2C2P Group ရဲ့ Founder & CEO ဖြစ်သူ ဦးအောင်ကျော်မိုးကို ကိုဗစ်အလွန်ကာလဖြစ်ပေါ်လာမယ့် နည်းပညာလုပ်ငန်းနယ်ပယ်က Trend တွေ၊ မြန်မာနိုင်ငံရဲ့ နည်းပညာလုပ်ငန်းနယ်ပယ်နဲ့E-commerce လုပ်ငန်းနယ်ပယ်အပေါ်အမြင်၊နည်းပညာလုပ်ငန်းနယ်ပယ်က Investment Trend နဲ့ကိုဗစ်အလွန်ကာလအတွက် မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေအပေါ်အမြင်စတာတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

နည်းပညာလုပ်ငန်းနယ်ပယ်က ကိုဗစ်အလွန်ကာလမှာဘယ်လိုအပြောင်းအလဲတွေ Trend တွေ ဖြစ်လာမလဲ
------------------------------------
COVID-19 စဖြစ်ကတည်းက Technology Industry တော်တော်များများ အပြောင်းအလဲတွေ ချက်ချင်းဖြစ်နေပါပြီ။ အခုချိန်အထိလည်း ပြောင်းလဲမှုတွေတအားမြန်နေတယ်။ New Normal မှာ COVID ပြီးသွားရင်တောင်မှ လူနေမှုပုံစံအဟောင်းကိုပြန်သွားဖို့ မရှိတော့ဘူးဆိုပြီး ပြောနေကြပါပြီ။ Customer နဲ့ Face to Face Engage လုပ်တဲ့လုပ်ငန်းတော်တော်များများ အွန်လိုင်းကိုအရှိန်အဟုန် မြန်မြန်နဲ့ပြောင်းလဲတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ဝန်ဆောင်မှုပေးနေကျဖြစ်တဲ့ Customer ၊ Retailer တွေတော်တော်များများကို Online မှာရောင်းနေတာတွေ့ရတယ်။ နောက်ဆုံး Travel မှာထိထားတဲ့ ကုမ္ပဏီတော်တော်များများတွေတောင်မှ လက်ရှိရှိပြီးသားနည်းပညာတွေကိုပြောင်းသုံးပြီး Food Delivery လုပ်တဲ့ဟာမျိုးတွေ စပြီးလုပ်နေတာကို တွေ့ရတယ်။ ဥပမာ - မြန်မာပြည်ကမှာဆိုရင်လည်း တချို့လုပ်ငန်းတွေကကုန်စိမ်းတွေနေ့စဉ် Food Delivery စပြီးလုပ်နေတာကို မြင်ရပါတယ်။ နိုင်ငံတကာမှာလည်း တွေ့နေရပါတယ်။ အပြောင်းအလဲကတော့ Food Delivery ကိုအရှိန်အဟုန်ပြင်းစွာနဲ့ သွားနေတာကိုတွေ့ရတယ်။ အရင်တုန်းကတည်းက Digital Transformation က ဖြစ်နေပြီးသားပေမယ့် အခု COVID-19 ကပိုပြီးတွန်းအားပေးသလို ဖြစ်သွားတာပါ။
နည်းပညာလုပ်ငန်း တော်တော်များများအတွက်က COVID-19 ရဲ့ဆိုးကျိုးထဲက ကောင်းကျိုးအနေနဲ့ သူတို့ရဲ့ဝန်ဆောင်မှုတွေကို Offline ဖြစ်တဲ့ Retailer တွေကို ဝန်ဆောင်မှုမျိုးစုံပေးနေတာကိုတွေ့ရတယ်။ Payment ကအစ၊ Logistics အဆုံးဆိုသလိုပါပဲ။ HR ပုံစံလည်း အခုအသွင်ပြောင်းလဲနေတာကို တွေ့ရတယ်။ အရင်တုန်းကဆို ဝန်ထမ်းများလာရင် ရုံးခန်းအကြီးကြီးနဲ့ အလုပ်လုပ်ကြတယ်။ Video Conference ဆိုတာ မရှိမဖြစ် နိုင်ငံခြားကလူတွေနဲ့ စကားပြောတဲ့အခါမှသာ သုံးနေကျဖြစ်တယ်။ အခုကျတော့ အဲဒီလိုမဟုတ်တော့ဘဲနဲ့ တစ်နိုင်ငံတည်းမှာ Video Conference ပြောရတယ်။ COVID-19 ကြောင့် မဖြစ်မနေလုပ်ရတာတွေရှိလာတယ်။ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာTeam A ၊ Team B ဆိုပြီး အလုပ်ကိုခွဲပြီး လုပ်ခိုင်းတဲ့အခါမှာ ကုမ္ပဏီတိုင်းလိုလိုမှာ Productivity လို့ခေါ်တဲ့ ဝန်ထမ်းတွေဆီက