၂၀၁၅ ခုနှစ် အာဆီယံဈေးကွက်အတွက် ဝက်မွေးမြူရေး

article landscape wartermark final3 ၂၀၁၅ ခုနှစ်မှာ ဆယ်နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံတွေဟာ ဒေသတွင်းမှာ လွတ်လွတ်လပ်လပ် ရောင်းဝယ် ဖောက်ကားခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်း တွေကို ပြုလုပ်နိုင်တဲ့တစ်ခုတည်းသော စီးပွားရေးဈေးကွက်ကြီးအဖြစ် စတင် ဆောက်ရွက်ကြတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဖိလစ်ပိုင် စိုက်ပျိုးမွေးမြူ ရေးဝန်ကြီးက အဲဒီဈေးကွက်အတွက် အဆင်သင့်ဖြစ်အောင် ဝက်မွေးမြူရေး လုပ်ငန်းကို ကြိုးစားလုပ်ကြဖို့ တိုက် တွန်းလိုက်ပါတယ်။ အာရှတိုက်မှာ ဖိလစ်ပိုင်နိုင်ငံဟာ ကာကွယ်ဆေးထိုး စရာမလိုဘဲ foot-and-mouth  Disease(FDM)  ကင်းရှင်းတဲ့ တစ်ခုတည်း သောနိုင်ငံဖြစ်ပါတယ်။ ဒီအချက်ကို အခွင့်ကောင်းယူပြီး ကြိုးစားကြရမယ် လို့ ဆိုပါတယ်။ ဖိလစ်ပိုင်ဟာ ၂၀၁၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း တိရစ္ဆာန်မွေး မြူရေးထွက်ကုန်ဟာ ၁.၂ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ ဒါဟာ အဲဒီကာလ အတွင်း စိုက်ပျိုးမွေးမြူရေးထွက်ကုန် စုစုပေါင်းရဲ့ ၁၅.၄၄ ရာခိုင်နှုန်းဖြစ် ပါတယ်။ အဲဒီအထဲက အဓိကတိုးတက် တဲ့ကဏ္ဍကတော့ ဝက်မွေးမြူရေးကဏ္ဍ ဖြစ်တယ်။ ဒီကဏ္ဍက ၁.၂၅ ရာခိုင် နှုန်းတိုးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် အတွင်း စာရင်းတွေအရ မွေးမြူရေးဝက် ကောင်ရေ ၁၁.၈ သန်းရှိပြီး ၆၅ ရာခိုင်နှုန်း ဟာ အိမ်နောက်ဖေးခြံတွေမှာ မွေးကြတာဖြစ်ပြီး ၃၅ ရာခိုင်နှုန်း ကတော့ စီးပွားဖြစ်မွေးကြတာ ဖြစ် တယ်။

          Ref: Manila Bulletin