အသားအရေထိန်းသိမ်းသော အလှကုန်ပစ္စည်းများ ရောင်းချရမှုတွင် ယမန်နှစ်က ထိပ်ဆုံးမှပြေးခဲ့သော ဒိန်းမတ်နိုင်ငံထက် ယခုနှစ်တွင် တောင်ကိုရီးယားက လေးဆပိုမိုများပြားခဲ့ကြောင်း Euromonitor သတင်းတစ်ရပ်က ဖော်ပြထားပါသည်။ ကိုယ်ရည်ကိုယ်သွေးတောက်ပြောင်အောင် ထိန်းသိမ်းလေ့ကျင့်ပေးသော ကိုရီးယား Grooming Industry ၏ တန်ဖိုးသည် လာမည့်ငါးနှစ်တာကာလတွင် ဒေါ်လာ တစ်ဘီလီယံကျော်သွားမည်ဟု ခန့်မှန်းထားသည်။ Aftershave နှင့် Lotion အပြင် Anti-aging ပစ္စည်းများနှင့် Mask များ ဝယ်ယူမှု ပိုမိုများပြားလာသည်သာမက Botox ထိုးဆေးများ၊ လေဆာကုထုံးများကိုပါ ပြုလုပ်လာကြသည်ဟု သိရပါသည်။ လုပ်ငန်းခွင်တွင် အမြင်တင့်တယ်မှု၊ ကိုယ်ရည်ကိုယ်သွေးကောင်းမှုတို့ရှိရန် သုံးစွဲသောငွေပမာဏမှာ အမျိုးသမီးများထက် ပိုမိုကြောင်းနှင့် ကိုရီးယားတပ်မတော်သားများ၏ ၇၀ ရာခိုင်နှုန်းမှာလည်း နေရောင်ကာနှင့် အသားအရေထိန်း အလှကုန်ပစ္စည်းများကို သုံးစွဲကြကြောင်း ဖော်ပြထားပါသည်။