လက်ကိုင်ပုံမှန်ပါစေ
ဂေါက်တုတ်အားကိုင်ထားသည့်လက်ကိုင်ပုံစံသည် ရိုက် ချက်ပေါ်၌ လွှမ်းမိုးနေပါသည်။ လက်ကိုင်ပုံစံ နှစ်မျိုးရှိပါ သည်။ ဘေးပုံ၌ဝိုင်းပြထားသောပုံစံမှာ ပုံမှန် (Standard Grip) ဖြစ်ပြီး အောက်ဘက်ရှိပုံသေးမှာ ''အလွှတ်မြန်'' ပုံစံ ဖြစ်ပါသည်။ ''အလွှတ်မြန်'' ပုံစံဟူသည်မှာ Week Grip' ကို ပြောခြင်းပါ။Strong Grip နှင့် Weak Grip များကို နား လည်ရန်လိုအပ်သည်။ တင်းကျပ်စွာဆုပ်ကိုင်ခြင်း၊ ဖြေလျော့ စွာဆုပ်ကိုင်ခြင်းကို ပြောခြင်းမဟုတ်ပါ။ ှStrong Grip ဟူ သည် ဘယ်လက်၏လက်ခေါက်ဆစ်များ အနည်းဆုံး နှစ် လုံး၊ သုံးလုံးစသဖြင့် တစ်လုံးမက မိမိမျက်စိဖြင့် မြင်တွေ့ နေရသော အနေအထားဖြစ်ပြီး ွှWeak Grip ဟူသည် လက် ခေါက်ဆစ်တစ်လုံးသာမြင်တွေ့နေရသော အနေအထားကို ပြောခြင်းပါ။ တစ်နည်းအားဖြင့် ှStrong Grip က ဘယ် လက်အနည်းငယ်မှောက်၍ ကိုင်ထားခြင်းနှင့်Weak Grip က ဘယ်လက်အနည်းငယ်လှန်၍ ကိုင်ထားခြင်းဖြစ်ပါသည်။ Weak Gripသည် ရိုက်သည့်အခါ လက်များကိုချိုးထားရာမှ စောစီးစွာဖြေလွှတ်တတ်သောသဘာ၀ ရှိပါသည်။ အပြည့် ရိုက်ထုတ်သည့်ရိုက်ချက်များတွင်အားပျော့ပြီး မြောက် တက်ကာ ဆလိုက်စ်ဖြစ်ပေါ်စေသည့် လက်ပုံစံပါ မည်သည့် လက် မည်သည့်လက်ကိုင်ပုံစံကိုပဲသုံးသုံး လွန်မင်းစွာ တင်း ကျပ် ဆုပ်ကိုင်မှုကို မလုပ်ရပါ။ ဂေါက်တုတ်လက်ထဲမှ လွတ်ထွက်သွားမတတ် လျော့နည်းစွာလည်း မကိုင်ရပါ။ သဲထဲမှ ရိုက်ရာတွင်မူWeak Grip က ပိုမို သင့်လျော်ပါသည်။ ဂေါက်သီးအား မြောက်တတ်စေပြီး ဂရင်း ပေါ်ကျသည့်အခါ ပိုမိုမြန်ဆန်စွာ ရပ်သွားစေပါသည်။ သဲ ထဲကStandard Grip နှင့်လည်း ရိုက်နိုင်ပါသည်။ မည်သည့် ပုံစံနှင့်ပဲ ကိုင်ကာရိုက်သည်ဖြစ်စေ ဂေါက်တုတ်လွတ်မထွက် သွားရုံ ညှစ်အားဖြင့်သာကိုင်၍ရိုက်ပါ။ မည်သည့် လက်ကိုင် ပုံစံက သင်နှင့်သင့်လျော်သည်ကို စမ်းသပ်ကြည့်ပါ။ ချိန်သားလမ်းကြောင်းကို နားလည်ခြင်း ဘန်ကာရှော့ဟူသည် ဘယ်ကိုချိန်မှ ညာကို သွားသည်ဟု အများနားလည်ထားကြသည်။ အမှန်တွင်လည်း ထိုသဘော တရားကို