CommuniCast 2015 နဲ့ Myanmar International ICT Exhibition ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Event Park တွင် ကျင်းပခဲ့ပါတယ်။ ပွဲမှာ စင်ကာပှု၊အိန္ဒိယ၊ကနေဒါနဲ့ ထိုင်းနိုင်ငံတို့အပါအဝင် ကမ္ဘာအနှံ့က ကုမ္မဏီပေါင်း ၁၂၀ကျော်ပါဝင်ပြသလျက်ရှိတာ ဖြစ်ပါတယ်။ပြပွဲရဲ့ ကဏ္ဍသစ်တစ်ခုအနေနဲ့ မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ်ရဲ့ ဦးဆောင်စီစဉ်မှုကနေ ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံမှာ အောင်မြင်ဖို့အလားအလာအမြင့်ဆုံးလို့ သတ်မှတ်ခံရတဲ့ Application အသစ်တွေကို ပြသတဲ့ Myanmar Software Start-up Feature ကဏ္ဍကိုလည်း ပါဝင်ပြသခဲ့တာကို တွေ့ရပါတယ်။ဂြိုလ်ထုနဲ့ Broadband ကနေ မိုဘိုင်းလ်နဲ့ Enterprise Solution တွေအထိ ICT စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်သမျှတွေကို တစ်နေရာတည်းမှာတွေ့မြင်နိုင်တဲ့ ဒီပြပွဲကို နိုဝင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်အထိ ပြသသွားမယ်လို့ သိရပါတယ်။