနေနဲ့ တာဝန်ယူရတာ ပိုပြီးအားသာချက်ရှိတယ်လို့ ပြောရမှာပါ။ တခြားနိုင်ငံသားဆိုရင် Culture ပိုင်းနဲ့ ပြောဆိုဆွေးနွေးတဲ့အပိုင်းတွေမှာ အခက် အခဲရှိနိုင်ပါတယ်။ Country Rep တစ်ယောက်က ကိုယ်သွားမယ့် တိုင်းပြည်ရဲ့ Culture Protocol ကို နားလည်ရပါမယ်။ ဒါကတော့ မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ Challenge တွေကတော့ အများကြီးရှိနေပေမဲ့ ကိုယ့်တိုင်းပြည် တိုးတက် ဖို့နဲ့ အနာဂတ်မျိုးဆက်တွေ တိုးတက်ဖို့အတွက် စိတ်ထားပြီးလုပ်ကိုင်ရတာပျော်ပါတယ်။

လျပ်စစ်စွမ်းအင်ကဏ္ဍအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေမှုအပိုင်း

လျပ်စစ်ဝန်ကြီးဦးခင်မောင်စိုးအပါအဝင် အခြားဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးနေပါတယ်။ လျပ်စစ်ဝန်ကြီးဌာန တစ် ခုတည်းသာမကဘဲ အခြားဝန်ကြီးဌာနတွေနဲ့လည်း လက်တွဲလုပ်ကိုင်ရမှာဖြစ်တယ်။ လော လောဆယ်မှာတော့ နွေရာသီ လျပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ဘယ်လိုတိုးတက်အောင်လုပ်မယ်ဆိုတာကို ရှင်းပြရပါတယ်။ အဲဒီလိုရှင်းပြဖို့က လည်း ဝန်ကြီးဌာနတွေနဲ့ Relationship ကောင်းဖို့၊ Sincere ဖြစ်ဖို့လိုပါတယ်။ GE ကတော့  ဘာပဲလုပ်လုပ် Transparentဖြစ်ဖို့၊ လေးစားလိုက်နာမှု (Compliance)ရှိဖို့နဲ့Rule of Law အတိုင်း လိုက်နာဆောင်ရွက်နိုင်ဖို့ စတဲ့ အချက်တွေကို အဓိကထားပြီးလုပ်ကိုင်ပါတယ်။ တစ်ခုခုလုပ်မယ်ဆိုရင် Checks and Balances က အများကြီး ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ လျပ်စစ်ဓာတ်အားရရှိမှုအနေအထား အပေါ်သုံးသပ်ချက်

အစိုးရကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ Electrification Rate က ၃၀ ရာခိုင်နှုန်းနီးပါးလောက် ရှိပါတယ်။ လျပ်စစ်မီးရဖို့ အဓိကအနေနဲ့ Policy အပေါ်မှာမူတည်တယ်။ External Policy ကို ဆိုလိုတာဖြစ်တယ်။ အစိုးရက ဆုံးဖြတ် ချက်ချတာ မြန်ဆန်မှုရှိမရှိနဲ့ ရေတိုအတွက်စဉ်းစားတာလား၊ ရေရှည်အတွက်စဉ်းစားတာလားစတဲ့ Factor တွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ မြန်မာနိုင်ငံမှာကသဘာဝသယံဇာတ တွေအများကြီးရှိတယ်။ မြန်မာနိုင်ငံရဲ့ လျပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းက ရေအားလျပ်စစ်ထုတ်လုပ်မှုနဲ့ သွားတာဖြစ်တယ်။ အဲဒါကကောင်းပါတယ်။ ဒါပေ မဲ့ ရေအားလျပ်စစ်ထုတ်လုပ်မှုက ကြာလာရင် EIA (EnvironmentalImpactAssessment)အနေနဲ့ အကျိုးသက်ရောက် မှုအများကြီး ရှိနေပါတယ်။ မြစ်ဝကျွန်း ပေါ်အောက်ပိုင်းဒေသ (Lower Delta) မှာနေတဲ့ ရွာသားတွေ၊ လယ် သမားတွေအတွက် မြစ်ရေက အဓိကအသက်သွေးကြောပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒါနဲ့ပဲ စိုက်ပျိုးရေးတွေ လုပ် ခဲ့တယ်။ အသက်မွေးဝမ်း ကျောင်းပြုပြီး ရှင်သန်နေထိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် Hydro တစ်ခုဆောက်မယ် ဆိုရင် EIA အများကြီးစဉ်းစားရမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာ Natural Gas Reserve  တွေ အများကြီးရှိပါတယ်။

