သုခအလင်းပညာဒါနကျောင်းဆောင်သစ် ဖွင့်လှစ်

1 ရန်ကုန်နာရေးကူညီမှုအသင်းကနေ ကြီးမှူးဖွင့်လှစ်တဲ့ သုခအလင်းပညာဒါနကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၇ ရက်က အဆိုပါကျောင်းတည်ရှိရာ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ ရန်ကုန်နာရေး ကူညီမှုအသင်းမှာ ပြုလုပ်ခဲ့ပါတယ်။ သုခအလင်းပညာရေးဒါနဖြစ်ပေါ်လာပုံနဲ့ ပတ်သက်လို့ ရန်ကုန်နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူက `ကျွန်တော်တို့နာရေးကူညီမှုအသင်းက ၂၀၀၁ ခုနှစ်မှာ နာရေးတွေ စလုပ်တယ်။ နာရေး လုပ်ရင်းနဲ့ နောက်ပိုင်းကျတော့ နာရေးလမ်းကြောင်းက တစ်ရက်ကို ၄၀ နဲ့ ၅၀ ဖြစ်လာတယ်။ လူတွေ ဘာ ကြောင့် ဒီလောက်သေတာလဲကို ပြန်သုံးသပ်တော့ ကျန်းမာရေး အားနည်းတယ်၊ ဆေးဝါးမကုသနိုင်ဘူး ဆို တာကို သွားတွေ့တယ်။ အဲဒါကြောင့် သုခကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်ခဲ့တယ်။ ဆေးခန်းဖွင့်ပြီး ရောဂါပေါင်းစုံ ကို အခမဲ့ ကုသပေးရင်းနဲ့ တစ်ရက်ကို လူနာအယောက်နှစ်ရာ ကျော်ထိရှိလာတယ်။ ဘာကြောင့် ဒီလိုလူနာ တွေ များရတာလဲ၊ ကျန်းမာရေးချွတ်ယွင်းတာလဲကို ပြန်စဉ်းစားတော့ အသိဉာဏ်နည်းပါးတာကို တွေ့တယ်။ အဲဒါကြောင့် သုခအလင်းစာကြည့်တိုက်ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ စဖွင့်ခဲ့ပြီးတော့ သင်တန်းတွေ ပေးခဲ့ တယ်။ နွေရာသီအင်္ဂလိပ်စာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်းတို့ စဖွင့်ခဲ့တယ်။ နောက်ပိုင်း ကျတော့ နိုင်ငံတော်တည်ထောင်တဲ့နေရာမှာ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်မယ့် ဒီမျိုးဆက်သစ်တွေက အရေးကြီးတယ်ဆိုတာ သိတယ်။ ဒီမျိုးဆက်သစ်တွေအတွက် ကွန်ပျူတာသင်တန်းတို့၊ အင်္ဂလိပ်စာ 4 Skills သင် တန်းတွေပါ သင်ပေးခဲ့တယ်။ နောက်ပိုင်းကျတော့ စာရင်းကိုင်သင်တန်းတို့၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း တို့ အစရှိတဲ့ သင်တန်းတွေမှာ ထပ်တိုးချဲ့ပေးခဲ့တယ်။ ငွေကြေးမတတ်နိုင်လို့ ပညာမသင်နိုင်တဲ့သူတွေအတွက် တော်တော်လေး အထောက်အကူပြုခဲ့တယ်။ အနာဂတ်တိုင်းပြည်အတွက် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက် ကနေ ဆောင်ရွက်ပေးခဲ့တာပါ´ လို့ ပြောပြခဲ့ပါတယ်။ အရင်အဆောက်အအုံက ကျဉ်းတာရယ်၊ သင်တန်းသားတွေက များလာတာရယ်၊ ပရဟိတပညာ သင်ကြားပေးလာတဲ့ ဆရာ၊ ဆရာမတွေက များလာတာတွေကြောင့် ဒီကျောင်းဆောင်သစ်ကို ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီနှစ်မှာတော့ ကလေးတွေအတွက် သူတို့ဝါသနာပါမယ့် ပန်းချီ၊ ဂီတ၊ အက ပညာတွေကိုပါ သင်ယူနိုင်အောင် စီစဉ်ထားပြီး လူမှုရေးဆရာဆရာမတွေ သင်ကြားပေးတဲ့ကျောင်းဖြစ်တဲ့ အ တွက် ကလေးသူငယ်တွေအတွက် သင်တန်းတက်ရုံသာမက လူမှုရေးပရဟိတစိတ်ဓာတ်တွေကိုပါ ယှဉ်တွဲရ နိုင်လာမယ်၊ ဒါကို ကျွန်တော်ယုံကြည်တယ်လို့ ဦးကျော်သူက ပြောပြခဲ့ပါသေးတယ်။ အဆိုပါ ကျောင်းဆောင် သစ်ကို ၂၀၁၃ ခုနှစ်၊ မေလက စတင်ဆောက်လုပ်ခဲ့ပြီး စာသင်ခန်း ၁၃ ခန်းနဲ့ စာကြည့်တိုက်တစ်ခု ပါဝင်ပါ တယ်။ သုခအလင်းပညာဒါနကျောင်းမှာ တက်ရောက်နေတဲ့ နွေရာသီသင်တန်းသားလေးရာခန့်ရှိပြီး ကလေး သူငယ်နဲ့ ကျောင်းလုံခြုံရေးအတွက် စာသင်ခန်းတိုင်းတွင် CCTV လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ 4 3 2