ဝါသနာတူ သူငယ်ချင်းလေးယောက် စုပေါင်းဖွင့်ထားတဲ့ X Gym Fitness

XGym1

XGym2

ဝါသနာတူ သူငယ်ချင်းတွေစုပြီး ကိုယ်လည်း အချိန်မရွေးကစားနိုင်ဖို့နဲ့ ကိုယ့်သူငယ်ချင်းရဲ့ သူငယ်ချင်းတွေပါ အတူတကွ ကစားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ Gym ကို အစပျိုးခဲ့ပြီး အခုအချိန်မှာ လမ်းမတော်နဲ့ လသာမှာပါ Gym နှစ်ခု ဖွင့်လှစ်နိုင်နေပြီဖြစ်တဲ့ X Gym တည်ထောင်သူလေးဦးထဲက တစ်ဦးဖြစ်တဲ့ ကိုမြတ်သူဟိန်းနဲ့ တွေ့ဆုံခိုက်မှာ X Gym အကြောင်းမေးမြန်းပြီး မိတ်ဆက်တင်ပြလိုက်ပါတယ်။

XGym3

Gym တည်ထောင်ဖြစ်ပုံနဲ့ တည်နေရာ . . .

X Gym ဆိုတာက လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်က ကျွန်တော်တို့ကစားတဲ့ SHE ဆိုတဲ့ Gym အဟောင်း ဖြစ်ပါတယ်။ ဒါကို ကျွန်တော်က ဝါသနာတူ သူငယ်ချင်းလေးယောက်နဲ့ ကိုယ်တိုင်ဖွင့်ဖို့ တိုင်ပင်ဖြစ်ခဲ့ပြီး နဂို Gym ရုံပိုင်ရှင်နဲ့ ညှိကြည့်ရာကနေ သူကကျွန်တော်တို့ရဲ့ Plan တွေကို ကြိုက်တာနဲ့ သူ့ဆီကနေ ဝယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ Gym ရဲ့ပုံစံက အိုင်ဒီယာအသစ်အဆန်းနဲ့ လူငယ်ဆန်ပြီး စက်ပစ္စည်းမျိုးစုံနဲ့ သွားတဲ့ ပုံစံမျိုးဖြစ်တာကြောင့် နှစ်နှစ်လောက်ပြည့်တဲ့အခါမှာ နောက်ထပ် လသာလမ်းမှာပါ Gym ရုံတစ်ရုံကို ဖွင့်နိုင်ခဲ့ပါတယ်။ လမ်းမတော်ရုံကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှာ စဖွင့်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်မှာ X Gym လသာကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ Gym နှစ်ခုမှာ တစ်ခုက လမ်းမတော်မြို့နယ်၊ ညောင်ပင်လေးဈေး၊ C ဆောင်မှာရှိပြီး လသာမှာကတော့ လမ်း ၂၀ ၊ ကမ်းနားလမ်းမှာ ရှိပါတယ်။

XGym4

ဆိုင်ဖွင့်ချိန် . . .

မနက် ၆ နာရီကနေပြီး ညနေ ၈း၃၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ Gym ကို လူတိုင်းအဆင်ပြေတဲ့အချိန် လာကစားနိုင်အောင် ဖွင့်ထားတာဖြစ်ပါတယ်။

XGym5

ရည်ရွယ်ချက် . . .

အဓိကက ကျွန်တော်တို့ကိုယ်တိုင်က ဝါသနာပါပြီး တကယ်လည်း ကစားတာကြောင့် ကိုယ်နဲ့ကိုယ့်သူငယ်ချင်းတွေ အတူတူ ကစားလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ဖြစ်ခဲ့တာပါ။ တခြားနိုင်ငံမှာဆိုရင် လူဦးရေရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းလောက်က သူတို့ရဲ့ နေ့စဉ်လိုအပ်ချက်အရ Gym ကစားကြပါတယ်။

XGym6

ဝန်ဆောင်မှုပိုင်း . . .