          ဒါပေမဲ့ ဒါတွေကိုထုတ်လုပ်ဖို့က အချိန်ယူရမယ်။ ဆိုလိုတာက  Integrated Energy Balance  ရှိကိုရှိရမယ်။ အစိုးရမှာ Capacity များများရှိမယ်၊ လျပ်စစ်ဓာတ်အားနဲ့ပတ်သက်ပြီး Efficiency ကို ကောင်းကောင်း နားလည်ထားမယ် ဆိုရင် မြန်မာနိုင်ငံအနေနဲ့ လောလောဆယ် ၁၈ လကနေ ၂၄ လအတွင်း GE မှာရှိတဲ့ Solution တွေနဲ့ လျပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏကို တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ လျပ်စစ်ဝန်ကြီးဌာနနဲ့ Efficiency ကိစ္စ ကို ဆွေးနွေးနေပါ တယ်။ ရှိနေတဲ့ဆီကိုပဲသုံးပြီး အချို့နေရာတွေမှာ လျပ်စစ်ဓာတ်အားပမာဏကို နှစ်ဆအထိတိုးထုတ်လို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Technology က တော်တော်ကို ပြောင်းသွားပြီဖြစ်တဲ့အတွက် Efficiency က အရင်က နဲ့ တော်တော်ကွာသွားပါတယ်။ အဲဒါကြောင့် Electrified Household များများရှိလာဖို့ကတော့ အခုပြောခဲ့တဲ့ အတိုင်း External Factor တွေအပေါ်မှာ အများကြီးမူတည် နေပါတယ်။ Internal Factor အနေနဲ့ဆိုရင်တော့ GE ဘက်ကတော့ အဆင်သင့်ပါပဲ။