သုံးထားခြင်းပါ။ သို့သော် လိုအပ်သည့်လားရာ ဘက်ဆီသို့ ဂေါက်သီးတည့်တည့်ထွက်သွားစေရန် လုပ်၍ မရ ဟူ၍တော့ မရှိပါ။ သော့ချက်က အသုံးပြုသောထောင့် များအား နေရာချမှုမှန်ကန်ရေးပေါ်တွင် တည်မှီနေပါသည်။ လွယ်ကူရှင်းလင်းအောင် ပြောရပါလျင် ခြေချကွက်ဖွင့်ထား သောထောင့်၏ဒီဂရီအတိုင်း တုတ်ခေါင်းမျက်နှာပြင်အား ပစ်မှတ်လိုင်း၏ဆန့်ကျင်ဘက်သို့ ဒီဂရီ ဆင်တူဖွင့်ထားပေး ရန်ဖြစ်ပါသည်။ ထိုထောင့်နှစ်ခု၏အလယ်တည့်တည့်တွင် ပစ်မှတ်လိုင်းက ရှိနေရန်ပါ။ ထိုအနေအထားရပြီးသည့်အခါ လွှဲရိုက်ရာ၌ ဆွင်းကို ပစ်မှတ်လိုင်းဆီ မလွှဲမိဘဲ ခြေချ ကွက်ချိန်ထားသည့်ဘက်သို့ လွှဲရန် လိုအပ်ပါသည်။ သင့် ဂေါက်သီးများ ထွက်ခွာသွားသည့်ပုံစံများ ပိုကောင်းလာ သည်ကို သင်တွေ့ရပါလိမ့်မည်။ ခိုင်မြဲစွာနေရာယူပါ သဲထဲမှ မည်သည့်ပုံစံဖြင့် ရိုက်ရန်ဆုံးဖြတ်သည်ဖြစ်စေ၊ မရိုက်မီတွင် သဲထဲ၌ ခြေထောက်များကို ခိုင်မြဲစွာနေရာ ချထားရန် လိုအပ်ပါသည်။ ရိုက်ချိန်တွင် သင့်ခြေထောက် များ ပြုတ်ထွက်လျောထွက်ပါက သင်ရိုက်လိုသည့်ပုံစံ ထွက်ပေါ်လာရန် ခက်ခဲသောကာလဖြစ်သွားပါမည်။ ရိုက် ပြီးသည်အထိ လျောထွက်မသွားစေရန် ခြေနှစ်ဖက်အား သဲထဲတွင် လုံလောက်ခိုင်မြဲစွာ နေရာချထားပါ။ ရိုက်မည့်အနေအထားအတွက် ချိန်ရွယ်ခြင်း ချိန်ရွယ်သည့်ကိုယ်နေဟန်ထားနှင့် တကယ်ရိုက်ချိန်၌ရှိ သော ကိုယ်နေဟန်ထားများသည် တူညီသည်ဟု ထင်ရသော် လည်း အမှန်တကယ်တွင် တော်တော်လေးကွဲပြားပါသည်။ ချိန်ရွယ်စဉ်တွင် ကိုယ်အလေးချိန်က ခြေနှစ်ဖက်အလယ်တွင် ရှိနေပြီး တုတ်ခေါင်းက ကြွမြောက်နေကာ တုတ်ဝန်ရိုးက မြေပြင်နှင့် ထောင့်မှန်ကျနေပါသည်။ အရိုက်တွင် အဓိကခြားနားချက်သုံးခုထွက်ပေါ် လာပါသည်။ ပထမတစ်ချက်က ကိုယ်အလေးချိန်သည် ဘယ်ခြေဆီသို့ ရွှေ့ပြောင်းနေခြင်းပါ။ တကယ်ကောင်း သည့်ဘန်ကာရှေ့များအား နောက်ခြေပေါ်မှာ ကိုယ်အလေး ချိန်ထိန်းထားခြင်းဖြင့် မရရှိနိုင်ပါ။ ဒုတိယအချက်မှာ အရိုးတံသည် ရိုက်ချိန်၌ ပစ်မှတ်ဘက်ဆီငိုက်နေခြင်းပါ။ တစ်သမတ်တည်း လက်မှန်နေသောရလဒ်များ ရရှိရန်အတွက် ဤပုံစံက