၁၀ ကြိမ်မြောက် ASEAN Skill Competition 2014 မြန်မာနိုင်ငံ ဝင်ပြိုင်မည်

[caption id="attachment_14178" align="alignnone" width="720"]article landscape wartermark final4 အာဆီယံကျွမ်းကျင်မှု ပြိုင်ပွဲဝင်ဆပ်ကော်မတီအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်စဉ်[/caption]   ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမယ့် ၁၀ ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ(ASEAN Skill Competition 2014) မြန်မာနိုင်ငံက တတိယအကြိမ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲတွင် ကျွမ်းကျင်မှုပြိုင်ပွဲ ၂၅ မျိုးထဲမှ မြန် မာနိုင်ငံက စားသောက်ဆိုင်ဝန်ဆောင်မှုကျွမ်းကျင်မှု၊ အချက်အပြုတ်ကျွမ်းကျင်မှု၊ အီလက်ထရောနစ်ကျွမ်း ကျင်မှု၊ လျှပ်စစ်သွယ်တန်းကျွမ်းကျင်မှု၊ ပိုက်ပြင် ပိုက်ဆက်ကျွမ်းကျင်မှု၊ လက်သမားကျွမ်းကျင်မှုစတဲ့ ကျွမ်း ကျင်မှုအမျိုးအစား ခြောက်မျိုးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ပြိုင်ပွဲကြိုတင်ပြင်ဆင်မှုအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလကစပြီး ပြိုင်ပွဲတွေအဆင့်ဆင့် ရွေးချယ်ပြုလုပ်ပြီး နောက်ဆုံးမှာ လက်ရွေးစင်ပြိုင်ပွဲဝင် ခုနစ်ဦးနဲ့ ပညာရှင် ခုနစ်ဦးတို့ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ(ASEAN Skill Competition 2014) ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံဟိုတယ် နှင့်ခရီးသွားလူ့စွမ်းအားရင်းမြစ်တိုးတက်ရေးအသင်း၊ မြန်မာနိုင်ငံလုပ်သားကျွမ်းကျင်မှု `စံ´ သတ်မှတ်ပြ ဌာန်း ရေးအဖွဲ့၊ မြန်မာစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊  CVT Myanmar နဲ့ AKI School of Engineering တို့က ပူးပေါင်း စီစဉ်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ [caption id="attachment_14182" align="alignnone" width="370"]people portrait water mark final မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွား လူ့စွမ်းအားရင်းမြစ်တိုးတက်ရေးအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျာ်ကျော်ဆင့်[/caption]  

ဒီလို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖြစ်ရတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွား လူ့စွမ်းအားရင်းမြစ်တိုးတက်ရေးအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ  ဖြစ်သူ ဦးကျာ်ကျော်ဆင့်အခုလို ပြောပြခဲ့ပါတယ်။

အရင်ကတော့  မပြိုင်ခဲ့ဖူးတဲ့အခြေအနေတွေက များတယ်၊ ဒီနှစ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဝင်ပြိုင် မယ်။ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု`စံ´သတ်မှတ်ရေးဌာနကလည်း မြန်မာနိုင်ငံလုပ်သားများဖွံ့ဖြိုးတိုး တက်အောင် ထောက်ပံ့ပေးမယ့်အဖွဲ့အစည်း ဂျာမနီနိုင်ငံက GIZ နဲ့လည်း စုစည်းပြီး ထောက်ပံ့ပေးမယ်လို့ ဆိုပါ တယ်။ ကျွန်တော်တို့ဘက်ကလည်း  တတ်နိုင်တဲ့ဟာမျိုးတွေ ရွေးပြီး ဝင်ပြိုင်တာပါ။ အရင်ပြိုင် ပွဲတွေတုန်းက မြန်မာနိုင်ငံက တစ်မျိုး၊ နှစ်မျိုး သွားပြိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ပြိုင်ပွဲနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ နည်းခဲ့တယ်။ အထောက်အပံ့ အားပေးမှုကလည်း အားကစားပြိုင်ပွဲတွေလောက် လူတွေက စိတ်မဝင်စားကြ ဘူး။ ထင်သလောက် မအောင်မြင်ခဲ့ပေမဲ့ အကောင်းဆုံးအသင်းအနေနဲ့ ဆုတံဆိပ်တွေ ရှိခဲ့ပါတယ်။ ဒီနှစ် မှာတော့ တံဆိပ်တွေ ဆွတ်ခူးသွားဖို့ မျှော်လင့်ထားပါတယ်။  

မြန်မာနိုင်ငံမှာ ကျွမ်းကျင်မှုလုပ်သားရှားပါးမှုပြဿနာ ဖြစ်ပေါ်နေတယ်လို့ ပြောဆိုနေကြတာတွေက ပြိုင်ပွဲ အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိလာနိုင်ပါသလဲ။