GE  ရဲ့ Power & Water Solution နဲ့ပတ်သက်တဲ့လုပ်ငန်း

Power နဲ့ပတ်သက်ပြီး GE မှာ Thermal ၊ Aerodirective Gas Engine  နဲ့ Energy Service Management ဆိုပြီး ရှိပါ တယ်။ Thermal က GE မှာရှိတဲ့ Heavy Duty Gas Turbine (HDGT) တွေထုတ်ပါတယ်။ အ ခုလော လောဆယ် မြန်မာပြည်မှာရှိတဲ့ Gas Turbine တွေကတော့ GE ရဲ့ HDGT တွေဖြစ်ပါတယ်။ Aerodirective ဆိုတာကတော့ ဂျက်အင်ဂျင်ကိုယူပြီး လျပ်စစ်ဓာတ်အားထုတ်တာဖြစ်တယ်။ အခုဂျက်အင်ဂျင်နှစ်လုံးကို အလုံစက်ရုံမှာ ထည့်ထားတယ်။ Efficiency အင်မတန်ကောင်းပါတယ်။ GE ရဲ့ Gas Engine အနေနဲ့ကတော့ အခုသာကေတ ဓာတ်အားပေးစက်ရုံမှာ Gas Engine ၁၆ လုံးရှိပါတယ်။ Enegy Service Management  ကတော့ Gas Turbine တွေကို Maintenance အနေနဲ့ Aftersales Service လုပ်ပေးတာ ရှိပါတယ်။ Aerodirective မှာ Distributed Power  ဆိုတာရှိပြီး Renewable Energy  အနေနဲ့ (Biomass) တွေကိုသုံးပြီး လျပ်စစ်ဓာတ်အားပြန်ထုတ်လုပ်တာရှိပါတယ်။ တချို့ဟာဆိုရင် Human Waste ၊ Animal Waste  တွေကနေ Methane ကို Capture လုပ်ပြီးမှ လျပ်စစ်ဓာတ်အားထုတ်လုပ်တဲ့စက်တွေ ရှိပါတယ်။ နောက်ပြီး Renewable Energy အနေနဲ့ Wind Turbine  တွေ ထုတ်ပါတယ်။ ဥပမာအနေနဲ့ မကြာသေးခင်က ကိစ္စတစ်ခုဖြစ်တဲ့ မွန်ဂိုးလီးယားအကြောင်း ပြောချင်ပါတယ်။ မွန်ဂိုးလီးယားမှာဆိုရင်ဘာမှမရှိဘူး။ ဒါပေမဲ့ အဲဒီမှာ လေ အားကောင်းလို့ Wind Energy ကို GE ရဲ့စက်တွေ၊ Solution တွေနဲ့ ထုတ်လုပ်ပြီး လျပ်စစ်မီးရရှိတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွား ရေးဖွံ့ဖြိုးမှု စတင်ကောင်းမွန်လာတာကို တွေ့ရှိရပါတယ်။

GE Foundation ရဲ့ CSR အစီအစဉ်

နေပြည်တော်မှာကျင်းပခဲ့တဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ GE က Co-chair လုပ်ခဲ့ပြီး မြန်မာနိုင်ငံအ တွက် ဒေါ်လာခုနစ်သန်းလှူမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ GE က ဒေါ်လာ ၃,၅၀၀,၀၀၀ ကို  ကျန်းမာရေး ဝန်ကြီးဌာနက ရွေးချယ်ထားတဲ့ဝန်ထမ်းတွေကို Jhpiego (an affiliate of Johns Hopkins University) မှာ သင်တန်းပေးဖို့ အသုံးပြုမှာဖြစ်ပြီး ကျေးလက်ဒေသကျန်းမာရေး စောင့်ရှောက်မှုအတွက် GE အနေနဲ့ ကျန်းမာရေးဝန်ကြီး ဌာနနဲ့ ပူးပေါင်းပြီး မိခင်နဲ့ မွေးကင်းစကလေး သေဆုံးမှုနှုန်း (Maternal and Infant Mortality) ကို လျော့ချဖို့ Training ၊ Technology နဲ့ Equipment  တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။  ကျန်တဲ့ ဒေါ်လာ ၃,၅၀၀,၀၀၀ ကိုတော့ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Broad Training နဲ့ Capacity Building Efforts တွေအတွက် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ နောင်လာမယ့် လူငယ်ခေါင်းဆောင်တွေကို တိုင်းပြည်တိုးတက်ဖို့ အတွက် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုဆုံးဖြတ်ချက်ချရမယ်စတာတွေနဲ့ ပတ်သက်တာတွေကို New York မြို့၊  Ossining မှာရှိတဲ့ Crotonville Leadership Training Center မှာ Training ပေးဖို့အတွက် လူ ၅၀ ကို ရွေးချယ်စေလွှတ် မှာ ဖြစ်ပါတယ်။ Practical ၊ In class ၊ Fundamental နဲ့ Case Studies ပုံစံတွေနဲ့ သင်ပေးမှာဖြစ်ပါ တယ်။ နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ GE က လူ ၅၀ ကို ဒီနှစ်ကနေစပြီး တစ်နှစ်ကို ဆယ်ယောက်နှုန်းနဲ့ စင်ကာပူမှာ ရှိတဲ့ Lee Kuan Yew Shool of Public Policy ကို ပို့ပေးမှာဖြစ်ပါတယ်။ အဲဒီမှာ Public Administration ၊ Procurement ၊ Transparency & Good Governance စတာတွေနဲ့ ပတ်သက်ပြီး Capacity Course ၊ Training Course တွေကို သင်ပေးမှာဖြစ်ပါတယ်။

