ခြေထောက်မကြွသောရိုက်ချက်
အထက်ပုံပါ တစ်ကွက်ပြီးတစ်ကွက် ပြသထားသော အ ဆင့်ဆင့်ရိုက်သွားပုံများအားကြည့်ပါ။ ကျွန်ုပ်၏ နောက်ခြေ (ညာခြေ) သည် ဆွင်းတောက်လျောက် သဲထဲမှ ကြွမတက် ဘဲရှိနေပါသည်။ ဤသို့လုပ်ခြင်းကြောင့် ခြေထောက် ချော် ထွက်ခြင်း၊ လျောထွက်ခြင်း မဖြစ်ပေါ်ပါ။





ကြွက်သားများကို မသုံးဘဲ အမြန်နှုန်းကို အသုံးချပါ
သဲထဲ၌ ကျင်းတူးသလိုမျိုး မရိုက်ပါနှင့်။ သဲထဲမှ ရိုက်ချက်ကောင်းကောင်းဖြင့် ထွက်သွားစေရန်ကိစ္စတွင် ကြွက်သားများ အင်အားဖြင့် ဇောက်နက်စွာ နှိုက်ထုတ် ရန်ကြိုးစားလေ၊ ဂေါက်သီးကမထွက်သွားဘဲ နောက်တစ်ကြိမ်ထပ်ရိုက်ရလေဖြစ် တတ်ပါသည်။ သော့ချက်မှာ အင်အားကိုမသုံးဘဲ အမြန်နှုန်းကိုသုံးရန်ပါ။ သဲထဲသို့ အတင်းနှိုက်ထုတ်သောရိုက်ပုံနှင့် ဆန့်ကျင်လျက် တုတ်ခေါင်းအမြန်နှုန်းများများ သုံး၍ ရိုက်မည်ဟု စဉ်းစားခြင်းဖြင့် ပိုမိုပြည့်စုံသောဆွင်းကို သင်လွှဲနိုင်ပါလိမ့်မည်။ အမြန်နှုန်းဟုဆိုပါလျင် ဖော်ပြခဲ့သောကဏ္ဍ၌ ပါရှိခဲ့သည့်အတိုင်း ကိုယ်ခန္ဓာ တစ်ခုလုံး လိုက်ပါလှုပ်ရှား လှည့်ထုတ်မှု လိုအပ်သည်ဆိုခြင်းကိုသတိရပါ။ ကိုယ် လုံးလှည့်ထုတ်အားပိုများလေ၊ ခေါက်ချိုးကာရိုက်သည့် လက်လှုပ်ရှားမှုကို လျော့ နိုင်လေဖြစ်ပါသည်။ လက်များချိုးခေါက်မှုနည်းပါးလေ၊ တုတ်မျက်နှာပြင် အပွင့် အနေအထားကို ထိန်းထားရန် ပိုလွယ်လေဖြစ်ပြီး ပိုမိုကောင်းမွန်သော ဘန်ကာ ရိုက်ချက်ကို ရရှိပါလိမ့်မည်။ ထို့ကြောင့် အင်အားအစား အမြန်နှုန်းကိုသာ စဉ်း စားပါ။ ဤခံယူချက်မျိုးဖြင့် သဲထဲစိုက်ဝင်သွားသောအဖြစ်မျိုးကို တားဆီးနိုင် ပြီး သဲအားကောင်းစွာ ဖြတ်သန်း ရိုက် ထုတ်သွားနိုင်ပါလိမ့်မည်။Sand Wedge အလုပ်လုပ်ပုံကို သဘောပေါက်ခြင်း

