A Fighting Chance

  article portrait watermark final3 စာရေးသူဟာ နိုင်ငံရေးရည်မှန်းချက်ရှိခဲ့သူမဟုတ်ပါဘူး။ သူဖြစ်ချင်တာက တက္ကသိုလ်တက်ပြီးရင် အခြေခံမူလ တန်းကျောင်းဆရာမလေးလုပ်ဖို့ပဲ။ သူ့ရဲ့မိသားစုက ဝင်ငွေ အသင့်အတင့်သာရှိတဲ့အတွက် ဒါလေးဖြစ်ဖို့တောင် အနိုင် နိုင်ပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး မိခင်ဘ၀ ရောက်လာတော့ ပိုပြီး ဝေးသွားတယ်။ ဒါပေမဲ့ သူ့ရဲ့ ကြိုးစားမှုကြောင့် ၁၅ နှစ်လောက်ကြာတော့ ထင်ရှားတဲ့ ဥပဒေပါမောက္ခတစ်ဦးဖြစ်လာတယ်။ လူတွေ ဘာကြောင့် ယူထားတဲ့ကြွေးတွေကို ပြန်မဆပ်နိုင်ကြရတာလဲဆိုတာကို စေ့စေ့စပ်စပ်လေ့လာ နားလည်သဘောပေါက်သူ ဖြစ်လာ တယ်။ ဒါကြောင့်လည်း သူ့ကို ဒေဝါလီခံရမှု ဆိုင်ရာ တရားဥပဒေများကို သုံးသပ်ပြင်ဆင်ရေးဆွဲရာမှာ အကြံဉာဏ် ပေးဖို့ အစိုးရ က ဖိတ်ခေါ် လိုက်တာဖြစ် ပါတယ်။ ဥပဒေအကြံပေးအဖြစ် ဒေဝါလီ ဆိုင်ရာ ဥပဒေများကို ပိုကောင်းအောင် ဆယ်နှစ်ကြာ ကြိုး စားခဲ့ပေမဲ့ ဘဏ်ကြီးတွေက ဆန့်ကျင်ကြတဲ့အတွက် မအောင် မြင်ဘူး။ ဒီလိုနဲ့ အသက် ၆၂ နှစ်မှာ အမေရိကန် ဆီးနိတ် လွှတ်တော်အမတ်ဝင်ရွေးတော့ အရွေးခံရတယ်။ ဒီစာအုပ် ထဲမှာ လူလတ်တန်းစားများ အကျိုးစီးပွားကာကွယ်ရေး အတွက် သူ့ရဲ့ အတွေးအခေါ်တွေကို တင်ပြထားတယ်။ သူဟာ ဒီစာအုပ်အပြင် တခြားစာအုပ် ရှစ်အုပ်ကို ရေးသား ခဲ့ပြီး ဖြစ်ပါတယ်။   ရေးသူ            -         Elizabeth Warren ထုတ်ဝေသူ      -         Metropolitain Books (မေလ၊ ၂၀၁၄)၊ ကတ်ထူဖုံး ISBN              -        13:978-1627790529