ဦးခင်မောင်ထွေး
Secretary
Myanmar Restaurant Association (Bagan Zone)
သင်တန်းက ဇူလိုင်လ ၁၈ ကစပြီး ဆယ်ရက်တက်ရတယ်။ သင်တန်းချိန်က မနက် ၈ နာရီကနေစတာဖြစ်တယ်။ သင်ကြားမယ့်ဆရာဆရာမအင်အားနဲ့ နိုင်နိုင်နင်းနင်းကြပ် ကြပ်မတ်မတ်ဖြစ်စေလိုတဲ့အတွက် သင်တန်းသားအယောက် တစ်ရာလောက်ကိုပဲ လက်ခံပါတယ်။ ပုဂံမှာက ပညာရှင် ရှားပါးမှုပြဿနာရှိတယ်။ ဒီလိုအပ်ချက်တွေကိုဖြည့်စွမ်း နိုင်ဖို့ အားလုံးက တစိုက်မတ်မတ်ပြုလုပ်နေကြတယ်။ ဒီလိုမျိုးသင်တန်းမျိုးတွေ ပုဂံမှာဖြစ်ပေါ်လာတဲ့အခါ ဒီက ကလေးတွေက သူတို့နယ်ပယ်တွေမှာ ဦးဆောင်နိုင်သူတွေ ဖြစ်လာမယ်။ ပြီးတော့ အသစ်အသစ်တွေကို ဖန်တီးနိုင်မယ့် လူငယ်တွေပေါ်ထွက်လာဖို့ အခွင့်အလမ်းတွေအများကြီး ရ တယ်။ ွှToursim Sector မှာလည်း ပုဂံကကလေးတွေ တော် တော်များများ ကျင်လည်နေကြတယ်။ သူတို့လေးတွေ အလေ့အလာကောင်းတွေရလာတဲ့အခါ ကျွန်တော်တို့နေထိုင် တဲ့ ပတ်ဝန်းကျင်လည်း ပြောင်းသွားမယ်လို့ ယုံကြည်တယ်။ ဒီလိုဖြစ်ဖို့ဆိုတာကလည်း ကျွန်တော်တို့တွေရဲ့ ရည်မှန်းချက် ပါ။ သင်တန်းသားလူတစ်ရာလက်ခံရာမှာ ဟိုတယ်တွေဘက်က ၃၅ ဦး၊ စားသောက်ဆိုင်တွေက လူ ၅၀၊ ဧည့်လမ်းညွှန်ဘက်က လူ ငါးဦး၊ ကျန်တာတွေက ပရဟိတအသင်းအဖွဲ့တွေက လူငယ်တွေ လာတက်တာဖြစ်တယ်။ ဒီအယောက်တစ်ရာထဲမှာ အသက်အ ရွယ်အားဖြင့်ကြီးသူ၊ ရာထူးအားဖြင့်ကြီးသူတွေ ပါဝင်ပါတယ်။ ဒီသင်တန်းဟာ တကယ်အကျိုးရှိမယ့်သင်တန်း၊ လာသင်ပြပေးတဲ့ဆရာတွေကလည်း အရည်အချင်းရှိတယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ ကလေးတွေဟာ သူတို့ ကြိုးစားအား ထုတ်သလောက် သူတို့တွေပြောင်းလဲ သွားနိုင်သလို၊ ဒေသရဲ့ Image လည်း ပြောင်းသွားနိုင်တယ်လို့ ယုံကြည်တယ်။ ဒီဒေသကလူတွေ တိုးတက်စေဖို့အတွက် အချိန်ရရင်ရသလို၊ လုပ်ပေးနိုင်သလောက်ကို လုပ်ပေးသွားဖို့ အစီအစဉ် ရှိပါတယ်။ဒေါ်တင်တင်သိန်း
ဝန်ထမ်းရေးရာမန်နေဂျာ
သရပါဟိုတယ်
ဒီသင်တန်းကိုအများဆုံးလာတက်တာက ဟိုတယ်ပိုင်းက ကလေးတွေနဲ့ သွေးလှူအသင်း၊ သာရေးနာရေးကူညီတဲ့ အသင်း၊ အောက်ဆီဂျင်လှူတဲ့အသင်း စတဲ့ ပရဟိတအသင်း အဖွဲ့လေးတွေဖြစ်ပါတယ်။ လာရောက်စာရင်းပေးထားသူ တစ်ရာကျော် ရှိနေပါပြီ။Sustainable Youth Leadership ကို The Sun Institute ကျောင်းကတာဝန်ယူပြီး Basic English့ ကိုThe Crown ကတာဝန်ယူတာဖြစ်ပါတယ်။ မနှစ်ကလည်း စားသောက်ဆိုင်နဲ့ပတ်သက်ပြီး English Training ပေးတဲ့အတွက် ဒီသင်တန်းဟာ ဒုတိယအကြိမ် မြောက်ဖြစ်ပါတယ်။ Tharabar Education Network အနေနဲ့ဆိုရင် ဒါကဒုတိယ အကြိမ်ဖြစ်ပြီးတော့ ဆင်းရဲနွမ်းပါး တဲ့ မူလတန်းကျောင်းလေးတွေကို သွားရောက်လှူဒါန်းတာ ဖြစ်ပါတယ်။ ပထမတစ်ရက်က လက်ထုပ်ကျွန်း၊ ဗုဒ္ဓကုန်း ကျွန်း၊ အုန္နဲကျွန်း၊ သုံးကျွန်း စတဲ့ ကျွန်းတွေကို သွားထောက် ပံ့တယ်။ အဲဒီကျွန်းတွေက မိုးရာသီဆို ရေတက်တာနဲ့ ရေ မြုပ်တဲ့ကျွန်းတွေဖြစ်တယ်။ အဲဒီဘက်က ကလေးတွေက ဆင်းရဲနွမ်းပါးကြတယ်။ ဒုတိယနေ့ဆိုရင် စလေဘက်ကိုသွား ပြီး သာသနာ့ရောင်ခြည်ကျောင်း၊ တောင်ဘီကျောင်း၊ ဇေတဝန် ကျောင်းတို့ကို သွားပြီးလှူဒါန်းတယ်။ တတိယနေ့ကတော့ မြေဖြူကန်ကျောင်းတို့၊ ထရိုင်းတောတို့ ညောင်လှတို့ကို သွား ရောက်လှူဒါန်းတာဖြစ်တယ်။ကိုသန့်ဇော်မြင့်
Freelance Licensed Tour Guide
ဒီသင်တန်းလေးက အတွေးအခေါ် (Concept) တွေ၊ Team Work နဲ့လုပ်ကိုင်တတ်တဲ့ Team Work Performance တွေကို သင်ကြားတတ်မြောက်စေမှာဖြစ်တဲ့အတွက် ပုဂံဇုန်က ကလေးတွေအတွက် အင်မတန်ကောင်းပါတယ်။ Leadership Concept တစ်ခု ရသွားတာပေါ့။ ဒေသခံတွေ အတွေးအခေါ် တိုးတက်လာတဲ့အခါ ဒေသအတွက် အများကြီးအထောက်အကူ ဖြစ်စေတယ်။ဦးရဲမြတ်ထွန်း
ဥက္ကဋ္ဌ
မန္တလေးဧည့်လမ်းညွှန်အသင်း
ကျွန်တော်တို့က MRA က ဦးစီးပြီး စားသောက်ဆိုင်နဲ့ပတ် သက်တဲ့ Knowledge လို့ ထင်တာ။ ဒီကိုရောက်တော့ Sustainable Youth Leadership နဲ့ Basic English ဆိုတာသိရတော့ တော်တော်ကို အကျိုးရှိစေမယ့် သင်တန်းဆို တာ သိသာတယ်။ Tharabar Education Network က စီစဉ်ပေးမှုနဲ့ The Sun Institute ကဆရာတွေကိုယ်တိုင် ဒီကို လာသင်တယ်။ တော်ရုံတန်ရုံဆို အဲဒီကျောင်းမှာ တက်ဖို့လည်း မလွယ်ဘူး။ ရန်ကုန်လောက်ထိကို သွား တက်ရတာ။ ခုဒီကိုလာသင်ပြီးတက်ရတာဆိုတော့ သင်တန်း သားတွေအတွက် အင်မတန်ကောင်းတယ်။ အခုဆိုရင် အင်္ဂလိပ်စာရဲ့ကဏ္ဍက အတော်အားကောင်းနေ တာဖြစ်တယ်။ စကားပြောမှာလည်း Brokenတွေ ဖြစ်နေတဲ့အတွက်Standard English ဆိုတာမျိုးလေး ဖြစ်စေချင်တယ်။ ဒီသင် တန်းက သင်တန်းသားတွေအတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။ဟန်သက်ဝါ