လုပ်ကိုလုပ်ရမည့်ပုံစံပါ။ အရိုးတံ ရှေ့ငိုက်နေသောကြောင့် ဂေါက်သီးမြောက် တက်မှု နည်းမည်ဟု မထင်ပါနှင့်။ မြောက် တက်ရခြင်းမှာ တုတ်မျက်နှာပြင်၏အလန် ဒီဂရီကြောင့် ဖြစ်ပါသည်။ တတိယအချက် မှာ သဲထဲသို့ ရိုက်သွင်းရမည်ဖြစ်သောကြောင့် ဒူးများသည် ချိန်ရွယ်စဉ်ကထက် ပို၍ကွေး ñွတ်နေကြခြင်းပါ။ ဤကွဲပြားချက် သုံးရပ် ကိုသာ သင် အာရုံစိုက်နိုင်ပါလျင် ဘန်ကာ ရိုက်ချက်များသည် များစွာခက်ခဲခြင်း မရှိ ကြောင်း သင် တွေ့မြင်လာပါလိမ့်မည်။ လိုက်ကြည့်ပါ ဘန်ကာထဲက ရိုက်သည်ဖြစ်စေ၊ ဘန် ကာအပြင်က ရိုက်သည်ဖြစ်စေ ဆွင်း အပြည့် ရိုက်ထုတ်နိုင်ရန်အတွက် အ ကောင်းဆုံးနည်းလမ်းတစ်ရပ်မှာ ရိုက် ချက်နှင့်အတူ ဦးခေါင်းအား လိုက်လှည့် ပေးခြင်းဖြစ်ပါသည်။ ခေါင်းညိမ့် လွန်းခြင်းနှင့် ခေါင်းငုံ့ထားခြင်းတို့က ဆွင်းအားလွတ်လပ်စွာ လွှဲထုတ်၍မရ အောင် ချုပ်ထားသလို ဖြစ်နေတတ်ပါ သည်။ ရိုက်ချိန်အထိ ဦးခေါင်းအား နေရာအတက်အကျ အရွှေ့အပြောင်းမ ရှိစေဘဲ ရိုက်ထိပြီးသည့်အခါ ကိုယ်လုံး နှင့်အတူ လိုက်၍လည်ပါသွားရန် ဖြစ် ပါသည်။ ဂေါက်သီးကို လိုက်ကြည့်ချင် သည်ဆိုပါက လိုက်ကြည့်ပါ။ အဓိက မှာ ချိန်ရွယ်နောက်လွှဲချိန်မှ ထိရိုက်ချိန် အထိ ဦးခေါင်းနေရာ မပျက်ရေးသာ ဖြစ်ပါသည်။ အပြင်မှ အတွင်းသို့ လွှဲဝင်သောဆွင်း ဘန်ကာထဲမှရိုက်ချက်ကောင်းတစ်ခု ရိုက်လိုက်နိုင်ခြင်းသည် စိတ်ချမ်းသာစရာတစ်ချက်ပါ။ ဘန်ကာထဲမှ ''ပါ'' ပြန်ရ ခြင်း၊ သို့မဟုတ် ဘာဒီရခြင်းများသည် အလွန်စိတ်ကျေ နပ်ဖွယ်ရာ ဂေါက်သီးအရသာများဖြစ်ပါသည်။ ဖဲဝေးတို့ တီခုံတို့မှ ပစ်မှတ်ဆီရိုက်သောရိုက်ချက်များက ပစ်မှတ်လိုင်း နှင့် အပြိုင်ဆွင်းလွှဲရသော်လည်း ဘန်ကာရိုက်ချက်များမှာ မူ အောက်ဆိုက်ဘင်ဟုခေါ်သော ပစ်မှတ်လိုင်း၏အပြင်ဘက်မှ အတွင်းဘက်သို့ လွှဲဝင်သည့်ပုံစံဖြင့် ဆွင်းလွှဲရပါသည်။ ဘာ့ကြောင့်လဲမေးနိုင်ပါသည်။ အဓိကအချက်မှာ ဘန်ကာရှော့တွင် တုတ်ခေါင်းမျက်နှာပြင်အား အခြား ရိုက်ချက်များထက် ပို၍ရိုက်ချိန်တွင် ပွင့်နေစေချင်သော ကြောင့်ပါ။ ဖွင့်ထားသောမျက်နှာပြင်ဖြင့် လိုသည့်ပစ်မှတ် ဆီသွားစေရန်မှာ ပစ်မှတ်လိုင်းအတိုင်း လွှဲ၍မဖြစ်နိုင်ပါ။ ကိုယ်လုံးလမ်းကြောင်း၊ သို့မဟုတ် ခြေထောက်လမ်းကြောင်း အတိုင်း လွှဲမှဖြစ်ပါမည်။ နောက်တစ်ကြိမ် ဘန်ကာရှော့ရိုက်ရပါလျင် ကျင်း ပေါက်ဆီ ဆလိုက်စ်ပုံစံဖြင့် ရိုက်ပို့မည်ဟု သဘောထား ကာ အောက်ဆိုက်အားဆွင်းဖြင့် စမ်းကြည့်ပါ။ ချက်ချင်း ပင် သင်သဘောပေါက်လာပါလိမ့်မည်။ သတိရနေရန်မှာ ဘန်ကာရိုက်ချက်ကောင်းသူတစ် ဦးသည် မည်သည့်အခါတွင်မျ ဘန်ကာထဲက ဂေါက်သီး အား ပင့်၍ မရိုက်ခြင်းကိုပါ။ ဂေါက်သီးမြောက်တက်သွား ရန် သဲကိုသာ အသုံးချပါသည်။ တုတ်ခေါင်းအား ဂေါက် သီးအောက်ရှိ သဲထဲသို့ လျောဝင်အောင် လုပ်ပေးရန်သာ ဖြစ်ပါသည်။ တုတ်ခေါင်းပွင့်သည့်အနေအထားကို ဆက်ထိန်းထားပါ ဘန်ကာရှေ့အား ဖွင့်ထားသောကိုယ်လုံးလမ်းကြောင်း အတိုင်း လွှဲရိုက်လာသောကြောင့် ရိုက်ချိန်တောက်လျောက် တုတ်မျက်နှာပြင်အပွင့်အနေအထားကို ထိန်းထားရန် လို အပ်ပါသည်။ ဤနည်းဖြင့် ဂေါက်သီးအား လေထုသို့ မြောက်တက်သွားစေရုံသာမက ဂရင်းပေါ် ကျသည့်အခါ မြန်ဆန်စွာ ရပ်သွားစေသောနောက်လည်စပင်းကိုလည်း ပို၍ ပါစေပါသည်။ တုတ်ခေါင်းအပွင့်အား ကြာကြာထိန်းရန်ကို မည်သို့လုပ်ပါမည်နည်း။ ရိုက်အပြီးတွင် နောက်ဆုံးတော့ လက်များက သူ့ဘာသာလှည့်သိမ်းကြမည်ဖြစ်ပြီး တုတ် မျက်နှာပြင်လည်း ပိတ်သွားပါလိမ့်မည်။ သော့ချက်မှာ ကိုယ်လုံးအလှည့်ပေါ်တွင် ရှိပါသည်။ ရိုက်တုတ်သွားသည် နှင့်အမျ ကိုယ်လုံးလည်း လိုက်လံလှည့်လည်ပေးမှု ပိုလုပ် ပေးလေ၊ တုတ်ခေါင်းအပွင့်အားထိန်းထားရန် ပိုလွယ်ကူလေ ဖြစ်ပါသည်။ သင့်ရည်မှန်းချက်က မြောက်တက်ပြီး မြန်ဆန် စွာ ရပ်စေလိုသောရိုက်ချက်မျိုးဆိုပါလျင် အမြဲသတိရနေ ရန်မှာ ထွက်သွားမည့်လမ်းကြောင်းနှင့် နောက်ပြန်လည်ကာ ရပ်သွားစေသည့်စပင်းတို့သည် အရိုက်၌ လက်များ ချိုးရိုက် ခြင်းကြောင့်မဟုတ်ကြောင်းနှင့် တုတ်မျက်နှာပြင်ဖွင့်ထား ချိန်တွင် အားပါစွာလှည့်ထုတ်လိုက်သောကိုယ်လုံးလှည့်အား ကြောင့်သာ ရရှိခြင်းဖြစ်ကြောင်းကို ဖြစ်ပါသည်။ဝင်းမြင့်သိန်း