အမျိုးသမီးစွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွက်လာရေး ဟောပြောပွဲ

Global Entrepreneurship1

Global Entrepreneurship Week (GEW) ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွက်လာရေး ဟောပြောပွဲကို 22.11.15  ခုနှစ်က Care Myanmar Filed လှိုင်သာယာ ရုံးခွဲတည်ရှိရာ အမှတ် ( 71 ) လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်း (1) လမ်းနဲ့ ညောင်တုန်းလမ်းထောင့်၊ (6) ရပ်ကွက်ရှိ၊ ပွင့်ဖြိုးအောင်အိမ်ယာမှာ ကျင်းပခဲ့ပါတယ်။

Global Entrepreneurship2

အခမ်းအနားမှာ လက်ရှိ မြန်မာ့စီးပွားရေးလောကမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ NGO လုပ်ငန်းဦးဆောင်သူတွေ ဖြစ်တဲ့ Advancement and Development through Entrepreneurship ရဲ့ Country Director ဖြစ်သူ ဒေါ်စန္ဒာဝင်း၊ Newlink Marketing ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်သီတာသန့်၊ Kyu Kyu Win & Associate Services ကုမ္ပဏီလီမိတက်ရဲ့ Managing Director cum Certified Public Accountant ဖြစ်သူ ဒေါ်ကြူကြူဝင်း၊ The EURO MM Business Consulting Ltd ရဲ့ CEO and Co Founder ဖြစ်သူ ဦးကောင်းငြိမ်းစိုးနဲ့ Care International in Myanmar ရဲ့ Technical Advisor ဖြစ်သူ ဒေါ်နီလာထွန်းတို့က စွန့်ဦးလုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေး စတင်ဆောင်ရွက်မယ်ဆိုရင် သိထားသင့်တဲ့ဆောင်ရန် ရှောင်ရန်တွေ၊ လက်ရှိအမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဘယ်လိုတုန့်ပြန်သွားသင့်တယ်ဆိုတာတွေကို အကြံပေးဟောပြောခဲ့ပါတယ်။

Global Entrepreneurship3

ဒါအပြင် အမျိုးသားတွေမှာမရှိတဲ့ အရည်အချင်းတွေကို အမျိုးသမီးတွေမှာ ရှိသလို၊ အမျိုးသမီးတွေမှာ မရှိတဲ့ အရည်အချင်းတွေကိုလည်း အမျိုးသားတွေမှာ ရှိတဲ့အတွက် တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိစွာနဲ့ ပူးပေါင်းဆောင် ရွက်သွားမယ်၊ အရည်အချင်း ရှိရုံတင်မကဘဲ အလုပ်လုပ်ချင်ကိုင်ချင်စိတ်ရှိမယ်၊ ပတ်ဝန်းကျင်ရဲ့ ကောင်းမွန် မှန်ကန်တဲ့ တွန်းအားတွေလည်း ရှိမယ်ဆိုရင် ကိုယ်လုပ်တဲ့လုပ်ငန်းတိုင်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အကြံပေးဟောပြောခဲ့ပါတယ်။