ကျွန်တော်တို့ကိုယ်တိုင် သင်ကြားနေတဲ့ ဟိုတယ်နဲ့စားသောက်ဆိုင်ဝန်ဆောင်မှု သင်တန်းကျောင်းတွေရဲ့ စံချိန် စံညွှန်းတွေက အာဆီယံထက်မြင့်ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ဆီက ကျွမ်းကျင်မှုတွေ ရှိနေပင် ရှိနေ သော်ငြားလည်း ကျွမ်းကျင်မှုလုပ်သားတွေ ရှားပါးမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတော့ ကျွမ်းကျင်မှုပြိုင်ပွဲတွေ လုပ်ရင် ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ စိတ်ဝင်စားလာမယ်။ စိတ်ဝင်စားလာရင် ကျွမ်းကျင်တဲ့ဝန် ထမ်းတွေက လေ့ ကျင့်ပြီးတော့ နောင်တစ်ချိန်မှာ အောင်မြင်မှုတွေ ရလာနိုင်မှာပါ။ နောက်တစ်ခုကတော့ ဒီကျွမ်းကျင်တဲ့ဝန်ထမ်းတွေက အာဆီယံမှာ သွားပြိုင်လိုက်ရင် မြန်မာနိုင်ငံမှာ ဒီလိုဝန်ထမ်းတွေ ရှိနေပါလားလို့ သိရင်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမယ်သူတွေက မြန်မာနိုင်ငံမှာ ကျွမ်းကျင် လုပ်သားတွေ ရှိတယ်၊ ငါတို့ အခက်အခဲ မရှိ ရင်းနှီးမြှုပ်နှံလို့ရတာ မြင်သွားမယ်။ နောက်မြန်မာလုပ်ငန်းရှင် တွေ ကလည်း တခြားနိုင်ငံတွေက ဝန်ထမ်းတွေ ဝင်လာခဲ့ရင် ငါတို့အလုပ်တွေ ပျက်မယ်လို့ တွေးမယ်။ အဲဒီတော့ မဟုတ်ဘူး၊ ငါတို့ဆီမှာ ဒီလိုကျွမ်းကျင်တဲ့သူတွေ ရှိနေတဲ့အတွက် ဒါကို စိတ်ပူစရာမလိုဘူး ဆိုတာကို ဒီလိုကျွမ်း ကျင်မှု ပြိုင်ပွဲတွေ လုပ်ရင်းနဲ့ သက်သေပြလို့ ရပါတယ်။ [caption id="" align="alignnone" width="720"]article landscape wartermark final23png ပြိုင်ပွဲဝင်များ လက်တွေ့သရုပ်ပြလေ့ကျင့်နေပုံ[/caption]  

အခုလိုမျိုး တတိယအကြိမ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုက မြန်မာနိုင်ငံလုပ်သားတွေအတွက် `စံ´အရည်အချင်းက ဘယ်လောက်အတိုင်းအတာအထိ ရောက်ရှိလာမယ်ဆိုတာ ပြောပြပေးပါဦး။

ကျွမ်းကျင်မှု သတ်မှတ်တဲ့စံက မြင့်တယ်။ အသက် ၂၂ နှစ်အောက် ဖြစ်ရမယ်ဆိုတော့ မြန်မာနိုင်ငံအတွက် တကယ့် တကယ် Challenge ကြီးတစ်ခုဖြစ်နေတယ်။ အဲဒီလိုမျိုး မြန်မာနိုင်ငံမှာ မရှိဘူးဆိုပြီး သူများက မြင်သွား မှာကို ကျွန်တော်တို့က စိုးရိမ်တယ်။ ကျွန်တော်တို့ဆီမှာ ကျွမ်းကျင်မှု တကယ်ရှိနေတဲ့သူတွေကိုလည်း မြေတောင်မြှောက်ပေးချင်တယ်။ ဒီလိုရှေ့ပိုင်းက ကျွန်တော်တို့က စံနမူနာပြ ဆုတံဆိပ်တွေ ရှိလာခဲ့မယ်ဆို ရင် နောင်ပြိုင်ပွဲတွေမှာ ကျွန်တော်တို့နိုင်ငံကလည်း များများဝင်ပြိုင်နိုင်မှာပါ။ ဥပမာ- Hair Stylist ဆိုရင်လည်း မြန်မာနိုင်ငံမှာ အများကြီးရှိတယ်၊ ဝင်ပြိုင်လို့ရတယ်။ Computer Graphic Designer တွေ အများကြီးရှိတော့ ဝင်ပြိုင်လို့ရတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ ၂၅ မျိုးလုံး ဝင်ပြိုင်ဖို့အတွက် ခက်ခဲတာနဲ့ အရင်ဆုံး ဒီနှစ်အတွက် ခြောက်မျိုးကို ကြိုးစားပြီး ပြိုင်မယ်။ အခုပြိုင်မယ့်သူတွေက နောက်ဆိုရင် စံချိန်စံညွှန်းနဲ့ လေ့ ကျင့်ထား တဲ့သူတွေ ဖြစ်လာပြီး နောက်ထပ်ပြိုင်ပွဲဝင်မယ့်သူတွေလည်း ရှိလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားနိုင်မှာပါ။ [caption id="attachment_14179" align="alignnone" width="720"]article landscape wartermark final5 ပြိုင်ပွဲဝင်များ လက်တွေ့သရုပ်ပြလေ့ကျင့်နေပုံ[/caption]  

 ဥက္ကာကျော်