ပညာရေးပြုပြင်ပြောင်းလဲမှုအရေးကြီး

[caption id="attachment_7152" align="alignnone" width="281"]ဦးကျော်ကျော်လင်း Director (YE YINT Co Ltd) ဦးကျော်ကျော်လင်း
Director (YE YINT Co Ltd)[/caption] နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စသဖြင့် အဆင့်ဆင့် အပြောင်းအလဲများ ပြုလုပ်ခဲ့တဲ့ လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလ၏ ဒုတိယပိုင်း လပေါင်း ၃၀ တွင် ဦးစားပေး ပြုပြင်ပြောင်းလဲသင့်သည်များကို ဦးကျော်ကျော်လင်း ၊ Director (YE YINT Co Ltd) နှင့်  တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုအရေးကြီး စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ နိုင်ငံတော်က တဖြည်း ဖြည်းပြုပြင်ပြောင်းလဲလာတဲ့အခါမှာ အခက်အခဲတွေ၊ စိန် ခေါ်မှုတွေ အများကြီးတွေ့ရပါတယ်။ အဓိကအားဖြင့် ပြော ရမယ်ဆိုရင် လူ့စွမ်းအားအရင်းအမြစ်ပါ။ လူ့စွမ်းအားအရင်း အမြစ်ဆိုတာက ဝန်ထမ်းတွေရဲ့အင်အား၊ ဝန်ထမ်းတွေရဲ့ ပညာအရည်အချင်း၊ သူတို့ရဲ့ကျွမ်းကျင်မှုကို ဆိုလိုတာပါ။ ကျွန်တော်တို့နိုင်ငံမှာ အခြေခံပညာရေးဟာ တော်တော်လေး ကိုနိမ့်ကျသွားတယ်လို့ ပြောလို့ရပါတယ်။ ဒီနောက်ပိုင်း ခေတ်ပညာရေးမှာ ဘာတွေလိုအပ်နေသလဲဆိုတာကို သုံး သပ်ကြည့်တဲ့အခါမှာ သင်္ချာညံ့နေတာကို တွေ့ရတယ်။ တချို့သူတွေအတွက် အင်မတန် ခက်ခက်ခဲခဲဖြစ်နေတာကို တွေ့ရတယ်။ ကျွန်တော်တို့လို Trading လုပ်ငန်းတွေမှာ အဓိကအားဖြင့် သုံးရတာက ရိုးရိုးသင်္ချာတွက်နည်းတွေပါပဲ။ Geometry တို့လို ခက်ခက်ခဲခဲတွက်ရတဲ့တွက်နည်းတွေ မဟုတ်ပါဘူး။ ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်မှာ အခြေခံအကျဆုံးက ခုနက ပြောတဲ့ပညာရေးဖြစ်တယ်။ အဲဒီ နေရာမှာ စာတစ်ခုတည်းကိုပဲ သင်ကြားနေတာမျိုးမဟုတ်ဘဲ နဲ့ စဉ်းစာချင့်ချိန်နိုင်တဲ့ ပညာတစ်ပိုင်း၊ စာတစ်ပိုင်းဖြစ်ရပါ မယ်။ ကျွန်တော်တို့ရဲ့ပညာရေးစနစ်က ဆရာကို ဗဟိုပြုပြီး သင်နေကြတယ်။ ဆရာကပဲ ရှေ့က သင်သွားတယ်။ ကျွန် တော်တို့ငယ်ငယ်တုန်းကတည်းက ဒီအတိုင်းပါပဲ။ ကျောင်း သားတွေက ဆရာ့နောက်ကလိုက်သင်ရတယ်။ ဒါပေမဲ့ အခု နောက်ပိုင်းရောက်တော့ ပညာရေးစနစ်ကို ပြောင်းလဲလာတဲ့ အတွက် တချို့ဆရာတွေက ''ဆရာကို ဗဟိုပြုသင်ကြားတဲ့ စနစ်မဟုတ်တော့ဘူး။ ကျောင်းသားကို ဗဟိုပြုသင်ကြားပေး