တုတ်ခေါင်းဖွင့်ကာရိုက်ရမည့်အနေအထား

တုတ်ခေါင်းမဖွင့်ဘဲ ကျင်တွယ်ကိုက်ထားကာ ရိုက်ရမည့်အနေအထား

စောင်းနေသောသဲမျက်နှာပြင်နှင့်အညီ ဆွင်းလွှဲပါ

သဲများအားလုံးသည် ထပ်တူမဟုတ်ကြပါ
ဂေါက်ကွင်းတစ်ကွင်းနှင့်တစ်ကွင်းသည် အသုံးပြုသည့်သဲချင်း မတူညီကြပါ။ ရံဖန်ရံခါတွင် တစ်ကွင်းတည်း၌ပင် ဘန်ကာတစ်ခု နှင့်တစ်ခု သဲချင်းမတူကြပါ။ တချို့၌ သဲထုများပြီး တချို့၌ သဲထုနည်းကြသည်။ တချို့သဲများက ရေစုပ်ထားတတ်ကြ ပြီး တချို့ကရေကိုလက်မခံကြပါ။ တချို့သဲများကပွပြီး တချို့က ကျစ်သည်။ ပြောရပါလျင် အမျိုးအစားများစွာရှိသည်။ သို့ဖြစ်လျင် သဲအပေါ် မည်သို့တွက်ဆပါမည်နည်း။ ပထမဆုံးက ဘန်ကာထဲခြေချလိုက်သည်နှင့် သင့်ခြေများ မည်သို့ခံစားရသည်ကို အကဲဖြတ်ပါ။ သဲများပျော့၍ စိုနေပါ လျင် ရိုက်ချက်၌ အနည်းငယ် ပို၍ပြင်းထန်ရန် လိုအပ်ပါ သည်။ ဂေါက်သီးလည်း မျော်မှန်းသည်ထက် ပို၍နိမ့်စွာ ထွက် သွားပါမည်။ သဲများက ပျော့၍ ပေါ့ပါးနေလျင် တုတ်ခေါင်း သဲထဲသို့ ပို၍လွယ်ကူစွာ လျောဝင်သွားစေနိုင်ပါသည်။ ထို့ ကြောင့် သဲအများကြီးပါအောင် ရိုက်ထုတ်မည်ဟု စိတ်ကူး ရန်မလိုအပ်ပါ။ သင်ထိုသို့များ စိတ်ကူး ၍ ရိုက်လိုက်ပါလျင် တုတ်ခေါင်းသည် သဲထဲသို့ မြန်ဆန်စွာ လျောဝင်သွားပြီး သဲအများကြီးပါသွားကာ အပြင်သို့မထွက်ဘဲ ရှေ့နားတွင်သာ ပြန်ကျသောရိုက်ချက် ဖြစ်ပေါ် တတ်ပါသည်။ အပြီးသတ်အ နေဖြင့် သင်ကစားနေသောဂေါက်ကွင်းက သဲအမျိုးအစားများ ကိုကြည့်ပါ။ သဲအလုံးကြီး၍ လေးလံသောသဲအမျိုးအစားဖြစ်ပါ လျင် ဘန်ကာ ထဲ၌ ဂေါက်သီးမြုပ်နေတတ်ပါသည်။ ရိုက် ထုတ်သည့်အခါ ပိုမိုအားထည့်ရန် လိုအပ်ပါသည်။ ပင်လယ် ကမ်းစပ်သဲကဲ့သို့ သဲပွင့်သေးပါလျင် သဲထဲသို့ တုတ်ခေါင်း လျောဝင်ရန် ပိုမိုလွယ်ကူပါသည်။ ထို့ကြောင့် အပိုအင်အား သုံးရန်မလိုအပ်ဘဲ ပြေတိမ်သောရိုက်သွင်းမှုသာ လိုအပ်ပါ သည်။ တုတ်ခေါင်းက သဲကို များစွာမထိဘဲ ရိုက်ရသော အခြေအနေများရှိပါသည်။ ကျစ်လျစ်၍ စိုစွတ်နေသော သဲပေါ် တွင် ဂေါက်သီးရှိနေသည့်အခါတွင်ပါ။ ဘန်ကာထဲတွင် ရိုက်ရအခက်ဆုံး ဂေါက်သီးအနေအ ထားပါ။ ထိုအနေအထား ကိုရိုက်ရာတွင် တုတ်ခေါင်းကို ပစ်မှတ်နှင့် ကျင်တွယ်ကိုက်ချိန် ရွယ်ပါ။ ထိုအခါ ဦးဆောင်အနားက တုတ်ခေါင်း၏အနိမ့် ဆုံးနေရာဖြစ်နေပါ လိမ့်မည်။ ကျစ်လျစ်၍ စိုစွတ်သောထို သဲပြင်အား ထိမိသည့်အခါ တုတ်ခေါင်းခုန်ထွက်မည်ဖြစ်၍ ယင်းသို့ဦးဆောင်အနားကိုသုံးကာ ဂေါက်သီးနှင့် တုတ်ခေါင်း တိုက်ရိုက်ထိခြင်းအား မကြောက်ရွံ့ပါနှင့်။ ဤရိုက်ချက်မျိုး၌ သဲကိုဦးစွာရိုက်မိရန် မလိုအပ်တော့ပါ။ဝင်းမြင့်သိန်း