အိန္ဒိယနိုင်ငံရဲ့Rane Brake Lining ကုမ္ပဏီဟာ ဒီနှစ်နဲ့ပါဆိုရင် နှစ်နှစ် ဆက်တိုက် 'အကောင်းဆုံးလုပ်ငန်း ခွင်' အဖြစ် သတ်မှတ်ခံရပါတယ်။ မော်တော်ကားဆက်စပ်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီတွေထဲမှာလည်း မနှစ်တုန်းက တတိယနေရာရခဲ့ပါတယ်။ ခုလိုအဆင့်သတ်မှတ်ရာမှာ ထည့်သွင်းစဉ်းစားတဲ့အချက်တွေက တော့ ဝန်ထမ်းတွေရဲ့ယုံကြည်အား ထားရမှု၊ အလုပ်ကို ဂုဏ်ယူမှု၊ လုပ် ငန်းခွင်စိတ်ချမ်းသာမှု၊ ပွင့်ပွင့်လင်း လင်း ပြောဆိုဆက်သွယ်နိုင်မှု၊ အလုပ် မှာ ခေါင်းဆောင်ပိုင်းဆိုင်ရာသင်တန်း တွေ ဖွင့်လှစ်ပေးမှု၊ အလုပ်မှာ ခေါင်း ဆောင်ပိုင်းတာဝန်ယူနိုင်ရေး အခွင့် အလမ်းတွေရှိမှု စတဲ့ အချက်တွေ ဖြစ်တယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာ ရာထူးအဆင့်မခွဲခြားဘဲ လေးစားခင်မင် စွာ ဆက်ဆံကြတာတွေ၊ နံနက်တိုင်း လုပ်ငန်းဆိုင်ရာအချင်းချင်း ဆွေးနွေး ပွဲလေးတွေ ရှိတာလည်း ထည့်တွက်ပါတယ်။ ဒီနှစ်ပြုလုပ်တဲ့အထက်ပါ လေ့လာချက်ကို သတင်းနည်းပညာဆိုင်ရာ လုပ်ငန်း၊ အင်ဂျင်နီယာလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေး၊ ဘဏ္ဍာရေး၊ အိမ် ခြံမြေကွက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း စတဲ့ လုပ်ငန်းပေါင်း ၂၀ နဲ့ပတ်သက် တဲ့ ကုမ္ပဏီပေါင်း ခြောက်ရာကျော် နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Ref: Times of India