ထုတ်လုပ်မှုက မကျဆင်းသွားဘဲနဲ့ပိုပြီးတော့တောင်များလာတယ်ဆိုတာကို တွေ့ရပါတယ်။ နောက်ဆုံး Management တွေက ဘာကိုစဉ်းစားလာရလဲဆိုတော့ ဒီခေတ်ကြီးမှာဝန်ထမ်းတွေအကုန်လုံးကို ရုံးကိုခေါ်ဖို့လိုသေးလား၊ တချို့ဝန်ထမ်းတွေကို အိမ်ကပဲပေးလုပ်တော့မလား၊ တစ်ပတ်မှာ သုံးရက်ရုံးလာ၊ နှစ်ရက် အိမ်မှာလုပ်ကြမလားဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာနေပါတယ်။
Online Payment အနေနဲ့ကတော့ နောက်မှလိုက်လာတဲ့ Industry တိုင်းကို Support ပေးတဲ့ Industry ဖြစ်နေတယ်။ Logistics တို့၊ Postal Service တွေလိုပဲ လုပ်ငန်းတွေကိုနောက်ကနေ Support ပေးတယ်။ အဲဒီအတွက်ကြောင့် လုပ်ငန်းနည်းလာလို့ လုပ်ငန်းလုပ်တဲ့သူတွေ မရှိတော့ရင်လည်း ပေးချေတဲ့လုပ်ငန်းတွေကနည်းလာမှာပဲ။
2C2P ကို ကံကောင်းတယ်လို့ခေါ်လို့ရပါမယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ ငွေ Investment ကြီးကြီးတစ်ခုယူလိုက်ပါတယ်။ ကျွန်တော့်ရဲ့မျော်မှန်းချက်က အရှေ့ တောင်အာရှရဲ့ အပြင်ကိုထွက်ပြီးတော့ Expansion လုပ်မယ်လို့ မျော်မှန်းထားပြီးတော့ Middle East ရယ်၊ Europe တွေမှာ စပြီးတော့ ကိုယ်တိုင်သွားပြီးလုပ်ငန်းစဖို့တွေ လုပ် ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ COVID-19 ဖြစ်တဲ့အတွက်ကြောင့် အားလုံးက အဲဒီ Plan တွေကို Postponed လုပ်ခဲ့ပါတယ်။ အဲဒီတစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ Customer တွေ၊ Online Travel Agent Customer တွေ၊ လေကြောင်းလိုင်းတွေက ပျံသန်းခွင့်မရတော့ဘူး။ ခရီးသွားတာမရှိတဲ့အတွက်ကြောင့် သူတို့တွေ Transition မရှိတာတွေဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ကံကောင်းတာကတော့တခြား Sector တွေဖြစ်တဲ့ Online Retail တွေ၊ Fashion တွေ၊ ကုမ္ပဏီတွေကနေပြီးတော့ဈေးရောင်းရာမှာ နှုန်းတွေမြှင့် တင်တဲ့အတွက်ကြေင့် COVID-19 ကာလအတွင်းမှာ Transition Amount တွေပိုပြီးတော့များလာတာကို အံ့သြစွာမြင်ရပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့လို Payment ကုမ္ပဏီတွေအနေနဲ့ ZOOM လိုကုမ္ပဏီဖြစ်နေပြီးတော့ ဒီကာလအတွင်းမှာ ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့စိုးရိမ်တာက ကျွန်တော်တို့ရဲ့ Customer တွေကို မပြိုလဲသွားစေချင်ပါဘူး။ လေကြောင်းလိုင်းတွေ၊ Travel Agents တွေကိုအမြန်ဆုံး Recover ဖြစ်စေချင်ပါတယ်။ အဲဒါမှ ကျွန်တော်တို့ကလည်း သူတို့ကိုဝန်ဆောင်မှုပေးလို့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နည်းပညာလုပ်ငန်းနယ်ပယ်နဲ့ E-commerce လုပ်ငန်းနယ်ပယ်အပေါ်အမြင်
------------------------------------
