လူငယ် Entrepreneur နှစ်ယောက်ရဲ့ Tech Startup:NEX

nex1

မြန်မာနိုင်ငံသား လူငယ်နှစ်ယောက်ဖြစ်တဲ့ ကိုရဲမြတ်မင်းနဲ့ ကိုမျိုးထက်အောင်တို့ ပူးတွဲတည်ထောင်ခဲ့တဲ့ Nex Co.Ltd ဟာ လက်ရှိမှာဆိုရင် သက်တမ်း ၃ နှစ်ရှိနေတဲ့ Second Round Investment ရရှိပြီးသား Tech Starup တစ်ခုဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ် မတ်လအတွင်းက Fobers Asia Entrepreneur Under 30 List မှာလည်း Enterprise Tech Scope အောက်မှာ ပါဝင်ဖော်ပြခံခဲ့ရပါတယ်။ NEX Co.Ltd က လက်ရှိမှာ ဘယ်လို Product တွေရှိပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးနေတယ်ဆိုတာအပါအဝင် Founder နှစ်ယောက်ရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြပေးလိုက်ပါတယ်။

koyemyatmin

ကိုရဲမြတ်မင်း

School Dropout တစ်ယောက်ဖြစ်ပြီး၊ တီထွင်တဲ့ စိတ်ကူးစိတ်သန်းတွေရှိတဲ့ Entrepreneur တစ်ယောက်ဖြစ်ပါတယ်။ ပညာရေး တစ်ပိုင်းတစ်စ ဖြစ်သွားတယ်ဆိုပေမဲ့လည်း သူဟာ ကိုယ်တိုင် လေ့လာသင်ယူခြင်း၊ စမ်းသပ်တီထွင်ခြင်းနဲ့ ဇွဲရှိရှိအလုပ်လုပ်ခြင်းတို့လို အရာတွေနဲ့ ကိုယ့်ပညာဗဟုသုတကို တည်ဆောက်နေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူက ပြည်တွင်းလုပ်ငန်းတွေကို ဒီဇိုင်းကိုအဓိကထား တည်ဆောက်တဲ့ Digital Product တွေကို Mobile ၊ Web နဲ့ Social Media တွေမှာ ဝန်ဆောင်မှုပေးတာနဲ့ စတင်ခဲ့ပြီး အဲဒီကနေ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ NEX နဲ့ ပတ်သက်လို့ သူ့ရဲ့ Vision ကတော့ မြန်မာနိုင်ငံရဲ့ နည်းပညာနယ်ပယ်မှာ Changemaker ဖြစ်ဖို့နဲ့ နည်းပညာ၊ ဒီဇိုင်းနဲ့ Digital Strategy တွေကို စွန့်စားဖန်တီးရင်း အလားအလာကောင်းတွေ ပိုမိုရရှိဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

komyohtetag

ကိုမျိုးထက်အောင်

ကိုမျိုးထက်အောင်ဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက ကွန်ပျူတာနဲ့ပတ်သက်လို့ Passion ရှိတယ်ဆိုတာကို သိခဲ့သူဖြစ်ပါတယ်။ ဂိမ်းဝါသနာပါတဲ့အပြင် နွေရာသီကျောင်းပိတ်ရက်တွေမှာ Programming နဲ့ပတ်သက်တဲ့ သင်တန်းတွေတက်ရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ University of Computer Studies - USA မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ B.C Tech (Hons) နဲ့ဘွဲ့ရပြီးတဲ့နောက်မှာ သူ့ရဲ့ Career ကို နည်းပညာလောကမှ စတင်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Developer တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီမှာ နောက်ပိုင်းမှာ သူ့ရဲ့ Mentor တစ်ယောက်ဖြစ်လာမယ့် Bagan Innovation Technolgy က CEO ဦးသက်လင်းဟန်နဲ့ အနီးကပ်အလုပ်လုပ်ကိုင်ခွင့်ကို ရရှိခဲ့ပါတယ်။ နည်းပညာနယ်ပယ်နဲ့ ပတ်သက်လို့ ဦးသက်လင်းဟန်က Mentor တစ်ယောက်အဖြစ် အစစအရာရာ သင်ပြပေးခဲ့တာဖြစ်ပါတယ်။ ဦးသက်လင်းဟန်နှင့်အတူ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လိုက်လာခဲ့ပြီး Tech Startup တစ်ခုဖြစ်တဲ့ Bagan Innovation Technology ကို ကိုယ်တိုင်စတင်ခဲ့ကြပါတယ်။ အဲဒီက တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကိုမျိုးထက်အောင်နဲ့ ကိုရဲမြတ်မင်းတို့နှစ်ယောက် တွေ့ဆုံခဲ့ကာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့ အချိန်တန်ပြီလို့ သတ်မှတ်ပြီး NEX Co., Ltd ကို နှစ်ယောက်အတူ ပူးတွဲတည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကုမ္ပဏီမိတ်ဆက် . . .

