မြန်မာနိုင်ငံအတွက် Mercedes - Benz

article landscape wartermark final21 ဂျာမနီနိုင်ငံထုတ် နိုင်ငံတကာ Branded ဖြစ်တဲ့ Mercedes Benz Car Showroom  ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်က ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ အမှတ် ၅၁ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်မြင့်နဲ့အဖွဲ့ဝင်တို့က တက်ရောက်ချီးမြှင့်ခဲ့ပြီးMercedes Benz  အနေနဲ့ မြန်မာနိုင်ငံကို တစ်ကျော့ပြန် ခြေလှမ်းတာနဲ့ပတ်သက်လို့  သုံးသပ်ချက် လေးတွေကို တက်ရောက်လာကြတဲ့ ကားဝါသနာရှင်စီးပွားရေးလုပ်ငန်းရှင်အချို့ နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ article landscape wartermark final20 Mercedes-Benz အကျဉ်းချုပ် Mercedes-Benz ဆိုတာ Daimler AG ဂျာမန်ကားထုတ်လုပ်ရေး ကုမ္ပဏီရဲ့ လက်ခွဲလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ရုံးချုပ်ကတော့ ဂျာမနီနိုင်ငံ Baden-Wurttemberg  ပြည်နယ် Stuttgart  မြို့မှာတည်ရှိပြီးဒီလုပ်ငန်းကို ၁၉၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်က ဂျာမနီနိုင်ငံသားနှစ်ဦးဖြစ်တဲ့ Karl Benz  နဲ့ Paul Daimler  တို့က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။အခုလက်ရှိ Daimler AG  ရဲ့ Chairman ကတော့  Dieter Zetsche  ဖြစ်ပါ တယ်။ Mercedes-Benz  ဟာဆိုရင် ဂျာမနီနိုင်ငံရဲ့အကြီးမားဆုံး ဇိမ်ခံကားထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုအဖြစ် တစ်ကမ္ဘာလုံးက သိရှိထားကြပြီး တော့ Truck ကားအပါအဝင် ကားအမျိုးအစားပေါင်း ၁၉ မျိုးကို ထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။   people portrait water mark final17 ဒေါ်ကြည်ကြည်မောင် Owner Myint Mo Maung Car Accessary Mercedes  ဆိုတာက တကယ့်ကို Luxury အမျိုးအစားတစ် ခုဖြစ်တယ်။  ကျွန်မတို့နိုင်ငံရဲ့ ပြောင်းလဲလာတဲ့စီးပွားရေးအရ Global Branded    တစ်ခုကနေ အခုလိုမြန်မာပြည်မှာ ဖွင့် လှစ်လာတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ အလား အလာကို အသိအမှတ်ပြုလို့ပဲဖြစ်တယ်။ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက် မှုကလည်း အရှေ့ကို ရောက်လာတယ်လို့ ပြောချင်ပါတယ်။ Luxury ဖြစ်တဲ့ Brnad တွေထဲက ရွေးချယ်ရမယ်ဆိုရင်တော့ Mercedes ကားကိုပဲ ရွေးချယ်ဖြစ်မှာပါ။   people portrait water mark final1 ဦးအောင်သူရ Managing Director Ignite Marketing Communication Mercedes Car Company ကနေ အခုလို မြန်မာနိုင်ငံမှာတရားဝင်ဖွင့်လှစ်ဖြစ်တာဟာ အင်မတန်ကိုကောင်းပါတယ်။ အရင်တုန်းက မြန်မာပြည်မှာ Mercedes ပဲဖြစ်ဖြစ်၊ တခြား ဘယ်ကားပဲဖြစ်ဖြစ် ဝယ်ယူတဲ့အဆင့် ဆင့်တိုင်းမှာ သူ့အ ခက်အခဲနဲ့သူရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဈေးပေါ တဲ့ ကားအသေးလေးတစ်စီးကို ဝယ်မယ်ဆိုရင်တောင်မှ အခက်အခဲတွေအများကြီးရှိတယ်။ အခု  Mercedes Show- room  တွေအပြင် တခြားကုမ္ပဏီကြီးတွေ Car Showroom  တွေလည်း ရှိလာတဲ့အတွက် ဒီမှာ စိတ်ချလက်ချဝယ်ယူ စစ်ဆေးလို့ရလာတယ်။ ပိုကောင်းတာက  Mercedes ဆို လို့ရှိရင် ဂျာမနီနိုင်ငံမှာရှိတဲ့ စက်ရုံကနေ တိုက်ရိုက်တင် သွင်း တာဖြစ်တဲ့အတွက် ပွဲစား ကနေတစ်ဆင့် ရောင်းတဲ့ သူမရှိဘူး။ ဝယ်ရတာ လည်း တိုက်ရိုက်ဝယ်ရတဲ့ အတွက် အဆင်ပြေတယ်။ ဝယ်မယ်ဆိုရင်တော့ ကျွန် တော့် Mercedes နဲ့ ကိုက်ညီ မယ့်ကားမျိုးကို ပဲ ရွေးချယ် မှာပါ။  Mercedes မှ မဟုတ်ပါဘူး။ တခြား Luxury ဖြစ်တဲ့ကားတွေကလည်း သူ့ဟာနဲ့သူ Quality ရှိ ပြီးသား ဖြစ်တယ်။ ခုနကပြောသလိုပဲ ကုမ္ပဏီကြီးတွေ ကိုယ်တိုင် လာပြီး တိုက်ရိုက် Showroom ဖွင့်လှစ်ဖြစ်တာက ကျွန် တော်တို့ မြန်မာနိုင်ငံအတွက် ကားဝယ်ယူတဲ့နေရာမှာ ပိုပြီးလွယ်ကူချောမွေ့စေပါတယ်။   people portrait water mark final16 ဦးဇော်ထိုက် Managing Director APB Alliance Co Ltd Mercedes Showroom အနေနဲ့ မြန်မာနိုင်ငံမှာ လာဖွင့် လှစ်တာကို ဂုဏ်ယူပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့လည်း အဆင့်အတန်းရှိရှိ နိုင်ငံတကာStandard Quality  မီတဲ့ Branded ကားတွေကို ဝယ်ယူသုံးစွဲနိုင်တဲ့ အခွင့်အလမ်း တွေရလာမယ်။Mercedes က Premium Class Car  ဖြစ်တယ်။ တခြားဂျပန်ကားတွေနဲ့တော့ မတူဘူး။  ဂျပန် ကားတင်မဟုတ်ပါဘူး။ မ တူတဲ့ကားတွေကတော့ အ မျိုးအစားအများကြီးရှိပါ တယ်။ ဝယ်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ကား တစ်စီးရဲ့Image ကိုကြည့် တယ်။ Safety ပိုင်းကို ကြည့်ပါတယ်။ ရွေးချယ်ဝယ် ယူဖြစ်မယ်ဆိုရင်တော့ Mercedes Car  ကိုပဲ ဝယ်ယူဖြစ်မှာပါ။   people portrait water mark final15 ဦးမျိုးမင်းသိန်းManaging Director Strategic Alliance Marketing Co Ltd ကျွန်တော်ကတော့ ကျွန်တော့်တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက် စေချင်တယ်။ နိုင်ငံတကာက အမြင်မှာလည်း Branded ရှိ တဲ့ကားတွေ လာရောင်းနေတယ်ဆိုတာကိုလည်း သိစေချင် တယ်။ Message ပေးချင်တယ်။ ဒါအတွက်ကြောင့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ဂုဏ်ယူပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း Mercedes Car  တစ်စီးဝယ်စီးထားပါ တယ်။ အခုလို Mercedes Car Branded  တွေ သွင်းလာတဲ့ အတွက် Technology  က မြင့်လာတယ်။ မြင့်လာတဲ့အတွက် ကြောင့် ကျွန်တော်တို့တိုင်း ပြည်မှာNew Generation  တွေအတွက် အများကြီး ကောင်းလာတယ်။ ဘာဖြစ် လို့လဲဆိုတော့ Mercedes Car  အင်ဂျင်နီယာဖြစ်ဖို့ အတွက်ဆိုတာက တခြား နိုင်ငံမှာပဲ ဖြစ်နိုင်တယ်။ အခု ဒီမှာလာဖွင့်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဆီက ကလေးတွေ အင်ဂျင်နီယာကောင်းတွေ ဖြစ်လာမယ်။ အင် ဂျင်နီယာကောင်းတွေဖြစ်လာတဲ့အတွက် ကျွန်တော်တို့တိုင်း ပြည်ကလည်း Mercedes Car  တွေ မြင့်လာမယ်လို့ ယုံ ကြည်ပါတယ်။ကျွန်တော့်အနေနဲ့Mercedes Car  ကို ဘာ ကြောင့် ဝယ်ဖြစ်သွားသလဲဆိုတော့ ကျွန်တော်က ကား သဘောကျတဲ့ သူတစ်ယောက်ဖြစ်တယ်။ ကျွန်တော် ငယ် ငယ်က Mercedes Car ကို တစ်နေ့တစ်ချိန်ကျရင် စီး မယ်ဆိုတဲ့ Feeling ထည့်ထားတယ်။ Mercedes Car  ရဲ့ ထူးခြားတဲ့ဝိသေသတွေက လွယ်ကူစွာမောင်းနှင်လို့ ရတယ်။  Safety ပိုင်းနဲ့ပတ်သက်လို့ တခြားကားတွေထက် ပိုကောင်း တယ်။ ကားထဲမှာရှိတဲ့ Facilites  တချို့ကြောင့် မောင်းရတဲ့ သူတွေအတွက် စိတ်ကျေနပ်မှုဖြစ်စေတယ်။ ဒါတွေက Mercedes ရဲ့ ထူးခြားချက်တွေပဲ ဖြစ်ပါတယ်။     people portrait water mark final11 ဦးအောင်သူ (CEO) The Traders Limited (JAC Motors) Mercedes ဆိုတာကLuxury Product  ဖြစ်တယ်။ အရင်တုန်းက ဒီလို Luxury Product    ကို ဝယ်ယူဖို့ဆိုတာက အင်မတန်ကိုခက်ပါတယ်။ နောက်ပြီး ကျွန်တော်တို့စီးနေတဲ့ကားတွေဆိုတာကလည်း အဟောင်းတွေဖြစ်တယ်။ ဝယ် ဖို့ကလည်း မလွယ်ကူဘူး။ နယ်စပ်ကနေတစ်ဆင့် မှောင်ခို သဘောမျိုးနဲ့ တင်သွင်းတဲ့ပုံစံဖြစ်နေတယ်။ သွင်းတော့ သွင်းလာတယ်။ ဒါပေမဲ့ မော်ဒယ်လ်တွေက ညံ့တယ်။ Mercedes တွေအနေနဲ့ ဒီမှာလာဖွင့်တယ်ဆိုတော့ ကောင်း ပါတယ်။  Mercedes အနေနဲ့ Service ဘယ်လောက်ပေး နိုင်သလဲဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ ကြည့်ရဦးမှှာ ပါ။ အရင်တုန်းက Mercedes ကားစီးသူတွေအနေနဲ့ ပျက် လို့ရှိရင် ပြင်ရခက်တယ်။ အခုတော့ လွယ်ကူသွားတာပေါ့။ ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုး လာတာနဲ့အမျ ဒီလိုချိုမြိန် အရသာလေးတွေကို ခံစား ရလာမှာပါ။Mercedes Car  ရဲ့ ထူးခြားတဲ့ဝိသေသ လို့ပြောရရင် Mercedes Car  ကို လူတစ်ယောက်အ နေနဲ့ ခံစားကြည့်လိုက်ပါ။ Mercedes လို လူမျိုးက အင်မတန်ခံ့ညားမယ်၊  Smart ဖြစ်မယ်၊ အင်မတန်ချမ်းသာမယ်။ သူ့ Brand ကို တခြား Brand တွေနဲ့ ယှဉ်လို့မရဘူး။ ဒါကတော့ Mercedes ရဲ့ Image ပါ။ Luxury Brand   တွေထဲက ရွေးချယ်ရမယ် ဆိုရင်တော့ ဒါက ကိုယ်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။   people portrait water mark final12   ဦးကျော်နေဝင်း Chaiman OMNI FOCUS Co Ltd က Mercedes car က International Branded   ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ရှိသင့်ရှိထိုက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်တစ်ခါတုန်းက Mercedes ဆိုတာရှိခဲ့တယ်။ Cycle & Garrage  ဆိုပြီး ဝင်လာခဲ့တယ်။ အကြောင်းအမျိုးမျိုး ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကြောင့် ပြန်သွားခဲ့ တယ်။ အခုပြန်လာခဲ့တယ်။ ဒါဟာ ကားတင်မဟုတ်ပါ ဘူး။ နိုင်ငံရဲ့အခြေအနေတိုးတက်လာတယ်ဆိုတဲ့ ရုပ်ပြ တစ်ခုလည်း ဖြစ်တယ်။ Mercedes ကားကို ကျွန်တော်တို့ အဘိုးတွေလက်ထက်ကတည်းက စီးခဲ့တာဖြစ်တယ်။ အခု လို Mercedes အနေနဲ့ မြန်မာနိုင်ငံကို  Recognize လုပ် ပြီးလာဖွင့်တာက သိပ် ကောင်းပါတယ်။ Mercedes  က ထုတ်တာ ၁၅မျိုး လောက်ရှိပါတယ်။ Mercedes  ရဲ့ ထူခြားတဲ့ဝိသေ သကတော့ Safety ပိုဖြစ် တယ်။ သူ့ရဲ့ Rating က လည်း အင်မတန်ကောင်း ပါတယ်။ သူ့ရဲ့မော်ဒယ်အမြင့်ဆုံးကလည်း ရန်ကုန်လမ်းနဲ့ ကိုက်ညီပါတယ်။ ပြောရမယ်ဆိုရင် Mercedes ဟာ အကောင်းဆုံးကားတွေထဲက တစ်ခုဖြစ်ပါတယ်။ Mercedes ကားက Safety အင်မတန်ကောင်းတဲ့အတွက် ဒါကိုပဲရွေး ချယ်ဖြစ်မှာပါ။   article landscape wartermark final5 article landscape wartermark final3 article landscape wartermark final6 article landscape wartermark final7 article landscape wartermark final9  article landscape wartermark final4  article landscape wartermark final1 article landscape wartermark final10 article landscape wartermark final24 article portrait watermark final25

အယ်ဒီတာအဖွဲ့