          Power နဲ့ပတ်သက်ပြီး GE က မြန်မာနိုင်ငံရဲ့ Energy Masterplan  ကို ရေးဆွဲပေးဖို့ရှိပါတယ်။ နောက် တစ်ချက်အနေနဲ့ အခု Chief Engineer(CE) တွေက Retirement သွားနေတော့ နောက်တက်လာတဲ့ CE တွေက GE ရဲ့ Technology ကို သိပ်မသိတော့တဲ့အတွက် သူတို့တွေကို Capacity Training ပေးဖို့ လျပ်စစ်ဝန်ကြီးဌာနက GE  ကို ပြောပါတယ်။ အဲဒါကို  GE  အနေနဲ့ ဆောင်ရွက်ပေးဖို့ရှိပါတယ်။ နောက်ပြီး GE က Aero နဲ့ Thermal Gas Engine တွေရဲ့ Subject Matter Expert  (SME) တွေလာပြီး မြန်မာနိုင်ငံက Engineer တွေကို Classroom ပုံစံ၊ Case Studies ပုံစံနဲ့ Practical ပုံစံလည်း သင်ပေးဖို့ရှိပါတယ်။ သင်တန်းပြီးရင် Site Visit အစီအစဉ်လည်း ရှိပါတယ်။ ဒါ့အပြင် MRDI နဲ့တွဲပြီး Rule of Law  နဲ့ပတ်သက်တဲ့ Capacity Training လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

Healthcare နဲ့ပတ်သက်တဲ့အပိုင်း

Sea Lion ကတော့ မြန်မာနိုင်ငံမှာ GE ရဲ့ Channel Partner  ဖြစ်တယ်။ မြန်မာနိုင်ငံမှာ Healthcare နဲ့ပတ်သက်တာတွေ အားလုံးကို Sea Lion  နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍအပေါ်သုံးသပ်ချက်

FDI တွေကတော့ ဝင်လာနေပြီ။ လာဖို့ဖိတ်ခေါ်နေတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကတော့ လာကြမှာပဲ။ ဒါပေမဲ့ Public Administration မှာ အထက်ပိုင်းက ဘယ်လောက်ပဲပြောနေပြောနေ တကယ်တမ်း Execution၊ Implementat- ion လုပ်ရမှာက Mid-level က လူတွေဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ ဒါတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့က Internet ၊ E-government စတဲ့ Tools နဲ့ Access မရှိဘူးဆိုရင် လုပ်ရတာအချိန်ကြာပါတယ်။

          ဥပမာ - ကုမ္ပဏီတစ်ခုလာထောင်ချင်တယ်ဆိုရင် စာရွက်စာတမ်းတွေ အကုန်လုပ်ပြီး ဘယ်သူနဲ့ ဘယ်ဌာနနဲ့ ဆက်သွယ်ဆောင်ရွက်ရမယ်ဆိုတာတွေလုပ်နိုင်ဖို့အတွက် E-government  ကရှိရမယ်။ Capacity  မြင့်လာဖို့အတွက် Technology ကအရေးကြီးပါတယ်။ Technology က Productivity ကို တိုးတက်စေပါတယ်။ မြန်မာနိုင်ငံအတွက် အင်မတန်ကောင်းမွန်တဲ့အခွင့်အရေးကတော့ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် တစ်ဆင့်ပြီးမှတစ်ဆင့် သွားနေစရာမလိုတော့ဘဲ နောက်ဆုံးပေါ်အဆင့်မြင့် နည်းပညာတွေကို အသုံးချပြီး Leapfrog လုပ်နိုင်မယ်ဆိုရင် တိုးတက် မှုအလွန်မြန်ဆန်မှာ ဖြစ်ပါတယ်။

