Owen Chase ဟာ နောက် ၉ ရက်အတွင်း သူ့ကုမ္ပဏီကို ပြန်ပြီး ဦးမော့လာအောင် မလုပ်နိုင်ရင် ကုမ္ပဏီကို ပိတ်ပစ် လိုက်ရမှာဖြစ်ပြီး အလုပ်သမားတွေကိုလည်း အလုပ်မှ ရပ်စဲ ပစ်လိုက်ရတော့မှာဖြစ်တယ်။ အကြွေးတွေလည်း အများကြီး တင်နေပြီး အိမ်ထောင်ရေးကလည်း လှုပ်လှုပ်ဖြစ်နေတယ်။ သူဟာ လောင်းကစားပွဲတစ်ခုမှာ Samantha ဆိုတဲ့ အမျိုး သမီးတစ်ယောက်နဲ့တွေ့တယ်။ ဒီအမျိုးသမီးက ရုပ်ချော တဲ့အပြင် စီးပွားရေးလုပ်ငန်းလုပ်ရာမှာ ဆန်းသစ်တဲ့ အတွေးအမြင်ရှိသူဖြစ်ပြီး Owen ကိုကုမ္ပဏီနာလန်ထူအောင် အကြံဉာဏ်ပေးနိုင်သူဖြစ်တယ်။ ဒါပေမဲ့ အိမ်ထောင်ရေး မသာမယာဖြစ်နေရတဲ့ Owen ဟာ လှပတဲ့ Samantha ရဲ့ ညုတုတုခရာတာတာ ချစ်ရေးချစ်ရာမြူဆွယ်မှုတွေနဲ့ ရင်ဆိုင်နေရပြန်တယ်။ အထက်ပါကတော့ ဒီစာအုပ်ပါ ဇာတ် လမ်းအကျဉ်းချုပ်ပါပဲ။ ဒီဇာတ်လမ်းက ဝတ္တုသက်သက်မ ဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတွေ စတင်စွန့်စားဆောင်ရွက်ရာမှာ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသင့်သလဲ ဆိုတာတွေကို အဓိကထား တင်ပြထားတာဖြစ်တယ်။ စာရေးသူ Diana Kander ဟာ ဆိုဗီယက်ပြည် ထောင်စုမှ အမေရိကန်ပြည်ထောင်စုကို ရှစ်နှစ်သမီးအရွယ် မှာ လာရောက်ခိုလှုံနေထိုင်သူဖြစ်ပြီး အစိုးရအထောက်အပံ့ ရတဲ့အိမ်ရာမှာနေထိုင်ရင်း အမေရိကန်နိုင်ငံသား အဖြစ် ခံယူ ကာ ပစ္စည်းအဟောင်းတွေကို ကျောင်းနေဘက်သူငယ်ချင်း တွေကို ဈေးတင်ရောင်းရာက နောက်ပိုင်းကိုယ်ပိုင် ကုမ္ပဏီ ထောင်ပြီး ကြီးပွားလာသူဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အကြံပေးသူအဖြစ်လည်း ဆောင်ရွက်နေသူ ဖြစ်တယ်။ ရေးသူ - Diana Kander ထုတ်ဝေသူ - Wiley, First edition (30.6.2014) စာမျက်နှာ - ၃၀၄ မျက်နှာ၊ ကတ်ထူဖုံး အရွယ်အစား - 9.1"_ 6.4" _1.3" ISBN-10:1118857666 ISBN-13:978-1118857663