Gym တွေရဲ့ Standard Facility ဖြစ်တဲ့၊ Customer တွေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ရေချိုးခန်း၊ အိမ်သာ၊ အင်တာနက် (Wifi) စတာတွေ ပေးထားတဲ့အပြင် Trainer တွေကိုလည်း အပိုဆောင်းကြေး ထပ်ပေးစရာမလိုပါဘူး။

နောက်ပြီး ထူးထူးခြားခြားအနေနဲ့ ပိန်ချင်တဲ့သူတွေ၊ ဝချင်တဲ့လူတွေအတွက် သင်တန်းတွေရှိသလို Cardio ၊ Cardio Boxing ၊ TRX ၊ Yoga ၊ Power Muscle ၊ Boxing ၊ Fitness Dance စတဲ့ Class ခုနှစ်မျိုးလည်း ရှိပါတယ်။ ဒီ Class တွေက လူငယ်ဆန်တဲ့အတွက် ကျွန်တော်တို့ဆီမှာ လူငယ်တွေ လာကစားကြတာ ပိုများပါတယ်။ များသောအားဖြင့် ၇၀ ရာခိုင်နှုန်းက လူငယ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ Gym မှာ တခြား International Standard Gym တွေမှာလိုပဲ အမျိုးသားနဲ့အမျိုးသမီး သက်သက်မခွဲထားပါဘူး။ အရေအတွက်အနေနဲ့ကတော့ လသာလမ်းရုံမှာက မိန်းကလေးပိုများပြီး လမ်းမတော်ရုံမှာကတော့ ယောကျ်ားလေးပိုများပါတယ်။

XGym7

Trainer ပိုင်း . . .

ကျွန်တော်တို့ Gym မှာ Trainer စုစုပေါင်း ၁၂ ယောက် ရှိပြီး Class ရော Gym ပါ နှစ်ခုလုံးပြတဲ့ Trainer က ရှစ်ယောက်ရှိပါတယ်။

XGym8

ဈေးနှုန်းအပိုင်း . . .

လမ်းမတော်ရုံက တစ်လကို ၂၅,၀၀၀ နဲ့ လသာလမ်းက ဒုတိယရုံကတော့ တစ်လကို ငါးသောင်းဖြစ်ပါတယ်။ ဈေးနှုန်းက ဘာလို့ကွာနေလဲဆိုရင် လမ်းမတော်မှာက Class ကို တစ်ပတ်ကို နှစ်ရက်ပဲ ထည့်ထားပေးပေမဲ့ လသာမှာက Class ကို နေ့တိုင်းထည့်ထားပေးပါတယ်။ နောက်ပြီး လသာလမ်း Gym က အသစ်လည်း ဖြစ်တာကြောင့် စက်ပစ္စည်းအသစ်တွေလည်း သုံးထားတဲ့အပြင် Decoration အပိုင်းကလည်း လူငယ်တွေ ပိုနှစ်သက်တဲ့ စတိုင်လ်မျိုး ဖန်တီးပေးထားတာတွေကြောင့် ဖြစ်ပါတယ်။

Promotion and Discount . . .

ကျွန်တော်တို့ဆီမှာ Member တွေအဆင်ပြေအောင် နေ့တစ်ဝက် လာကစားတဲ့လူတွေကို လသာရုံမှာဆိုရင် တစ်လ ၃၅,၀၀၀ ဖြစ်ပြီး သုံးလဆက်တိုက် သွင်းမယ်ဆိုရင် နှစ်ဆယ်ရာခိုင်နှုန်း Discount ပေးထားတာလည်း ရှိပါတယ်။ နောက်ပြီး Membership တွေရဲ့ ခံစားခွင့်တွေအနေနဲ့ ခြောက်လပြည့်တိုင်း တစ်လကို Free ပေးထားသလို ကျွန်တော်တို့ဆီမှာ ပြုလုပ်တဲ့ Activity တိုင်း၊ Event Party တိုင်းကိုလည်း Free ဝင် Join လို့ ရပါတယ်။ နောက်ပြီး သူတို့ရဲ့ သူငယ်ချင်းတွေကိုပါ ခေါ်လာနိုင်တဲ့ အခွင့်အရေးတွေ ပေးထားပါတယ်။

ရှေ့ဆက်ဆောင်ရွက်သွားမှာတွေ . . .

အခုထက်ပိုပြီး ဆက်လုပ်သွားမယ့် အစီအစဉ်တွေ ကျွန်တော်တို့မှာရှိပါတယ်။ လက်ရှိပေးနိုင်တဲ့ Facility တွေထက် တစ်နေရာတည်းမှာ အားကစားနဲ့ပတ်သက်သမျှ အစုံရနိုင်တဲ့ Gym ရုံကြီးအထိ တည်ထောင်သွားဖို့ ရှိပါတယ်။