          Infrastructure နဲ့ပတ်သက်ပြီး လျပ်စစ်မီး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ရေအရင်းအမြစ်နဲ့ လမ်းတံတားစတာတွေကို တိုးတက်အောင်လုပ်ရမှာ ဖြစ်ပါတယ်။  Rule of Law လည်း ရှိရမှာဖြစ်ပါတယ်။  Infrastructure ကလည်းမကောင်းသလို Rule of Law လည်း ကောင်းကောင်းမရှိဘူးဆိုရင်တော့ FDI  တွေ ဝင်လာမှာမဟုတ်ပါဘူး။ FDI တွေဝင်မလာရင် ဒီမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှာဖြစ်ပါတယ်။ FDI  တွေဝင်လာဖို့အတွက် အစိုးရက Flexible ဖြစ်ရမယ်။ Rule of Law ရှိရမယ်။ နောက်တစ်ခုက FDI တွေဝင်လာဖို့ Banking Reform ကအင်မတန် အရေးကြီးပါတယ်။ ဒါက အချိန်ယူပြီးလုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ- စင်ကာပူ ဘာကြောင့်တိုးတက်သလဲဆိုတာကိုကြည့်ရင်  Investment တွေဝင်လာတဲ့အခါ အဆင်ပြေအောင် လုပ်ကိုင်ဆောင်ရွက်ထားတာတွေဟာ အင်မတန်ကို Systemat- ic ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ မြန်မာနိုင်ငံအနေနဲ့လည်း နမူနာတစ်ခုယူပြီး နောက်ဆုံးပေါ်နည်းပညာအသစ်တွေကို အသုံးပြုလုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်မှာဖြစ်ပါ တယ်။

ဖြည့်စွက်ပြောချင်တာရှိရင်

ကျွန်တော့်ရဲ့ Expectation ကတော့ Next Generation တွေအတွက် စဉ်းစားဖို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၅၀ ကာလအတွင်း မှာ တိုင်းပြည်ရဲ့ပညာရေးစနစ်က တဖြည်းဖြည်းကျဆင်းလာခဲ့တယ်။ ပြောခဲ့ပြီးတဲ့အတိုင်း Challenge တွေဖြစ်တဲ့ Infrastructure ၊ Capacity ၊ Connectivity၊ Knowledge စတာတွေက တိုင်းပြည်တံခါးပိတ်နေလို့သာ ဖြစ်ရတာ ပါ။ မြန်မာနိုင်ငံရဲ့ Literacy Rate က ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် ကောင်းကောင်းသင်ကြားပေးမယ့်သူရှိရင်၊ Access ရှိမယ်ဆိုရင်၊ စာဖတ်မယ့်နေရာကောင်းကောင်းရှိမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ တိုးတက်ဖို့အခွင့်အလမ်းအများကြီး ရှိနေပါတယ်။ Access နဲ့ Tools မရှိလို့သာ ဒီလို Challenge တွေကြုံနေရတာ ဖြစ်တယ်။ နိုင်ငံသားတွေကိုယ်တိုင်ကလည်း ကိုယ့်မိသားစု၊ တိုင်းပြည်အနာဂတ်တိုးတက်ဖို့ Passion ၊ Initiative စတာတွေ ရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ကျွန်တော်နှစ်သက်တဲ့ စကားတစ်ခုကတော့ John F Kennedy  ပြောတဲ့ ' Ask not what your country can do for you, ask what you can do for your country ' (သင့်ရဲ့တိုင်းပြည်က သင့်အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတာကိုမမေးဘဲ သင်က သင့်ရဲ့တိုင်းပြည်အတွက်ဘာ လုပ်ပေးနိုင်မလဲဆိုတာကိုမေးပါ) ဆိုတဲ့ မိန့်ခွန်းပါပဲ။