တဲ့စနစ်ဖြစ်သွားပြီ'' လို့ ပြောတယ်။ ဆရာက နည်းနည်း သင်ပြီး ကျောင်းသားကို များများစဉ်းစားခိုင်းတယ်။ အဲဒီ တော့ ကျောင်းသားတွေမှာ တွေးခေါ်နိုင်စွမ်းအားတွေ မြင့် လာတယ်။ ဦးနှောက်တွေ ဖွံ့ဖြိုးလာတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ငယ်ငယ်တုန်းက Technology High School (THS) တွေရှိတယ်။ ရှစ်တန်းအောင်ပြီးသွားရင် THS ကို သွားလို့ရတယ်။ အဲဒီကျောင်းမှာတော့ လက်တွေ့ပညာကို သင်ကြားပေးတယ်။ ဒါကြောင့် အဲဒီကျောင်းက ထွက်သွားလို့ ရှိရင် အပြင်မှာ တကယ်အသုံးချလို့ရတဲ့ လက်တွေ့ပညာတွေ ဖြစ်တယ်။ တကယ်လို့ ဒီလက်တွေ့ပညာရပ်တွေကို စနစ် တကျနဲ့ ထိထိမိမိသင်ကြားပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေ မယ်လို့ ယုံကြည်ပါတယ်။ ဒါကခုနကပြောတဲ့ Engineering ကဏ္ဍတစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ တခြားကဏ္ဍတွေမှာလည်း အဲဒီလိုမျိုးသင်ကြားပေးဖို့လိုပါတယ်။ အဓိက ကျွန်တော်တို့ဆီမှာဖြစ်နေတာက လုပ်ငန်းခွင်မှာသုံးတဲ့အခါ သုံးလို့မရတဲ့ပညာရေးတွေဖြစ်နေတယ်။ ကျွန်တော်တို့နိုင်ငံ တိုးတက်ပြောင်းလဲလာတာကို အရှိန်ရဖို့အတွက် ပညာရေး စနစ်ကိုတော့ ဦးစားပေးပြောင်းလဲသင့်တယ်လို့ မြင်ပါတယ်။ ပညာရေးတစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ် ငယ်တုန်းက ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲတို့၊ တိုင်းနဲ့ပြည်နယ်ဘောလုံးပြိုင်ပွဲတို့ဆိုပြီးရှိတယ်။ ဒါက ပြိုင်ဆိုင် လိုတဲ့စိတ်ဓာတ်ကို မွေးထုတ်ပေးလိုက်တာပါ။ မပြိုင်ရင် လူတွေက အနောက်မှာပဲ ရောက်နေပါလိမ့်မယ်။ ကျောင်းမှာ လည်း အားကစားတို့၊ အနုပညာတို့ သူ့ဟာနဲ့သူ လိုင်းတွေ ကတော့ မျိုးစုံရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ မြင်တဲ့ အမြင် ကျဉ်းကျဉ်းလေးပဲဖြစ်ရင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပညာရေးစနစ်အောက်မှာ ကျောင်းစာအပြင် အားကစားတွေ၊ လက်မှုပညာတွေ၊ အနုပညာတွေကို သေသေချာချာ လုပ်ပေး မယ်ဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည် ဒီထက်မက တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။   စီးပွားရေးပြုပြင်ပြောင်းလဲမှု ကျွန်တော်တို့နိုင်ငံက အခုဆိုရင် နိုင်ငံတကာက ကုမ္ပဏီကြီး တွေဝင်လာတာကို တွေ့ရတယ်။ အဓိကက