KFC ရဲ့ Franchise Partner ဖြစ်တဲ့ Yoma Strategic Holding Ltd က ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်(ဗိုလ်ချုပ်ဈေးအနီး)မှာမြန်မာပြည်ရဲ့ ပထမဆုံးKFC စားသောက်ဆိုင် ကိုစတင် ဖွင့်လှစ်ကြောင်းစာနယ်ဇင်းမိတ်ဆက်ပွဲကို၂၀၁၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ မနက်က ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ` သန့်ရှင်းလတ်ဆတ်ဆုံး ပါဝင်ပစ္စည်းတွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် ကျွန်တော်တို့အစားအသောက်တွေကို ပြင်ဆင်ထားပါတယ်။ KFC အစားအစာတွေကို Colonel Sanders KFC ဆိုင်တည်ထောင် စဉ်ကသူပြုလုပ်ခဲ့တဲ့ အညွှန်းအတိုင်းစီစဉ်ထားတာဖြစ်ပါတယ်။ KFC ရဲ့ ထူးခြားကောင်းမွန်တဲ့အရသာကိုလူတိုင်းမြည်းစမ်းနိုင်ဖို့ လူတိုင်းတတ်နိုင်တဲ့ဈေးနဲ့ အစားအသောက်တွေကိုရောင်း ချပေးသွား မှာဖြစ်ပါတယ်´လို့ KFC Myanmar ရဲ့ Managing Director နဲ့ Yoma Strategic ရဲ့ Chief Financial Officer ဖြစ်သူ JR Ching ကပြောကြားသွားပါတယ်။
ဖွင့်ပွဲအခမ်းအနားကိုတော့ ဆိုင်ဖွင့်ပြီးတစ်ပတ်အကြာဇူလိုင်လ ၇ ရက်မှာမနက် ၉ နာရီကနေနေ့လယ် ၁၁ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး KFC Restaurant Asia Pte Ltd ရဲ့ Managing Director ဖြစ်သူ Ted Stedemတက်ရောက်မှာ ဖြစ်တယ်လို့လည်းသိရပါတယ်။