ဈေးနှုန်းပိုင်း
Accessory ပစ္စည်းတွေက အနည်းဆုံးသုံးထောင်ကနေ စပါတယ်။ တီရှပ်တွေဆိုရင်အနည်းဆုံး ၈၅၀၀ ပါ။ Blazers၊ Jackets တွေဆိုရင် အများဆုံး ခြောက်သောင်းလောက်ပဲ ရှိပါတယ်။
ထူးခြားချက် ကျွန်တော့်ရဲ့ဆိုင်က တစ်ဝက်က ကိုယ်ပိုင်ဒီဇိုင်း၊ တစ်ဝက်က အပြင်ကပစ္စည်းပါ။ ကိုယ်ပိုင် Label ဖြစ်တဲ့ 00:55 နဲ့ပဲ ထုတ်မှာပါ။ အဲဒီ Label နဲ့ပဲ အမေရိကားမှာ ရောင်းပါမယ်။ Branded တွေထက် ဈေးပေါအောင် လုပ်ပေးထားပါတယ်။ ဒါပေမဲ့ ဒီဇိုင်းက အသစ်ပါ။ နိုင်ငံခြားမှာတောင် မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ အရင်ရ အောင်လုပ်ပေးပြီးမှ နိုင်ငံခြားကို ထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။ အနာဂတ် အစီအစဉ် မြန်မာနိုင်ငံမှာ Fashion နဲ့ပတ်သက်ပြီး တိုးတက်အောင် နောက်ထပ် အများကြီးလုပ်ဖို့ ရှိပါတယ်။ နိုင်ငံခြားမှာ ကျွန်တော်ချုပ်တဲ့ မိန်းကလေးဒီဇိုင်းတွေကိုလည်း မြန်မာနိုင်ငံမှာ ရောင်းပေးဖို့ရှိတယ်လို့ သိရပါတယ်။