မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း (၁၂) ကြိမ်မြောက် အသင်းသားစုံညီအစည်းဝေးကျင်းပ

Gold 4   မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းရဲ့ (၁၂) ကြိမ်မြောက် အသင်းသားစုံညီအစည်းအဝေးကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော် (အကယ်ဒမီရွှေသန့်စင်လုပ်ငန်း) က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့အတူ သတ္ထုတွင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် တို့က အသီးသီးအမှာစကားပြောကြားခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာတော့ ရွှေလုပ်ငန်းရှင်အသင်းအနေနဲ့ လက်ရှိဆောင်ရွက်နေပုံတွေ၊ အလုပ်အမှုဆောင်အဖွဲ့ရဲ့ အစီရင်ခံစာ၊ နှစ်ချုပ်ငွေစာရင်းရှင်းတမ်းနဲ့ အသင်းစည်းမျဉ်းပြင်ဆင်ချက်များနဲ့အတူ အလုပ်အမှုဆောင်အဖွဲ့ရဲ့ အမည်စာရင်းများကို ကြေငြာခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ Gold 2 [caption id="attachment_17660" align="alignnone" width="720"]Gold 1 ဦးသူတော်[/caption] [caption id="attachment_17670" align="alignnone" width="720"]LGold 6 ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ[/caption] Gold 7 Gold 8