ဘီလီယံချီတဲ့နယ်ပယ်ကို မိတ်ဆက်ခဲ့သူ

the-အလှတရားဟာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုပါ။ Forbes မဂ္ဂဇင်းကနေ ၂၀၁၈ ခုနှစ်အတွင်းကထုတ်ပြန်ခဲ့တဲ့ America’s Richest Self-Made Women စာရင်းမှာပါဝင်တဲ့ အယောက် ၆၀ ထဲကမှ ခုနစ်ဦးဟာ  အလှကုန်ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကို ပြုလုပ်ဖန်တီးခဲ့ကြပါတယ်။ သူတို့ထဲကတစ်ဦးကတော့ ဒူဘိုင်းအခြေစိုက် ရုပ်ရှင်နယ်ပယ်မှာ ဩဇာရှိတဲ့ မိတ်ကပ်ပညာရှင် Huda Kattan ပဲ ဖြစ်ပါတယ်။

                   အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စီးပွားရေးနယ်ပယ်ထဲက ဒီအမျိုးသမီးဟာ ၂၀၁၃ ခုနှစ် မှာ Huda Beauty ဆိုတဲ့ အလှကုန်ပစ္စည်းကုန်အမှတ်တံဆိပ်ကို တည်ထောင်ခဲ့ပါတယ်။ Huda ကို အီရတ်ကနေအမေရိကန်ကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့မိဘတွေကနေ အမေရိကန်နိုင်ငံမှာပဲမွေးဖွားခဲ့ပါတယ်။ သူဟာ စီးပွားရေးနယ်ပယ်ထဲကို Blog တစ်ခုနဲ့စတင်ခဲ့တာပါ။ စာရင်းအင်းပညာရပ်နဲ့အသက်မွေးတဲ့ သူ့ရဲ့အလုပ်ကို စိတ်ပျက်စပြုနေပြီဖြစ်တဲ့အကြောင်းရင်း ဟာ Huda ကို မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ သူဟာ သူ့ကိုယ်ပိုင်  Website တစ်ခုကို မိတ်ဆက်ခဲ့ပြီး အဲဒီ Web Site မှာ Makeup Tutorial  တွေ၊ အသားအရေထိန်းသိမ်းမှုဆိုင်ရာနည်းလမ်းနဲ့ အကြောင်းအရာတွေ၊ အလှအပနဲ့ ပတ်သက်တာတွေကို တင်ဆက်ထားပါတယ်။

@hudabeauty          Huda ဟာ Huda Beauty ရဲ့ President ဖြစ်တဲ့ Mona  နဲ့ Chief Instagram Officer  ဖြစ်တဲ့ Alya တို့နဲ့ ပေါင်းစည်းပြီးတဲ့အချိန် ၂၀၁၃ ခုနှစ်မှာ သူ့အလုပ်ကို စီးပွားရေးလုပ်ငန်းအသွင်ကူးပြောင်းခဲ့ပြီး မျက်တောင်တုဖန်တီးမှုလမ်းကြောင်းကိုစတင်ကာ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးမော်ဒယ်ဖြစ်တဲ့  Kim Kardishian နဲ့ ကြော်ငြာခဲ့ပါတယ်။

ဒါပေမဲ့ Instagram ဟာ အပြောင်းအလဲဖြစ်စေမယ့်အရာတစ်ခုလို့ Huda က ခံစားမိခဲ့ပါတယ်။ “Instagram က လူတွေတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မိစေဖို့အတွက်သာမက တစ်စုံတစ်ခုကိုကောင်းကောင်း ခံစားအတုယူစေနိုင်မယ့်အရာ၊ အရာရာတိုင်းရဲ့အပြောင်းအလဲဖြစ်စေမယ့်အရာပါ” လို့ သူပြောခဲ့၊ ယုံကြည်ခဲ့တဲ့အတိုင်း ဒီနေ့ဒီအချိန်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အလှအပစိတ်ဝင်စားသူအရေအတွက် ၂၆ သန်းဟာ Instagram မှာ Huda ရဲ့ Follower  တွေ ဖြစ်နေပါပြီ။

 “ကျွန်မရဲ့ ရည်ရွယ်ချက်အစစ်အမှန်က လူတွေကိုအလှတရားနဲ့ပတ်သက်ပြီး ခံစားမိစေဖို့ဖြစ်ပါတယ်။ ငွေကြေး၊ ဒါမှမဟုတ် ရုပ်ဝတ္ထုပစ္စည်းတွေနဲ့မသက်ဆိုင်ပါဘူး။ အမျိုးသမီးငယ်တစ်ယောက်ဟာ ဒါကိုလုပ်နိုင်တယ်ဆိုတာကို လူတွေဆီသက်သေပြနိုင်ဖို့ပါ” လို့ သူကဆိုခဲ့ပါတယ်။

ခန့်မှန်းအသားတင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၅၅၀ သန်းလောက်ပိုင်ဆိုင်ထားပြီး Forbes ရဲ့ စစ်တမ်းအရ Huda Beauty  ကုန်အမှတ်တံဆိပ်ဟာ အမေရိကန်ဒေါ်လာတစ်သန်းနဲ့အထက်တန်ဖိုးတက်လာမှုကို ကြည့်မယ်ဆိုရင် Huda Kattan ဟာ သူ့ရဲ့ရည်မှန်းချက်ကို အောင်မြင်အောင်သက်သေပြနိုင်မှုလို့ ဆိုရမှာပဲဖြစ်ပါတယ်။

Blogging မျိုးဆက်

တစ်ကမ္ဘာလုံးဆိုင်ရာ အလှအပရေးရာရေးသားမှုတွေကို  Youtube  မှာ ကြည့်ရှုသူဦးရေဟာ ၂၀၁၀ ပြည့်နှစ်မှာ အရေအတွက် လေးဘီလီယံကနေ ၂၀၁၇ ခုနှစ်မှာ ၁၀၄ ဘီလီယံ အထိခုန်တက်သွားခဲ့တယ်လို့ ဗီဒီယိုကြော်ငြာဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Pixability ရဲ့ နောက်ဆုံးအချက်အလက်စုဆောင်းမှုအရ သိရပါတယ်။

Huda ဟာ ဒီလိုမျိုး Youtube  မှာ လွှမ်းမိုးမှုရှိသူများဆိုတဲ့မျိုးဆက်သစ်ရဲ့ အစောဆုံးဥပမာတစ်ခုဖြစ်ပါတယ်။ သူဟာ အလှကုန်ပစ္စည်းတွေကို မိတ်ဆက်ပေးရုံလေးတင်မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်လေးတွေရဲ့ ခံစားအားကျစ ရာဖြစ်စေခဲ့တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Grazia Middle East ဖက်ရှင်မဂ္ဂဇင်းရဲ့ ဒစ်ဂျစ်တယ်အယ်ဒီတာ Olivia Phillips  က ဆိုခဲ့ပါတယ်။

“Huda ဟာ အောင်မြင်တဲ့ဇာတ်လမ်းတစ်ပုဒ်ရဲ့ အကောင်းဆုံးပုံစံတစ်ခုဖြစ်ပါတယ်။ ခိုင်မာတဲ့၊ ထက်မြက်တဲ့၊ မိသားစုဘဝ ပိုင်ဆိုင်ထားပြီး အလုပ်လုပ်တဲ့ မိခင်တစ်ယောက်ဖြစ်ရုံမက သူ့ရဲ့စွန့်ဦးတီထွင်စိတ်ဝိညာဉ်ရှိမှုအတွက် စံပြမိန်းကလေးတစ်ဦးအဖြစ် အရှေ့အလယ်ပိုင်းဒေသမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူရပါတယ်” လို့ Olivia Phillips က ဖြည့်စွက် ပြောသွားခဲ့ပါတယ်။

180717145210-dubai-beauty-huda-office-super-169Huda လိုမျိုး လူမှုကွန်ရက်မှာလွှမ်းမိုးမှုရှိသူတွေကြောင့် သက်ဆိုင်ရာနယ်ပယ်တွေမှာ ပိုမိုကျယ်ပြန့်တဲ့ သက်ရောက်မှုမျိုးတွေရှိလာနေပါတယ်။ ဥပမာ-ကမ္ဘာ လုံးအတိုင်းအတာဈေးကွက်သုတေသနပြုလုပ်ငန်းတစ်ခု ဖြစ်တဲ့ Euromonitor ရဲ့ UAE(United Arab Emirates)  မှာရှိတဲ့ အလှအပနဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေအပေါ် နောက်ဆုံးအစီရင်ခံစာအရ လူတွေအနေနဲ့ အလှကုန်ပစ္စည်းတွေ ပိုမိုများပြားစွာအသုံးပြုလာကြတာဟာ လူမှုကွန်ရက်မှာ လွှမ်းမိုးမှုရှိသူတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပေမယ့် ဒီအချက်ကတော့ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ UAE မှာရှိတဲ့ အလှကုန်ပစ္စည်းသုံးစွဲသူတွေဟာ ၂၀၁၇ ခုနှစ်မှာ Beauty Products တွေကို တစ်ဦးချင်းသုံးစွဲမှုအတိုင်းအတာ အမေရိကန်ဒေါ်လာ ၂၂၈ ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာရှိခဲ့တဲ့ တစ်ဦးချင်းအတိုင်းအတာ အမေရိကန်ဒေါ်လာ ၁၆၈ ကနေ မြင့်တက်လာခဲ့တာပါ။

