ကမ္ဘာ့ဆယ်ကျော်သက်ရွယ်တွေ မော်တော်ကားကို စိတ်ဝင်စားမှုနည်းလာ

article landscape wartermark final3 တိုယိုတာမော်တော်ကားအရောင်းဌာန  အကြီးအကဲက အမေရိကန်နိုင်ငံရှိ ဆယ်ကျော်သက်တွေသာမက ကမ္ဘာ ပေါ်ရှိ တခြားနိုင်ငံ တွေက ဆယ်ကျော် သက်တွေဟာ မော်တော်ကားကို စိတ် ဝင်စားမှု နည်းလာကြတယ်လို့ ပြော ပါတယ်။ 'ဒီလူငယ်တွေဟာ အားလပ် ရပ်မှာ ကိုယ်ပိုင်ကားနဲ့ အပန်းဖြေဖို့ ထွက်ရတာထက် စမတ်ဖုန်းတွေ၊ ကွန် ပျူတာတွေနဲ့ပဲ အချိန်ကုန်နေကြတော့ တယ်' လို့ ဆိုပါတယ်။ ဒါကြောင့် မော်တော်ကား ကို လူငယ်တွေ စိတ်ဝင်စားလာစေဖို့ အတွက် Dream Car of the Day  ဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့စိတ်ကူးနဲ့    ပုံဖော်ပေးရတဲ့ပြိုင်ပွဲတစ်ခုပြုလုပ်ပေးတယ်။ သူတို့စီးချင်တဲ့ကားမျိုးပါပဲ။ ဒီစိတ်ကူးတွေအတိုင်း ဗီဒီယိုအဖြစ် ဖန်တီးပြီးပြသခဲ့တယ်။ ဒီပြိုင်ပွဲကို လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက စတင် ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံက လူငယ်ပေါင်း ၆၆၀,၀၀၀ ပါ ဝင်ခဲ့ကြပါတယ်။

Ref: AFP