အပြည်ပြည်ဆိုင်ရာ ချည်မျှင်နဲ့ အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Machine 2 မြန်မာနိုင်ငံမှာ ထပ်မံကျင်းပခဲ့တဲ့ စတုတ္ထ အကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ ချည်မျှင်နှင့် အထည်အလိပ် ဆိုင်ရာ စက်ပစ္စည်းပြပွဲ” ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ရန်ကုန်မြို့ရှိ ရှင်စာပုလမ်းမှာရှိတဲ့ Myanmar Event Park မှာ ကျင်းပခဲ့ပါတယ်။ ပြပွဲကို ဇွန်လ ၂၆ ရက်ကနေ ၂၉ ရက်နေ့ထိ နေ့စဉ် မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြပွဲမှာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင် ၇၅ ဦးခန့်နဲ့ အဝတ်အထည် ထုတ်လုပ်တဲ့ နာမည်ကြီး အမှတ်တံဆိပ်ရဲ့ ကုန်ပစ္စည်း အသစ်တွေ၊ နည်းပညာတွေ၊ အဝတ်အထည်တွေနဲ့ ပတ်သက်တဲ့ချုပ်လုပ်ခြင်း၊ အထည်ရက်ခြင်း၊ ဆေးဆိုးခြင်း၊ ချည်ထိုးခြင်း၊ တိုင်းထွာခြင်း နဲ့ အပြီးသတ် ချုပ်လုပ်နိုင်တဲ့ စက်များအပြင် အခြားဆက်စပ် ပစ္စည်းများကိုလည်း  ပါဝင်ပြသထားပါတယ်။ ဒီပွဲကို YORKERS TRADE & MARKETING SERVICE CO:, LTD က စီစဉ်ပြီး မြန်မာနိုင်ှု့ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပတို့ရဲ့ ပံ့ပိုးမှု နဲ့ ပြုလုပ်တတယ်လို့ သိရပါတယ်။ Machine 3 Machine 4 Machine 5 Machine 1