မြန်မာပြည်မှာလည်း Digital နဲ့ ပတ်သက်ပြီးတော့ E-commerce တွေ များလာဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးများလာဖို့အတွက်ဆိုရင် Foundation လိုပါသေးတယ်။ Online ပေါ်မှာ ပစ္စည်းတွေတင်ပြီး ဈေးရောင်းလိုက်ရုံနဲ့တင်တော့ E-commerce မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ Customer တွေရဲ့ဈေးဝယ်နိုင်တဲ့၊ ဈေးဝယ်တတ်တဲ့ဟာတွေလည်းလိုတယ်။ Digital Literacy လည်း လိုမယ်။ Customer တွေကနေပြီးတော့ ဘယ်လိုဝယ်ရမယ်၊ ဘယ်လိုခလုတ်နှိပ်ရမယ် စတာတွေလိုတယ်။ နောက်တစ်ခုက Customer ရဲ့ Trust တွေလိုလာမယ်။ Online ကနေဝယ်လို့ရှိရင် အိမ်ကိုရောက်လာပါ့မလား။ ပစ္စည်းမှန်ပါ့မလား။ အသစ်ဖြစ်ပါ့မလား။ Quality ရောပြထားတဲ့အ တိုင်းကောင်းပါ့မလား။ အဲဒီလို ယုံကြည်မှုတွေကို ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီတွေလိုပါတယ်။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ Customer ယုံယုံကြည်ကြည်ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီတွေက လက်ချိုးရေလို့ရပါသေးတယ်။ အဲဒီဟာအပြင် နောက်ထပ်ပြဿနာတစ် ခုရှိတာက ဝယ်လိုက်တဲ့ပစ္စည်းကိုပို့တဲ့အခါမှာပို့ခက သက်သက်သာသာနဲ့ ချောချောမွေ့မွေ့ ရောက်မှာလား။ ပို့ခတွေက ဈေးကြီးနေတုန်းပဲလား။ မြန်မြန်ဆန်ဆန်ကော ရောက်မှာလား၊ ဒါမှမဟုတ် အကြာကြီးစောင့်ရမှာလား။ Logistics နဲ့ Service အပိုင်းတွေလည်း ရှိနေပါသေးတယ်။ မြန်မာပြည်မှာLogistics အပိုင်းကလည်း လောလောဆယ် Challenge တွေတချို့ မြင်နေရပါသေးတယ်။ အဲဒီဟာတွေ အကုန်လုံး ချောမွေ့တဲ့အခါကျတော့မှ Online ကနေ ငွေချေလို့ရပြီလားဆိုတဲ့ အပိုင်းပါလာမှာပါ။ Payment ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင် MPU တို့၊ Wave Pay တို့၊ KBZ Pay တို့ကနေ ဝန်ဆောင်မှုတွေ ပေးနေနိုင်ပါပြီ။ E-commerce တက်ဖို့ဆိုတာက ကျန်တဲ့အပိုင်းလေးတွေ၊ အထူးသဖြင့် Soft Skill လို့ခေါ်တဲ့ နည်းပညာပိုင်းကပေး တဲ့ကုမ္ပဏီတွေကတော့ ရှိနေပြီးသားဖြစ်သွားပြီ။ ဒါပေမဲ့ Customer ရဲ့ Behaviour Change ၊ Customer ရဲ့ယုံကြည်မှုတွေတိုးလာဖို့ဆိုရင် Soft Skill တွေကို သင်လာဖို့လိုပါတယ်။ COVID-19 ကို ကျေးဇူးတင်ရမှာက Customer တွေက သူတို့မှာ Option မရှိတော့တဲ့အတွက်ကြောင့် Digital Literacy တွေရော၊ Soft Skill တွေရော၊ Trust တွေရော မြန်မြန်တက်လာမယ်လို့ မျော်လင့်ရတယ်။
နည်းပညာလုပ်ငန်းနယ်ပယ်က Investment Trend
------------------------------------
အခုလောလောဆယ်မှာ E-commerce ကုမ္ပဏီတွေ၊ Payment ကုမ္ပဏီတွေက Investment တွေ အများကြီး ပိုပြီးတော့ရနိုင်တာရှိပါတယ်။ ဒါပေမဲ့ ဒီဟာက မုန်တိုင်း လာသလိုဖြစ်ပါတယ်။ မုန်တိုင်းလာတဲ့အခါမှာ သန်တဲ့အပင်တွေပဲ ကျန်ခဲ့မယ်။ မသန်တဲ့အပင်တွေပါသွားမယ် ဆိုတဲ့ပုံစံမျိုးတွေ ဖြစ်နေပါတယ်။ နည်းပညာကုမ္ပဏီချင်း ယှဉ်ရင်တောင်မှ တချို့နည်းပညာကုမ္ပဏီတွေက အမြတ်မရှိဘဲ လုပ်နေတာရှိသလို တချို့နည်းပညာကုမ္ပဏီတွေက အကျိုးအမြတ်ရပြီးတော့ လုပ်နေတဲ့နည်းပညာကုမ္ပဏီတွေ ရှိပါတယ်။ အမြတ်နဲ့အလုပ်မလုပ်ဘဲနဲ့ အထူးသဖြင့်အရှုံးပဲ တစ်ချိန်လုံးပေါ်နေတယ်။ ဒါပေမဲ့ ရောင်းအားတက်အောင်ပဲ အမြဲကြိုးစားနေတဲ့ ကုမ္ပဏီတွေဆိုရင် အခုဝန်ထမ်းတွေလျော့ချနေတာကို တွေ့ရပါတယ်။ တချို့ကုမ္ပဏီတွေက တအားကြီးရောင်းအားတက်ဖို့ တစ်ခုတည်းကိုမစဉ်းစားဘဲ အကျိုးအမြတ်ကို Balance ရှိအောင် လုပ်နေတဲ့ ကုမ္ပဏီတွေကတော့ ဝန်ထမ်းတွေကို မထုတ်ရတဲ့ ကုမ္ပဏီတွေ တွေ့ရပါတယ်။ နာမည်တော့မပြောတော့ပါဘူး။ ဥပမာ-အစိမ်းရောင် Technology ကုမ္ပဏီတွေဆိုလို့ရှိရင် Region တစ်ခုလုံးမှာ ဝန်ထမ်းတချို့လျော့လိုက်တာကို တွေ့ရပါလိမ့်မယ်။ ဆိုလိုတာက အဲဒီကုမ္ပဏီက ရောင်းအားတက်ဖို့ Revenue လို့ခေါ်တဲ့ ဝင်ငွေကိုပဲ အဓိကထားတယ်။ အကျိုးအမြတ်ရဖို့အတွက် Sustainability အဓိကမထားတဲ့ ကုမ္ပဏီတွေဖြစ်တဲ့အတွက်ကြောင့် သူတို့က အခုနောက်ပိုင်း Investment မရလို့ရှိရင် ငွေမရှိတော့ဘဲ ကုမ္ပဏီကျရှုံးသွားမှာကြောင့် ဝန်ထမ်းအင်အားလျော့ချရတာတွေ ရှိပါတယ်။ ပြန်ပြောရမယ်ဆိုရင် Investor တော်တော်များများက ငွေ Invest လုပ်ချင်ပေမယ့် သူတို့က အောင်မြင်တဲ့ကုမ္ပဏီတွေကိုပဲလုပ်ဖို့အတွက် မုန်တိုင်းပြီးတဲ့အချိန်ကို စောင့်နေတယ်လို့ ပြောလို့ရပါတယ်။
ကိုဗစ်အလွန်ကာလအတွက် မြန်မာနိုင်ငံနဲ့ဒေသတွင်းနိုင်ငံတွေရဲ့စီးပွားရေးအခြေအနေအပေါ်အမြင်
------------------------------------
ကျွန်တော့်အမြင် GDP Growth Rate တွေအကုန်လုံး ဒီအတိုင်းပဲဆက်သွားနေမှာပါ။ အဝေးကြီးကနေ Zoom Out လုပ်လိုက်လို့ရှိရင် GDP Growth က ပုံမှန်ခန့်မှန်းထားတဲ့အတိုင်းဆက်သွားနေလိမ့်မယ်။ ဒါပေမဲ့ COVID-19 အတွက်ကြောင် တစ်နှစ်လောက်ကို ခဏ Freeze ဖြစ်နေတဲ့ပုံစံပဲ ဖြစ်သွားမယ်လို့မြင်ပါတယ်။ ဒါက Personal အမြင်ပါ။ နှစ်စဉ်နှစ်စဉ် ၅ ရာခိုင်နှုန်းတိုးသွားမယ်လို့ထင်ထားရင် ဒီနှစ်မှာတော့ ၅ ရာခိုင်နှုန်းမဟုတ်ဘဲနဲ့ ၂ ရာခိုင်နှုန်းဖြစ်ရင် ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ နောက်နှစ်မှာ ကျွန်တော်တို့ရဲ့ Foundation ၊ Infrastructure ကောင်းရင် ၅ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းတိုးဖို့ မျော်မှန်းထားတဲ့အတိုင်း ဆက်ပြီးတိုးသွားမယ်လို့ထင်ပါတယ်။ ကျွန်တော့်အမြင် COVIDကို Short Term လို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ နှစ်ကုန်လောက် အထိစောင့်ကြည့်ရပါဦးမယ်။ နှစ်ကုန်တဲ့အထိမှ ဆေးတွေမပေါ်လာရင် တော်တော်ကိုကြာသွားလိမ့်မယ်လို့ထင်ပါ တယ်။ အထူးသဖြင့် Entertainment Industry ၊ Movie Theater တွေ၊ Airline Industry တွေမှာ ပိုပြီးတော့ အထိနာသွားနိုင်ပါတယ်။ နောက်ပိုင်းဆိုရင်လူတွေက အရင်ကလို ခရီးမသွားတော့ဘူး၊ Business Trip တွေက အရင်ကထက် နည်းလာမယ်။ COVID-19 မတိုင်ခင်ကလို ပြန်ဖြစ်မယ် မထင်တော့ဘူးလို့ အားလုံးကမျော်မှန်းနေကြပါတယ်။