NEX ဟာအခုဆိုရင် သက်တမ်းသုံးနှစ်ရှိပြီဖြစ်တဲ့ Venture Capital နဲ့ အခြေပြုစတင်ခဲ့တဲ့ မြန်မာနိုင်ငံက 360 Digital Agency တစ်ခုဖြစ်ပါတယ်။ ထိပ်တန်းဒီဇိုင်းတွေနဲ့ Application တွေ၊ Website တွေ ဖန်တီးပေးတာကတော့ အထူးကျွမ်းကျင်မှုတွေလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် Facebook, Instagram နဲ့ LinkedIn တို့လို Platform တွေအတွက် Social Media Management ဝန်ဆောင်မှုတွေလည်းပေးပါတယ်။

NEX ဟာ စစရင်း Angel Investment ဒေါ်လာငါးသောင်းကို စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တဲ့ Ned Phillips (အရင်က E*Trade နဲ့ Chi-East တို့လုပ်ကိုင်ခဲ့သူ) ဆီက ရရှိခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက် ရင်းနှီးမြှုပ်နှံငွေကို ၂၀၁၄ ခုနှစ်အတွင်းမှာ Magnus Böcker (Singapore Exchagne ရဲ့ CEO ၊ Nasdaq OMX Nordic ရဲ့ CEO ဟောင်း) ရဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sweden's Böcker ရဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီခွဲဖြစ်တဲ့ Singapore Blibros Group ကနေ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲရရှိခဲ့ပါတယ်။

လက်ရှိမှာ NEX ဟာ ဝန်ထမ်းပေါင်း ၄၉ ယောက်ရှိပြီး ၂၀၁၆ နှစ်ခုပိုင်းမှာတော့ ဝန်ထမ်းအင်အား ၁၀၀ နဲ့အတူ ပိုမိုတောင့်တင်းခိုင်မာတဲ့ လုပ်ငန်းဖြစ်လာဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

NEX ရဲ့ အနာဂတ်အစီအစဉ် . . .

စီးပွားရေးလုပ်ငန်းတွေအတွက် Productivity နဲ့ Effiency ပိုင်းပိုကောင်းအောင် တစ်ဖက်တစ်လမ်းက လုပ်ပေးနိုင်ဖို့ Enterprise Solution တွေအတွက် Research & Development အချိန်တွေ ပိုသုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

NEX ရဲ့ Motto & Vision . . .

Motto အဖြစ်ကတော့ Steve Jobs ပြောခဲ့တဲ့စကား Real Artists Ship ဆိုတာကို အသုံးပြုထားပါတယ်။ NEX ရဲ့ Vision ကိုပြောပါဆိုရင် မြန်မာနိုင်ငံအတွင်း နည်းပညာနယ်ပယ်မှာ Change-Maker အဖြစ်ရပ်တည်ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ရှေ့ဆက်မယ့် Progress မှာ နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်အောင် ဆွဲဆောင်သွားဖို့ ဖြစ်ပါတယ်။

Forbes Asia Entrepreneur Uner 30 List ရဲ့ Enterprise Tech ခေါင်းစဉ်အောက်မှာ ပါဝင်ခွင့်ရတာနဲ့ ပတ်သက်လို့ တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ ကိုရဲမြတ်မင်းက '' Entrepreneur တွေ အများအပြားနဲ့အတူ အဲဒီစာရင်းမှာ ပါဝင်ဖော်ပြခံရတဲ့အတွက် NEX အနေနဲ့ ကိုယ့်ကိုယ်ကိုယ် Humble ဖြစ်ဖို့ သတိထားပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုဖော်ပြခံရတာဟာ NEX အတွက်တော့ လက်ရှိလုပ်နေတာတွေ ဆက်လက်လုပ်ဆောင်သွားဖို့၊ မြန်မာနိုင်ငံကလုပ်ငန်းတွေကို နည်းပညာရဲ့ စစ်မှန်တဲ့အလားအလာကောင်းတွေနဲ့ Mobility Solution တွေကို အပြည့်အ၀ ရယူအသုံးချသွားနိုင်အောင် ပိုမိုကူညီလုပ်ဆောင်သွားဖို့ ကြီးမားတဲ့ တွန်းအားတစ်ခုလည်း ဖြစ်ပါတယ်''လို့ ဆိုပါတယ်။

eightket

8Ket(http://www.8ket.com)

