အိန္ဒိယရဲ့အမဲသားပြည်ပတင်ပို့မှုလုပ် ငန်းဟာ ဘရာဇီးနိုင်ငံပြီးရင် ကမ္ဘာ မှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ ဝန် ကြီးချုပ်သစ် Modi ဟာ မေလထဲက စပြီး တာဝန်ထမ်းဆောင်ကတည်းက အခုအခါ အဲဒီလုပ်ငန်းဟာ ကမ္ဘာအနှံ့ အမဲသားဝယ်လိုအားတက်လာတာ ကြောင့်တစ်ကြောင်း၊ အနှောင့်အယှက် ပေးမယ့်သူတွေ မရှိတော့တာကြောင့် တစ်ကြောင်း အားရစရာဖြစ်လာပါ တယ်။ အခုဝန်ကြီးချုပ်ဖြစ်လာတဲ့ Modi ဟာ အမျိုးသားရေးဝါဒီ BJP ကဖြစ်ပြီး သူ့ရဲ့ရွေးကောက်ပွဲမဲဆွယ်ရာ မှာ အမဲသားတင်ပို့မှုကို ဝေဖန်ကန့် ကွက်ခဲ့တယ်။ နွားဟာ ဟိန္ဒူဘာသာ ဝင်တွေအဖို့ လူ့ယဉ်ကျေးမှုရဲ့'မိခင်' လို သဘောထားကြတယ်။ အမဲသား ပြည်ပပို့တဲ့ကိစ္စဟာ အိန္ဒိယရွေးကောက် ပွဲတွေမှာ ပါလေ့ရှိတဲ့ အကြောင်းအရာ ဖြစ်တယ်။ အခုအခါ Modi ဝန်ကြီး ချုပ်ဖြစ်လာတဲ့အခါကျတော့ သူက အဲဒီ ကိစ္စကို ဆန့်ကျင်ခြင်း မပြုနိုင်တဲ့အ တွက် အခုလို အမဲသားထုတ်လုပ်သူတွေ စိတ်သက်သာရာ ရသွားကြတာဖြစ် တယ်။ အမဲသား ထုတ်လုပ်သူတစ်ဦးက ''ကျွန်တော်က Modi ကို နည်းနည်း တော့ မယုံချင်သေးဘူးဗျ။ ဒါပေမဲ့ ကျွန်တော် တို့အလုပ်တော့ ထိခိုက်မယ် မထင်ဘူး'' လို့ပြောတယ်။ ဟိန္ဒူဘာ သာဝင်တွေရဲ့ BJP ပါတီဟာ ၂၀၀၄ ခုနှစ်မှာ အာဏာလက်လွှတ်ခဲ့ရတယ်။ အဲဒီ BJP လက်ထက်တုန်းကဆိုရင် ဒီအမဲသား တင်ပို့မှုကိစ္စကို ပိတ်ပင် ခြင်း၊ ဝေဖန်ခြင်းမပြုခဲ့ဘူး။ ဒီလိုပဲ ဒီနှစ် BJP အစိုးရလက်ထက်မှာလည်း ဖြစ်လိမ့်မယ်လို့ အဲဒီလုပ်ငန်းရှင်တွေ က မျော်လင့်ထားကြတာဖြစ်တယ်။ BJP နဲ့ ပြိုင်ဘက်နိုင်ငံရေး ပါတီ (Congress) ကတော့ အမဲသား တင်ပို့မှုကို အားပေးခဲ့တယ်။ ဒါပေမဲ့ နွားအစား ကျွဲတွေကို သတ်ရောင်းကြ တာဖြစ်တယ်။ ဝန်ကြီးချုပ် Modi ကိုယ်တိုင်ကလည်း ဟိန္ဒူတစ်ဦးဖြစ် တယ်။ အမဲသားထုတ်လုပ်ရေးလုပ် ငန်းလုပ်ကိုင်သူအများစုမှာ မွတ်ဆလင် တွေဖြစ်ကြပြီး သူတို့ရဲ့ လူဦးရေဟာ အိန္ဒိယရဲ့လူဦးရေ ၁.၂၅ ဘီလီယံရဲ့ ၁၃ ရာခိုင်နှုန်းရှိပါတယ်။
Ref: AFP