A-UNIT Custom Bodykits

aunit1

ဆိုင်တည်နေရာ . . .

တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက်အတွင်းရှိ တောင်ဥက္ကလာစက်မှုဇုန် ၅ လမ်း၊ အမှတ် ၁၀ (ဘီ)မှာ ဖွင့်လှစ်ထားပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉-၉၇၅ ၂၅၁၈၈၈၊ ၀၉-၉၇၅၃၄၂၅၅၅ ဖြစ်ပါတယ်။  Facebook တွင် a.unit.customauto ဟု ရိုက်နှိပ်ပြီး လေ့လာနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

တစ်ပတ်မှာ တနင်္လာနေ့တစ်ရက်ဆိုင်ပိတ်မှာဖြစ်ပြီးတော့  ကျန်ရက်တွေမှာတော့ နေ့စဉ်နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီခွဲထိ ဖွင့်လှစ်ထားပါတယ်။

ရည်ရွယ်ချက် . . .

ဝါသနာရှင်ဖြစ်တာလည်းပါတယ်။ အရင်ကနာမည်ရှိတဲ့ ဆိုင်တွေကို ကိုယ်ကားဆင်ချင်လို့ မေးဖြစ်တယ်၊ အဲ့ဒီမှာ နှစ်ပတ်ကြာမယ် တစ်လကြာမယ် အချိန်ကို အတိကျမပြောနိုင်ဘူး၊ နောက်ပိုင်းနိုင်ငံခြားရောက်တော့ ကားနဲ့ပတ်သက်ပြီး လေ့လာဖြစ်တယ်။ ပြီးတော့ ကိုယ်ကြိုက်တာလေးတွေဝယ်ပြီး ဆင်ဖြစ်တယ် အဲ့လိုဆင်တော့ ဒီက လူငယ်တော်တော်များများက စိတ်ဝင်စားကြတာတွေ့ရတယ်၊ အဲ့ဒါနဲ့ပဲဒါလေးကို သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး လုပ်ဖြစ်သွားတာပါလို့ ဆိုင်ရှင်ကိုစိန်ဌေးက ပြောပါတယ်။

aunit2

ဝန်ဆောင်မှု . . .

ဆိုင်ရဲ့အဓိကဝန်ဆောင်မှုကတော့ ဆေး၊ ဘော်ဒီနဲ့ Modify ကိုလည်း တွဲပြီးလုပ်တဲ့ဆိုင်ဖြစ်ပါတယ်။ ကား Bodykits နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုအတွက်လည်း ဆောင်ရွက်ပေးနေပါတယ်။ Bodykits အတွက် လိုအပ်တဲ့ ပစ္စည်းတွေတင်သွင်းဖို့လည်း မလေးရှားက JEmotion ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက် Customer တွေအနေနဲ့ မိမိကားအတွက် လိုက်ဖက်တဲ့ပစ္စည်းတွေ တပ်ဆင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ဘာသာကိုယ် ယူလာတဲ့ပစ္စည်းကို တပ်ဆင်ပေးနေသလို အပြင်မှာတပ်ဆင်လာပြီး မတော်တဆတစ်ခုခုဖြစ်လို့ လာအပ်ရင်လည်း ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဈေးနှုန်းနဲ့ထူးခြားမှု . . .

အခြေခံကတော့ ပစ္စည်းအပိုင်း၊ တပ်ဆင်တဲ့အပိုင်း၊ ဆေးအပိုင်းနဲ့ Bodykits ကပါဆို အနည်းဆုံးကျပ် ၁၀ သိန်းဝန်းကျင်ကနေ ကျပ်သိန်း ၃၀ ဝန်းကျင်ထိ ကျသင့်မှာ ဖြစ်ပါတယ်။ ပစ္စည်းအမျိုးအစားနဲ့ ကားအမျိုးအစားလိုက်ပေါ်မူတည်ပြီးလည်း ဈေးနှုန်းကွာဟမှုရှိပါတယ်။ ထူးခြားတာကတော့ ဝန်ဆောင်မှုပိုင်း၊ သုံးစွဲတဲ့ပစ္စည်းအရည်အသွေးပိုင်းနဲ့ ဈေးနှုန်းပိုင်းတွေမှာ သူများဆိုင်တွေထက်ပိုပြီး သက်သာကောင်းမွန်အောင် လုပ်ပေးနေတယ်လို့ သိရပါတယ်။

ဆိုင်မှာလာပြီး အလှဆင်များတဲ့ ကားတွေက Nissan ကထဲကဆို FairIady ၊ GTR ၊ R34 ဒီကားတွေ အဆင်များကြသလို Honda ထဲကဆိုရင်လည်း Civic ၊ Fit တို့လည်းအဆင်များကြပါတယ်။ နောက်ပြီးတော့ Toyota ထဲကဆိုရင်လည်း Crown ၊ Lexus ၊ Mark 2 တို့ အလှဆင်ကြပါတယ်။

အနာဂတ်အစီစဉ် . . .

နောက်ပိုင်းမှာ ကားနဲ့ပတ်သက်တဲ့ Accessory ပိုင်းနဲ့ Engine ပိုင်းတွေကိုပါ လုပ်ကိုင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။