ကမ္ဘာတစ်ဝန်းမှာ ဒစ်ဂျစ်တယ် ကြော် ငြာလုပ်ငန်းဟာ သိသိသာသာကြီးထွား လာဖို့ အလားအလာရှိနေတယ်လို့ PricewaterhouseCoopers(PwC) ရဲ့ ၂၀၁၄-၂၀၁၈ အတွက် ကမ္ဘာလုံး ဆိုင်ရာဖျော်ဖြေရေးနဲ့ မီဒီယာအလား အလာထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဒစ်ဂျစ်တယ်ကြော်ငြာ လုပ်ငန်းဟာ စုစုပေါင်း ကြော်ငြာလုပ် ငန်းဝင်ငွေရဲ့ ၁၄ ရာခိုင် နှုန်းခန့်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၃၃ ရာခိုင်နှုန်းအထိ တိုးလာဖို့ ခန့်မှန်းထားပါတယ်။ စင် ကာပူရဲ့ နှစ်စဉ် အင်တာနက်ကြော်ငြာ လုပ်ငန်းဝင်ငွေဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်ကာလအ တွင်းမှာ စင်ကာပူဒေါ်လာ သန်း ၃၃၀ ရှိလာမယ်လို့ PwCက ခန့်မှန်းထားပါ တယ်။ အင်တာနက် ကြော်ငြာလုပ် ငန်းနယ်ပယ်မှာ မိုဘိုင်းနဲ့ဗီဒီယို ကြော် ငြာဟာ ကြီးထွားမှုအမြန်ဆုံး ဒစ်ဂျစ် တယ် ကြော်ငြာပုံစံအဖြစ် ရှုမြင်ခံထား ရပါတယ်။ စမတ်ဖုန်းသုံးစွဲမှုမြင့်မားလာမှုနဲ့ နည်းပညာကျွမ်းကျင်တဲ့ သုံး စွဲသူတွေကြောင့် စင်ကာပူမှာ အင်တာ နက်ကြော်ငြာလုပ်ငန်း ဆက်လက်ကြီး ထွားလာဖို့ အလားအလာတွေရှိနေပါ သေးတယ်။
Ref: CNA