“သုံးစွဲသူတွေဟာ Social Media မှာ အရှိန် အဟုန်နဲ့ရှိနေတဲ့ ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချသူတွေ၊ ကုန်အမှတ်တံဆိပ်တွေကို ပိုမိုမြင့်မားစွာဦးတည်ပြီး သုံးစွဲလာကြပါတယ်” လို့ Euromonitor ရဲ့ စစ်တမ်းကောက်ယူသူ Amma Abba က ဆိုပါတယ်။ အစီရင်ခံစာအရ ကုန်အမှတ်တံဆိပ်တွေနဲ့ ကုန်အမှတ်တံဆိပ်အကြောင်း ရေးသားသူတွေကြားက လုပ်ဆောင်ချက်ဟာ ကုန်ပစ္စည်းအသစ်တစ်မျိုးနဲ့ အရောင်းပမာဏ မြင့်တက်လာစေမှုရဲ့ မရှိမဖြစ်အကြောင်းအရာဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီလိုအရောင်းမြှင့်တင်မှု နည်းဗျူဟာဟာ အင်တာနက်စစ်တမ်းပရိသတ်အပေါ်တည်မှီနေပါတယ်။ “ ဆော်ဒီအာရေးဗီးယားနဲ့ UAE တို့လို နိုင်ငံတွေမှာတော့ Social Media ဟာ အကြောင်းအရာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ ကောင်းကောင်းသင်ယူနိုင်ဖို့ လူသိများတဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေမှာပါ" လို့လည်း Abbas က ဖြည့်စွက်ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က Sephora ၊ Kiko Milano ၊ Kiko Milano၊ Anastasia Beverly Hills ၊ Essence တို့လို နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များစွာဟာ ဒူဘိုင်းမှာ ဆိုင်တွေဖွင့်လှစ်ခဲ့ကြပါတယ်။

အလှအပ ယဉ်ကျေးမှု

ဒါပေမဲ့ အာရပ်မှာတော့ အလှကုန်ပစ္စည်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုဟာ လူမှုကွန်ရက်လမ်းကြောင်းထက် ပိုပြီး နက်ရှိုင်းပါတယ်။ ဒါဟာလည်း အာရပ်ယဉ်ကျေးမှုအရ သဘာဝတရားဖြစ်နေလို့ပါ။ အာရေဗျလူဦးရေကို ကြည့်လိုက်ရင် အမျိုးသမီးတွေဟာ သူတို့ရဲ့ အသွင်အပြင်အတွက် အမြဲအလုပ်များနေတတ်ပါတယ်။ Nazan Asghar ဟာ ဒူဘိုင်းမှာရှိတဲ့ လူသိများတဲ့ Beauty Blogger တစ်ယောက်ဖြစ်ပါတယ်။ Instagram မှာ သူစရေးတုန်းက Follower အရေအတွက် ၁၅ ဦးပဲရှိပြီး အဲဒီ ၁၅ ဦးက လည်းမိသားစုနဲ့ သူငယ်ချင်းတွေသာ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး Post ဟာ ဆွဲဆောင်မှုရှိတဲ့ ပါးရိုးတွေ၊ အဆီလဲ့ နေတဲ့နှုတ်ခမ်း၊ မျက်ခုံးမွေးထူထူတွေနဲ့ ထူးခြားတဲ့ အနက်ရောင်မျက်လုံးတွေနဲ့ သူ့ဓာတ်ပုံဖြစ်ပါတယ်။ သူ့ရဲ့မိတ် ကပ်ပုံစံအများစုဟာ ပစ္စည်းရှစ်မျိုးလောက်သုံးပြီး နာရီဝက်အတွင်း လိမ်းခြယ်တဲ့ပုံစံဖြစ်တယ်လို့ Asghar က ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ သူ့ပရိသတ်အပေါ် အနှောင့်အယှက်တော့ မဖြစ်စေပါဘူး။ အခုချိန်မှာ သူ့ရဲ့ Follower အရေအတွက်ဟာ နှစ်သိန်းကျော်ထိများလာခဲ့ပြီး “ပြည်တွင်းအမျိုးသမီးတွေဟာ ငွေကြေးတတ်နိုင်တဲ့အပြင် သူတို့ဟာ မိတ်ကပ်လိမ်းခြယ်မှုအပေါ် ယုံကြည်မှုလည်း ရှိတယ်။ ကျွန်မက မှန်ကန်တဲ့နယ်ပယ်မှာ ရှိနေပြီး ကိုယ် ဦးတည်ရာကို မှန်မှန်ကန်ကန်နဲ့ ထိအောင်ပစ်နိုင်တယ် ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ်ခံစားရပါတယ်” လို့ Asghar  က ဆိုပါတယ်။

original-professional-12-brushes-set-huda12-huda-beauty-original-imaexm5yhnpytpzx

Kattan  ညီအစ်မတွေကတော့ အရှေ့အလယ်ပိုင်းဒေသတွေမှာ မိတ်ကပ်နဲ့ပတ်သက်ပြီး ယုံကြည်ချက်အတော်လေးပြင်းပြနေပါတယ်။ “ဒါက ကျွန်မတို့ရဲ့ အသွေးအသားဖြစ်တည်မှုထဲမှာ ရှိနေတဲ့အရာပါ။ ကျွန်မတို့ သိပ်များလွန်းတာကိုမကြိုက်ဘူး၊ နည်းနည်းချင်းစီ ပိုထပ်ပေါင်းပေးချင်တာပါ။ အလှအပ၊ မိတ်ကပ်၊ အစားအသောက်၊ ဖက်ရှင်ပြီးတော့ အရာရာတိုင်းအတွက်ပါပဲ” လို့ Monaပြောခဲ့ပါတယ်။

Ref :  Huda Kattan: The face that launched a billion-dollar beauty empire

 

နိုင်သီဟ