News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
တော်ဝင်မိသားစုကုမ္ပဏီကနေ ကျင်းပပြုလုပ်တဲ့ စာရေးစာဖတ်စွမ်းရည် ဆုချီးမြှင့်ပွဲ
Editorial
February 9, 2015
Local News
News
တော်ဝင်မိသားစုကုမ္ပဏီကနေ ကြီးမှုးပြီးပြုလုပ်ခဲ့တဲ့ တတိယအကြိမ် စာရေးစာဖတ်နဲ့ တင်ဆက်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၆ ရက်က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ တော်ဝင် ဂါးဒင်းဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာတော့ တော်ဝင်မိသားစုကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝတ်ရည်ထွေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားပါတယ်။ အဲဒီနောက်မှာတော့ တော်ဝင်မိသားစုကုမ္ပဏီရဲ့ ဥက္ကဌ ဦးကိုကိုထွေးက အကဲဖြတ်ပေးခဲ့ကြတဲ့ ဆရာမ မစန္ဒာ၊ ဆရာချစ်ဦးညို၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်၊ အလင်းတန်း အနုပညာဂျာနယ် အယ်ဒီတာ ဆရာ မျိုးမြင့်ညိမ်း၊ စာရေးဆရာ လင်းသိုက်ညွှန့်(မြန်မာ့မြေ)၊ ဘဝတစ်သက်တာ ပညာအဖွဲ့ ဥက္ကဌ ဆရာမောင်မောင်ပြည့်စုံ တို့အား အမှတ်တရလက်ဆောင်များပေးအပ်ပြီး ဆုရရှိသူ သုံးဦးအား တော်ဝင်မိသားစုကုမ္ပဏီရဲ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝတ်ရည်ထွေးက ဆုများအသီးသီးပေးအပ်ခဲ့ပါတယ်။ အဆိုပါဆုတွေထဲမှ ပထမဆုငွေ ကျပ်သိန်း ငါးဆယ်ကိုတော့ မောင်အေးအောင်ထူး၊ ဒုတိယဆုငွေ ကျပ်သိန်းသုံးဆယ်ကိုတော့ မသင်းထက်ခိုင်နဲ့ တတိယဆုငွေ ကျပ် ၁၅ သိန်းကိုတော့ မခင်နီလာတို့က အသီးသီးရရှိခဲ့ပြီး နှစ်သိမ့်ဆုရရှိတဲ့ ပြိုင်ပွဲဝင် သုံးဦးကိုလည်း ငွေကျပ်သုံးသိန်းစီ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း