ဘာလဲဆိုတော့ ပြိုင်ဆိုင်မှုတွေများလာတဲ့အတွက် စားသုံးသူတွေအတွက် ရွေးချယ်ဖို့ အခွင့်အရေးတွေ ပိုများလာတယ်။ အရင်တုန်းက ဆိုရင်တော့ ဒီတစ်မျိုးတည်းရှိတော့ ဒီတစ်မျိုးတည်း ရွေး ချယ်လို့ရတယ်။ အခုတော့နယ်စုံဖြစ်လာပြီဆိုတော့ အဲဒီ အပေါ်မှာ ကိုယ်နဲ့သင့်တော်တာ တစ်ပြိုင်တည်းရွေးချယ်လို့ ရသွားပြီ။ ဒါပေမဲ့ ဒီမှာရှိနေတဲ့ ကုမ္ပဏီတွေအားလုံးကတော့ ဒီယှဉ်ပြိုင်ခြင်းကိုရင်ဆိုင်ရတယ်။ နောက်ပိုင်းနိုင်ငံခြားကုမ္ပဏီ ကြီးတွေ ဝင်လာပြီဆိုရင် ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ ဒီထက်မက ပိုပြီးခိုင်ခိုင်မာမာရှိနေဖို့ လိုပါတယ်။   SMEဖွံ့ဖြိုးတိုးတက်ဖို့ ခုနကပြောတဲ့ လူ့စွမ်းအားအရင်းအမြစ်က တစ်ဖက်မှာရှိသ လို၊ တစ်ဖက်မှာလည်း Financial ရှိတယ်။ Financial ဘက် မှာလည်း ကျွန်တော်တို့နိုင်ငံအနေအထားအရ SME( Small and Medium Enterprises) လုပ်ငန်းစုတွေဖွံ့ဖြိုးအောင် လုပ်ပေးနိုင်ဖို့အတွက် အစိုးရဘဏ်တွေအနေနဲ့ အထောက် အပံ့ပေးနိုင်အောင် လုပ်နိုင်ရမယ်။ အခုတော့ ကျွန်တော်တို့ဆီ မှာ နှစ်စဉ် ဘဏ်အတိုးနှုန်းက ၃၀ ရာခိုင်နှုန်းလောက်ရှိနေ တယ်။ ဒီထက်မက ပိုပြီးနည်းသွားအောင် လုပ်သွားရမယ်။ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် ဒီထက်နည်းတဲ့ဘဏ်အတိုးနှုန်း တွေနဲ့ပေးနေတာကို တွေ့ရတယ်။ အဓိကအားဖြင့်တော့ လူ့ စွမ်းအားအရင်းအမြစ်နဲ့ ငွေးကြေးပိုင်းဆိုင်ရာ အရင်းအမြစ် တွေကို ဦးစားပေးဖော်ဆောင်ပေးသင့်တယ်လို့ ပြောချင်ပါ တယ်။ တခြားနိုင်ငံတွေမှာ ကျွန်တော်တို့လို SME ကုမ္ပဏီ တွေကို Website ထဲမှာ တင်ထားတာတွေရှိတယ်။ ဥပမာ- အမေရိကားမှာဆိုရင် Small Business (အသေးစားလုပ်ငန်း) တွေအတွက် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး သူ တို့ဘက်က သင်ကြားပေးတဲ့ဟာတွေရှိတယ်။ ကျွန်တော်တို့ ဆီမှာလည်း အခုတော့ Seminar တွေ လုပ်နေတာတွေရှိ တယ်။ ဒီ SME ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုပြီး လုပ်နေတဲ့ အပိုင်းအခြားကဏ္ဍတွေရှိတယ်။ SME တွေ အတွက်လည်း ပိုပြီးစိတ်ဝင်စားစရာကောင်းအောင် သူတို့ အတွက် လက်တွေ့အသုံးချနိုင်မယ့်ပညာရပ်တွေကို သင်ကြား ပေးတာတွေရှိတယ်။ ပညာရပ်တွေဆိုတဲ့အထဲမှာ Manage-ment ရှိမယ်၊ ကုန်ထုတ်စွမ်းအားတိုးမြင့်ဖို့အတွက် ပညာရပ် တွေရှိမယ်။ ပြီးရင် Quality Control လုပ်တဲ့ပညာရပ်တွေ ရှိမယ်။ ဒါတွေကို အစိုးရကနေပြီးတော့ တတ်သိနားလည် တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒီ SME လုပ်ငန်း တွေကို Training လုပ်ပေးသွားနိုင်မယ်ဆိုရင်တော့ အများ ကြီးတိုးတက်သွားမယ်လို့ ယုံကြည်ပါတယ်။   ကုန်သွယ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု Trading နဲ့ပတ်သက်လို့ အစိုးရဘက်က အများကြီးပြုပြင် ပြောင်းလဲပေးခဲ့ပါပြီ။ အခုလိုမျိုး Trading ပိုင်းလုပ်တဲ့ နေရာမှာ အဓိက ကျွန်တော်တို့Import လုပ်တဲ့နေရာမှာ ပိုပြီးမြန်လာတယ်။ လွယ်ကူလာတယ်။ အစိုးရအနေနဲ့လည်း အများကြီးပြောင်းလဲပေးထားတဲ့အတွက် ကျွန်တော့်အနေနဲ့ သိပ်ထွေထွေထူးထူးပြောစရာမရှိပါဘူး။ ခုနကပြောသလို ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုတွေများလာအောင် အစိုးရက ပြောင်းလဲမှုတွေလုပ်ပေးခဲ့တဲ့ဟာဆိုရင် အင်မတန်ကိုကောင်း ပါတယ်။ အရင်တုန်းကဆိုရင် အဲဒီ Import ပိုင်းကိုခေါင်း စားနေအောင်လုပ်ရတယ်။ အခုဆိုရင် အရင်ကအားစိုက်ပြီး လုပ်ရတဲ့ တင်သွင်းတဲ့အပိုင်းမှာ လွှတ်ထားနိုင်ပြီဖြစ်တဲ့ အတွက် ဈေးကွက်မှာဘယ်လိုလုပ်ကြမလဲ၊ ယှဉ်ပြိုင်မှုကဏ္ဍ မှာ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို ပိုပြီးအားစိုက်လာ နိုင်တဲ့အတွက် ဒါကတော့ ကောင်းလာတဲ့အချက်ပါ။ အရင် တုန်းက LC ( Letter of Credit) ကို ဖွင့်ရတယ်။ အဓိကက ကုန်ပို့တဲ့သူနဲ့ ကုန်ဝယ်တဲ့သူဆိုပြီး ရှိတယ်။ ကုန်ပို့တဲ့သူက ပစ္စည်းမတင်ခင်မှာ ကုန်ဝယ်တဲ့သူတွေအနေနဲ့ ကုန်ဝယ်ဖို့ အတွက် ပိုက်ဆံအပြည့်အဝရှိမှရမယ်။ အဲဒီပိုက်ဆံတွေရှိဖို့ အတွက် ကျွန်တော်တို့အရင်တုန်းက Export Money တွေ ဝယ်ပြီး ဘဏ်ထဲကိုထည့်ပြီးမှ ကိုယ်ပေးချေရမယ့် Amount ရောက်တဲ့အခါမှ လိုင်စင်စလျောက်ရတယ်။ အဲဒါတွေက ပစ္စည်းဒီဘက်ကိုသွင်းလာတဲ့အခါမှ ကျွန်တော်တို့ပိုက်ဆံက ဟိုဘက်ကိုရောက်တယ်။ အဲဒီအတောအတွင်းမှာ လိုင်စင် လျောက်ဖို့အတွက် ကြန့်ကြာတဲ့ကာလတွေရှိတယ်။ သင်္ဘော တင်လို့ကြာတဲ့ကာလတွေရှိတယ်။ စုစုပေါင်းရက် ၄၀ ကျော် လောက်ကြာတယ်။ ဒီတော့ ပိုက်ဆံကဘဏ်ထဲမှာ တစ်လခွဲ လောက်အောင်းနေတယ်။ အခုနောက်ပိုင်းမှာတော့ ဘဏ်ထဲ မှာ ငွေအောင်းထားစရာမလိုတော့ဘဲ ပစ္စည်းရောက်လာမှ ငွေလွှဲလို့ရတဲ့အတွက် တော်တော်လေး အဆင်ပြေသွားပါပြီ။