ဟောင်ကောင်ကအမျိုးသမီးလေး ကမ္ဘာ့အသက်အငယ်ဆုံးဘီလီယံနာဖြစ်လာ

[caption id="attachment_9635" align="alignleft" width="370"]article people portrait water mark final3 Perenna Kei[/caption]                               အသက် ၂၄ နှစ်အရွယ် ဟောင်ကောင်ကအမျိုးသမီးလေး Perenna Kei ဟာ Facebook တွဲဖက်တည် ထောင်သူDustin Moskovitz ကို ကျော်ပြီး ကမ္ဘာ့အသက် အငယ်ဆုံး ဘီလီ ယံနာဖြစ်လာခဲ့ပါတယ်။Pere- nna Kei ဟာ လန်ဒန် တက္ကသိုလ်က ဘွဲ့ရတစ်ဦးဖြစ်ပြီး Forbes  မဂ္ဂဇင်းက နှစ်စဉ် ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ အမေရိ ကန်ဒေါ်လာ ၁.၃ ဘီလီယံနဲ့ အသက်အငယ်ဆုံး ဘီလီ ယံနာအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ သူ့ရဲ့ ချမ်းသာကြယ်ဝမှုဟာ သူ့ရဲ့ဖခင် Ji Haipeng  ဦးစီးလုပ် ကိုင်နေတဲ့ ကုမ္ပဏီကို စတော့ဈေးကွက်မှာ စာ ရင်းသွင်းလိုက်မှုနဲ့အတူ ကြီးထွား လာတာဖြစ်တယ်လို့ Forbes ကထုတ် ပြန်ခဲ့ပါတယ်။ Kei  ဟာLogan Property ကုမ္ပဏီရဲ့ ရှယ်ယာ ၈၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး Shen- zhen မြို့ က လူတစ်ချို့ကတော့ သူအခုလို ဘီလီယံနာစာရင်းမှာ ပါ လာတာကို အံ့အားသင့်နေကြပါတယ်။ Logan Property ဟာ ဟောင်ကောင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ Shen- zhen  မြို့အခြေစိုက် အလယ်လတ်စား အိမ်ခြံမြေ တည်ဆောက်ရေးလုပ်ငန်း တစ် ခုဖြစ် ပါတယ်။

                        Ref:  AFP