8Ket ဟာ အသေးစားနဲ့အလတ်စား ဆိုင်ပိုင်ရှင်တွေအတွက် သူတို့ကိုယ်တိုင် သူတို့ဆိုင်တွေအတွက် Native Android Application အလွယ်တကူဖန်တီးနိုင်အောင် ပြုလုပ်ထားတဲ့ Self-Serivce Platform တစ်ခုဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်တွေအနေနဲ့ Development အချိန်အကြာကြီး စောင့်ဆိုင်းစရာမလိုဘဲ ၊ ကုန်ကျစရိတ်မများဘဲ၊ Programming Knowledge ရှိစရာမလိုဘဲ Android Application တစ်ခုကို ရရှိနိုင်ဖို့ 8Ket က လုပ်ဆောင်ပေးပါတယ်။

hush

Hush (http://letshush.com/)

ကိုယ်ဘယ်သူမှန်းဖော်ပြစရာမလိုဘဲ ကိုယ့်အတွေ့အကြုံ၊ အတွေးအမြင်တွေနဲ့ စိတ်ခံစားမှုတွေကို မျှဝေနိုင်မယ့် Application တစ်ခု (Community တစ်ခု) အဖြစ် Hush ကိုဖန်တီးထားတာ ဖြစ်ပါတယ်။ ပျော်စရာ၊ ရှက်စရာ၊ စိတ်ညစ်တဲ့ အတွေးတွေအားလုံးကို တင်နိုင်ပါတယ်။ ပြီးတော့ Hush က Location-based application တစ်ခုဖြစ်တာကြောင့် Hush ကိုဖွင့်လိုက်တဲ့အခါမှာ ကိုယ်တွေ့မှာတွေကတော့ ကိုယ့်လက်ရှိတည်နေရာ အနီးအနားက Hush အသုံးပြုသူတွေတင်ထားတဲ့ Post တွေပဲဖြစ်ပါတယ်။

nexy

Nexy Keyboard

မြန်မာနိုင်ငံအတွင်း Online အသုံးပြုသူတွေရဲ့ကြားထဲမှာ မြန်မာအသံထွက်တွေကို အင်္ဂလိပ်ဘာသာနဲ့ စာလုံးပေါင်းရေးသားတဲ့ အလေ့အကျင့်က တွင်တွင်ကျယ်ကျယ် ဖြစ်နေပါပြီ။ ဒါကြောင့် NEX အနေနဲ့ Chat လုပ်နေတုန်းအတွင်း ကိုယ်က ဒီလိုမြန်မာစာအသံထွက်ကို အင်္ဂလိပ်စာလုံးနဲ့ ရိုက်နေတုန်းမှာ တစ်ဖက်ကထွက်တဲ့ Text တွေကို မြန်မာလိုတပြိုင်နက်ဖော်ပြပေးဖို့ ဘာသာပြန်ပေးနိုင်ရင်ကောင်းမှာပဲလို့ တွေးမိပါတယ်။ NEX ကနေ ပြုလုပ်ထားတဲ့ Nexy Keyboard က ဒီလိုဘာသာပြန်ပေးနိုင်ပါတယ်။ မြန်မာစကားလုံးကို သူရဲ့အသံထွက်အတိုင်း အင်္ဂလိပ်အက္ခရာတွေနဲ့ စာလုံးပေါင်းရိုက်ထည့်လိုက်ရင် မြန်မာစာလုံးအဖြစ် သူကဖော်ပြပေးမှာပါ။ အဲဒီထွက်လာတဲ့ စကားလုံးက Zawgyi Font ဒါမှမဟုတ် Unicode နှစ်မျိုးလုံးထဲက ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်ထားတာကို ပြသပေးမှာ ဖြစ်ပါတယ်။

snackshots

Snackshots

Snackshots ကတော့ NEX ရဲ့ နောက်ဆုံးထွက် Product တစ်ခုဖြစ်ပါတယ်။ Viber, Messenger, Whatsapp တို့လို Instant Messaging Applications တွေအတွင်းမှာ ကိုယ်ပိုင် Sticker လေးတွေကို အလွယ်ကူဆုံးနည်းနဲ့ ကိုယ်တိုင်ဖန်တီးနိုင်အောင် ပြုလုပ်ပေးထားတဲ့ Application တစ်ခုဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ Sticker ကို ရွေးချယ်၊ ကိုယ်ကြိုက်တဲ့ Font ကိုရွေးချယ်၊  Background နဲ့ Text အရောင်တွေ ကြိုက်သလိုပြောင်း ပုံအသစ်အဆန်းတွေထည့် စသဖြင့် ကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဖြူလဲ့မွန်